3rd July, 2017

10 self improving Ideas

၁. “ခဏကျမှ ဆိုတာကနေ “ခုချက်ချင်း ” လို့ပြောင်းလိုက်ပါ

ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ စောင့်နေ အုန်းမယ်ဆိုယင်တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့ အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ်ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကို ခုချက်ချင်း လုပ်ပစ်လိုက်ပါ

 

 ၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ

ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ယင်ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ်အဆိုတော် “ ကို အငဲ တို့ ကိုလေးဖြူ ”တို့ လည်း အမေဝမ်းကမွေးလာတာနဲ့တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်ပါဘူးလူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါသူတစ်ပါးလုပ်နိုင်ယင် ကိုယ် လည်း လုပ်နိုင်ရပါမယ်

 

၃. “စမ်းလျောက် ကြည့်ပါ ”

ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျောက်ကြတဲ့ အခါ ( လဲကျ တာ ရှိမယ် နာကျင်တာရှိမယ် )တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ်အယင်ပုံ စံ အတိုင်းပဲ လုပ်နေမယ် ဆိုယင် အကျိုးအမြတ် က လည်း နှကိုယ် အတိုင်း ပဲ ဖြစ်နေပါလိမ့်မယ်ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ် ဆိုယင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်တတ်ရပါမယ်

 

၎.နမူနာ ရှာပြီး “ သူ့ဦးနှောက် ကိုဖောက်လာ ပါ ”

သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့ အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း?သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ် ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့

 

၅. မိမိ ကိုယ်ကို “ရင်းနှီးမြုတ်နှံပါ ”

စာအုပ် တစ်အုပ် ၁၀၀၀၀ ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ်ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခ ၁၀၀၀၀ ကျပ် အရမ်းဈေးကြီးနေတယ် လို့ ထင်ကောင်းထင်မိလိမ့်မယ်ဒါပေမဲ့ ကျွန်တော်တို့ iphone တို့ Galaxy Note တို့ လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ်ဟောပြော ချက်တွေ က အိုင်ဒီယာကောင်းကောင်းတွေ စာအုပ်ထဲ က နည်းလမ်းကောင်းကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေ နိုင်ပါတယ်အိုင်းဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန်နည်းပါးလွန်းပါတယ်ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကို ရင်းနှီးမြုတ်နှံ တာ ဟာ အင်မတန်အရေးကြီးပါတယ်

 

၆.ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ “ ကိုယ်ဟာဘယ်သူလဲ ”“ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ ” ဆိုတာကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုယင် မမိုက်တာတော့ အသေအချာပါပဲKey ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ တွေ့ရှိဖို့ပါပဲနည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်လိုက်ပါကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့ တဲ့သူတွေ ကိုယ့်အပေါ် ဘယ်လိုပြောစေချင်သလဲ ???အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ

 

၇. တစ်ပါး သူအကြောင်းထက် ကိုယ့် အကြောင်းကိုယ် ပိုသိပါစေဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေတာလည်း?ဘယ်ဇာတ်ကား က ဆုံးခန်းရောက်တော့မယ်ဘယ်သူက ဘယ်သူနဲ့ ရီးစားဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ ထူးမလာပါဘူးသိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ?ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ?ကိုယ်ဘာကိုနှစ်သက်သလဲ ?ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ?ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ?

 

၈.ကိုယ့်ရဲ့ အားသန်မှု့ ကို မြင့်တင်ပါအကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေယင် အင်မတန် ခက်ခဲ ပင်ပန်းနေမှာပါကိုယ့်ရဲ့ အားသန် မှု့ ကိုတွေ့အောင်ရှာပြီး တိုးတက်အောင် လုပ်ပစ် လိုက်ပါ..

 

 ၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရလာယင်လည်း ၂၀ အောင်မြင်ပြီလို့ အောင်ပွဲခံတတ်ပါစေ )ဘာကြောင့်လဲ ဆိုယင် စိတ်ညစ်စိတ်ရှုတ် ဒေါသဖြစ် စိတ်ဆင်းရဲနေယင် …ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင် လုပ်ဖြစ်တော့မှာလည်း

 

၁၀ . “နာကျင်စရာတွေ ” အလုံအလောက် ရှာဖွေပါတော်ပြီ ဒီလိုဘဝမျိုးတော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမာန်လူမဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီးသင့်မှာ Pain – ရှိပြီးသင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင် ပြီးသွားတဲ့ အခါ ကျယင်ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ်ပြီးယင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင် ရပါမယ် ။

………………..ဒါဟာ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှ ဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့ နည်းလမ်း ၁၀ ခုပါ———————-

Credit :သင်သိရင် သင်ချမ်းသာလိမ့်မယ်Credit :myanmarlatestnews.com