27th June, 2018
အလုပ်အကိုင်ခေါ်ယူပွဲတွေကနေ အလုပ်ရှာတာအပြင် ဘာတွေထပ်ရနိုင်သလဲ
Share
Blog Link Copied
နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း များလာနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကျွမ်းကျင်လုပ်သားတွေကိုပဲ လိုချင်ကြပါတယ်။ အလုပ်ရှာနေသူတွေကလည်း ကောင်းမွန်တဲ့ကုမ္ပဏီ၊ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ချင်ကြပါတယ်။ အလုပ်ရှင်ရော အလုပ်ရှာဖွေနေသူတွေပါ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေဖို့အတွက်ဆိုရင် အလုပ်အကိုင်ခေါ်ယူပွဲတွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။ အလုပ်အကိုင်ခေါ်ယူပွဲတွေကို သွားရောက်လိုက်လို့ ကိုယ့်အတွက်ကောင်းကျိုးတွေပဲ ဖြစ်လာဖို့ ရှိပါတယ်။ ဘယ်လိုမျိုး ကောင်းကျိုးတွေ ရှိလာမလဲဆိုတာ ဖတ်ကြည့်ပါဦး။
(၁) အလုပ်ရာထူးအမြောက်အများ တစ်နေရာတည်းမှာလျှောက်နိုင်မယ်
အလုပ်အကိုင်ပြပွဲတွေမှာဆိုရင် ကုမ္ပဏီတွေကနေ သူတို့လိုအပ်တဲ့ ဝန်ထမ်းတွေကို ထင်ထင်ရှားရှားပြသထားပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်နေရာဆိုရင် တစ်ခါတည်း ဝင်လျှောက်၊ အင်တာဗျူးဝင်ဖြေလို့ရတာမို့ အလုပ်မြန်မြန်ရဖို့ အခွင့်ကောင်းပါပဲ။ ရုံးတွေကိုသွားရတာ အချိန်ကုန်ပါတယ်။ ကုမ္ပဏီတွေ အများကြီးက တစ်နေရာတည်းမှာ ရှိနေတော့ ကိုယ်စိတ်ဝင်စားရင် ဝင်စားသလောက် ဝင်လျှောက်နိုင်တာက ကြီးမားတဲ့အကျိုးကျေးဇူးရှိပါတယ်။
(၂) ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကိုလေ့လာနိုင်မယ်
အလုပ်အကိုင်ခေါ်ယူပွဲမှာ ကုမ္ပဏီတွေဟာ လစ်လပ်နေတဲ့နေရာတွေ၊ လိုအပ်တဲ့ဝန်ထမ်းတွေကို ခေါ်ယူကြပါတယ်။ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံ (Organization Chart) မှာ ဝန်ထမ်းတွေကို ဘယ်လိုအဆင့်တွေနဲ့ စနစ်တကျဖွဲ့စည်းထားလဲဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီပြခန်းတွေမှာရှိတဲ့ ကုမ္ပဏီအသီးသီးက ၀န်ထမ်းတွေဟာ သူတို့အလုပ်အပေါ်မှာ ဘယ်လောက်ပျော်နေတယ်။ မပျော်ဘူးဆိုတာလည်း အမြင်အားဖြင့် လေ့လာနိုင်ပါသေးတယ်။
(၃) အလုပ်အကိုင်လမ်းကြောင်းတိုးတက်စေမယ့် ဆွေးနွေးပွဲတွေ
အလုပ်အကိုင်ခေါ်ယူပွဲတွေမှာ ပညာရှင်တွေရဲ့ စကားဝိုင်းဆွေးနွေးပွဲ (panel) တွေလည်း ထည့်သွင်းကျင်းပလေ့ရှိပါတယ်။ ကိုယ်က အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ဆိုင်ရာနယ်ပယ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ဆွေးနွေးတဲ့ စကားပြောပွဲတွေမှာ ကိုယ့်အတွက် မှတ်သားနာယူစရာတွေအပြည့်ပါပဲ။ သူတို့ပြောပြတဲ့ အလုပ်အတွက် အကြံဉာဏ်တွေ၊ ဖြေရှင်းနည်းတွေ၊ အချက်အလက်တွေက ကိုယ့်ဘဝကို ပိုတိုးတက်စေပါလိမ့်မယ်။
(၄) ဘာတွေသယ်သွားရမလဲ
CV များများ သယ်သွားဖို့က အရေးကြီးဆုံးအချက်ပါ။ ပတ်စ်ပို့ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ၊ လေဘာကတ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဘောပင်တို့ကိုလည်း ဆောင်သွားဖို့ လိုပါတယ်။ CV ကောင်းကောင်းတစ်စောင် ဘယ်လိုရေးမလဲ ဆိုတာကိုလည်း ဒီလင့်ခ်မှာ ဖတ်ကြည့်ပါဦး။
အထက်မှာဖော်ပြခဲ့တာတွေကတော့ အလုပ်အကိုင်ခေါ်ယူပွဲတွေကနေ အလုပ်ရှာတာထက်ပိုတဲ့ အတွေ့အကြုံရနိုင်မယ့် အခြေအနေတွေကို စုစည်းရေးသားပေးထားတာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့အတူ သတင်းကောင်းပါးချင်တာတစ်ခုရှိပါတယ်။ တကယ်လို့ သင့်ရဲ့အလုပ်အကိုင်လမ်းကြောင်းက နည်းပညာနယ်ပယ် ဒါမှမဟုတ် အင်ဂျင်နီယာနယ်ပယ်ထဲကဆိုရင် သြဂုတ် ၁၂ ရက်နေ့မှာ နည်းပညာနဲ့ အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်ခေါ်ယူပွဲကြီးတစ်ခု ကျင်းပမယ်ဆိုတာပါ။ JobNet ရဲ့ Technology and Engineering Career Conference 2018 အလုပ်အကိုင်ခေါ်ယူပွဲကြီးကို ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေ၊ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေက ဒီပွဲမှာ ပါဝင်ပြီး ဝန်ထမ်းသစ်တွေကို ခေါ်ယူကြမှာဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့အတွက် သင့်ရဲ့ calendar ထဲမှာ သြဂုတ် ၁၂ ရက် ကို မှတ်ထားလိုက်တော့နော်။