MMR
Myanmar
7th October, 2020
အီးမေးလ်ထဲမှာ အားပေးမှုနဲ့ဂရုစိုက်မှုကိုဘယ်လိုပြသမလဲ
အခုအချိန်လိုမျိုး ကမ္ဘာတစ်ဝန်းလုံးရော မြန်မာနိုင်ငံမှာပါဖြစ်ပွားနေတဲ့ကျန်းမာရေးပြဿနာတွေကြောင့် ကုမ္ပဏီတွေအားလုံးဟာ Work from Home စနစ်နဲ့ အိမ်မှာနေပြီးအလုပ်လုပ်ကိုင်ကြတဲ့အခါမှာ အီးမေးလ်ဆက်သွယ်မှုကို ပိုပြီးအသုံးပြုလာကြပါတယ်။ အဲဒါကြောင့် လုပ်ငန်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ဝယ်ယူသူတစ်ယောက်အနေနဲ့စုံစမ်းမေးမြန်းမှုပြုလုပ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အီးမေးလ်တစ်စောင်ကို လက်ခံရရှိကြောင်းဖြစ်ဖြစ် အီးမေးလ်ပေးပို့တဲ့အခါမှာ ကိုယ့်ရဲ့အီးမေးလ်ကို formal ပုံမှန်သမာရိုးကျပုံစံလည်းဖြစ်သင့်သလို friendly ရင်းနှီးဖော်ရွေမှုကိုလည်းပြသင့်ပါတယ်။
ရုံးတွင်းပိုင်းဆက်သွယ်မှုပြုလုပ်တဲ့အခါမှာ ကိုယ်ရေးသားလိုက်တဲ့အီးမေးလ်တစ်စောင်ဟာ ကိုယ့်ရဲ့ပုံရိပ်ဖြစ်သလို ရုံးပြင်ပဆက်သွယ်မှု (ဥပမာ - အခြားကုမ္ပဏီတစ်ခုဆီကိုရေးသားသောအီးမေးလ်၊ မိမိရဲ့ဖောက်သည်ဝယ်သူ Client ဆီကိုရေးသားသောအီးမေးလ်) များပြုလုပ်သောအခါတွင်လည်း ကိုယ့်ရဲ့အီးမေးလ်ဟာ ကိုယ့်ရဲ့ပုံရိပ်ဖြစ်ရုံသာမက ကိုယ့်ကုမ္ပဏီကိုလည်းကိုယ်စားပြုနေပါတယ်။ အဲဒါကြောင့် အခုလိုမျိုးခက်ခဲတဲ့စိန်ခေါ်မှုတွေကိုဖြစ်ပေါ်နေချိန်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေနဲ့ စီးပွားရေးမိတ်ဖက်တွေအပေါ် မိမိရဲ့အားပေးကြင်နာမှုကိုပြသဖို့အတွက် အီးမေးလ်ဆက်သွယ်မှုဟာအရမ်းကို အရေးပါပါတယ်။
အီးမေးလ်တစ်ခုရဲ့ Sign-off ဟာ နှုတ်ခွန်းဆက်စာသားနဲ့ စာကိုယ်တွေလိုမျိုးပဲအရေးကြီးပါတယ်။ လူအများစုကတော့ အီးမေးလ်တစ်ခုရဲ့ Sign-off ဟာ ဘယ်လောက်အထိအားပေးကြင်နာမှုနဲ့စာနာမှုကို ပြသနေသလဲဆိုတာနဲ့ပတ်သက်ပြီး လျော့တွက်တတ်ကြပါတယ်။ အားလုံးနီးပါးဟာ ခက်ခဲတဲ့စိန်ခေါ်မှုတွေကြုံတွေ့နေရသည့်တိုင် ကိုယ့်အီးမေးလ်ရဲ့နောက်ဆုံးနှုတ်ဆက်စာသား Sign-off ကို “All the best” တို့ “Regards” တို့နဲ့အဆုံးသတ်တုန်းပဲလား။ အဲဒါကြောင့် အခုလိုအချိန်မျိုးမှာ ကိုယ့်ရဲ့အီးမေးလ်ကိုလက်ခံရရှိမည့်သူအတွက် အားပေးကြင်နာမှုကိုထိထိရောက်ရောက်ပြသနိုင်မယ့် အီးမေးလ် Sign-off တချို့ကိုဖော်ပြပေးလိုက်ပါတယ်။
အထက်ဖော်ပြထားတဲ့ Sign-off တွေထဲမှာ တချို့ကဟာသအမြင်လေးတွေပါသလို တချို့ကတော့နည်းနည်းလေးအတည်သဘောဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အနေနဲ့ ဘယ်လိုလူမျိုးဆီကို အီးမေးလ်ပို့မလဲဆိုတာတဲ့အပေါ်မှာ (ဥပမာ - အထက်လူကြီးဆီကိုလား၊ အဖွဲ့သားအချင်းချင်းလား၊ clients ဆီကိုလားအစရှိသဖြင့်ခွဲခြားပြီး) Sign-off တွေကို ရွေးချယ်သုံးတတ်ဖို့တော့လိုအပ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် >>> E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့အတိုကောက်စာလုံးများ
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us