31st July, 2018

အင်တာဗျူးဖြေဆိုမည့် အင်ဂျင်နီယာများအတွက် အခြေခံသဘောတရားများ အပိုင်း(၁)

အခြားသော ပရော်ဖက်ရှင်နယ် အလုပ်အကိုင်တွေလိုပဲ အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြု
မယ်ဆိုရင် ပြင်ဆင်မှုများစွာ ပြုလုပ်ဖို့ လိုပါတယ်။ လိုအပ်တဲ့ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို အဆက်မပြတ် လေ့လာ ဆည်းပူးရုံသာမ အလုပ်သင် အတွေ့အကြုံ လုပ်ငန်းခွင်အတွေ့အကြုံတွေ အထပ်ထပ်ဖြည့်စွက်ရင်းနဲ့မှသာ တကယ့်လုပ်ငန်းခွင်ကို ၀င်ရောက်ပြီး ကျွမ်းကျင်အင်ဂျင်နီယာအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

လုပ်ငန်းခွင်အင်တာဗျူးတိုင်းဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ အင်ဂျင်နီယာလုပ်ငန်းခွင်မှာတော့ ဒီစိန်ခေါ်မှုဟာ ပိုပြီး တော့တောင် ကြီးမားနိုင်ပါတယ်။

လုပ်ငန်းရှင်များဘက်ကလည်း အင်ဂျင်နီယာပညာရပ်ကို တတ်မြောက်ရုံသာမက နည်းပညာရပ်များကို ရင်းနှီးကျွမ်း ဝင်ပြီး လူမှုဆက်ဆံရေးကောင်းမွန်ကာ အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျဖြစ်မယ့် အင်ဂျင်နီယာကောင်းတွေကို ပိုပြီး ရှာဖွေလာကြပါတယ်။

ဒါကြောင့် အင်တာဗျူးဖြေဆိုမယ့် အင်ဂျင်နီယာတွေ အနေနဲ့ အဲဒီလို အရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာကိုအင်တာဗျူးမှာ သိသာအောင် ပြောပြနိုင်ဖို့ လိုပါတယ်။

“လက်တလောမှာ အင်ဂျင်နီယာနယ်ပယ်ဟာ အပြောင်းအလဲတွေ ရှိနေတယ်ဆိုပေမယ့် တစ်ကယ်တော့ အမြဲတမ်းပြောင်းလဲနေတာပါ ဟု MITRE Corp., ၏ ကျွမ်းကျင်လုပ်သားရှာဖွေမှု ဒါရိုက်တာ Ron Patrick ကပြောပါတယ်။ MITRE Corp., ဟာ စုပေါင်းမတည်ထားတဲ့ အကျိုးအမြတ်မယူသော သုတေသနဲ့ ဖွံ့ဖြိုးရေး စင်တာ တစ်ခုဖြစ်ပါတယ်။ ဆယ်စုနှစ်တိုင်း အခွင့်အရေးအသစ်တွေက စိန်ခေါ်မှုအသစ်တွေနဲ့အတူ ထွက်ပေါ်လာပါတယ် လို့ Ron Patrick က ဆက်ပြောပါတယ်။

လိုအပ်ချက်တွေဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်ကဆိုရင် မန်နေဂျာ ရာထူးတွေအတွက်ဆိုတာ နည်းပညာပိုင်းနှင့်မသက်ဆိုင်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုတွေက ပိုပြီး အရေးပါလေ့ရှိပါတယ် လို့ Engineering Management Institute ရဲ့ တည်ထောင်သူဖြစ်တဲ့ Anthony Fasano ကပြောခဲ့ပါတယ်။

၁၉၉၀ ခုနှစ်လောက်မှစပြီး မကြာသေးခင်ကအထိ အင်ဂျင်နီယာကုမ္ပဏီကြီးများနှင့် အခြားကုမ္ပဏီကြီးများဟာ ဈေးကွက်ရှာဖွေရေးဌာန၊ စီးပွားရေးဖွံ့ဖြိုးမှုဌာန၊ ဒီဇိုင်းပုံကြမ်းရေးဆွဲရေးဌာန၊ အင်ဂျင်နီယာဌာနများကဲ့သို့ ဌာနအမျိုးမျိုးအတွက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ခန့်အပ်မှုမျိုးစုံကို ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မှာ ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေးကန့်သတ်ချက်တွေက အင်ဂျင်နီယာတွေကို စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်း တာဝန်တွေကိုပါ တွဲဖက်ဆောင်ရွက်လာဖို့ တွန်းအားပေးလာနေပါတယ်။ ပညာရပ်ဆိုင်ရာ လုပ်ငန်းတာဝန်ကိုပါမက စီမံခန့်ခွဲမှုတာဝန်တွေကို တွဲဖက်ဆောင်ရွက်လာစေပါတယ်။

Jobnet.com.mm မှာလည်း ဒီလို တွဲဖက်တာဝန်ထမ်းဆောင်ခိုင်းတဲ့ စီမံခန့်ခွဲမှုအဆင့် အင်ဂျင်နီယာအလုပ်အကိုင်
ပေါင်း ရာနဲ့ချီပြီး လစဉ်ခေါ်ယူနေပါတယ်။ ဒါကြောင့် အင်တာဗျူးဖြေဖို့ ပြင်ဆင်ထားရင်း သင့်ရဲ့ အင်ဂျင်နီယာအလုပ်အ ကိုင်အတွက်
https://www.jobnet.com.mm/jobs-in-myanmar/engineering-technical/c-10 မှာ အလုပ် လာ လျှောက် လိုက်ကြရအောင်။

လူကိုယ်တိုင် လာရောက်လျှောက်ထားချင်တယ် ဆိုရင်လည်း လာမယ့် သြဂုတ်လ ၁၂ ရက်နေ့တွင် ဆီဒိုးနား ပြုလုပ်မယ့် Technology and Engineering Career Conference မှာ ထိပ်တန်း အဆင့် နည်းပညာနဲ့ အင်ဂျင်နီယာ ကုမ္ပဏီကြီးတွေက အလုပ်အကိုင်ပေါင်း ရာနဲ့ချီပြီး ခေါ်ယူသွားဖို့ ရှိနေပါတယ်။ ဒါကြောင့်မို့ လာရောက် လျှောက်ထား တာပဲဖြစ်ဖြစ် ကုမ္ပဏီကြီးတွေက သတ်မှတ်ထားတဲ့ အင်ဂျင်နီယာတွေအတွက် လိုအပ်ချက်တွေကို လာရောက်လေ့လာတာပဲ ဖြစ်ဖြစ် ပြုလုပ်ဖို့ အကြံပြုလိုက်ရပါတယ်။