လူရယ်လို့ ဖြစ်လာရင်
အလုပ်ရှိမှ ဂုဏ်ရှိပါတယ်။ ကိုယ်ပိုင်အလုပ် ဖြစ်ဖြစ်၊ ဝန်ထမ်းအလုပ်ဖြစ်ဖြစ်
ဂုဏ်သိက္ခာရှိရှိနဲ့ လုပ်ငန်းခွင်မှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်ဖို့ဆိုရင်
လိုက်နာသင့်တာလေးတွေ ရှိပါတယ်။ သိတဲ့သူတွေ ပြန်မှတ်မိဖို့နဲ့ မသိသေးသူတွေသိဖို့ လုပ်ငန်းခွင်အောင်မြင်ရေးနည်းလမ်း
၁၀ ခုကို ဖော်ပြလိုက်ပါတယ်။
၁. ဦးစားပေးရမယ့်အရာတွေ၊
ပန်းတိုင်တွေကို ချမှတ်ပါ
ဒီနေ့
ကိုယ်ဦးစားပေးရမယ့်အလုပ်က ဘာလဲ။ ဦးစားပေးတွေကို စာရင်းပြုစုပြီး အစီအစဉ်ဆွဲပါ။
အရေးကြီးဆုံး၊ အလျင်အလိုဆုံးတွေကို စာရင်းရဲ့ထိပ်ဆုံးမှာ ထားပါ။ အဲဒီအတိုင်းပဲ
ကာလတိုနဲ့ ကာလရှည်ပန်းတိုင်တွေကို ပိုင်းခြားသတ်မှတ်ပြီး
ကိုယ်ဘယ်လောက်တိုးတက်လာသလဲ မကြာမကြာစစ်ဆေးပါ။
၂. အာရုံစိုက်ပါ
အလုပ်မှာ စိတ်ရော
ကိုယ်ရော တကယ်အာရုံစိုက်နေရဲ့လား။ အာရုံထွေပြားစေတဲ့အရာတွေ အားလုံးကို ပိတ်ပစ်ပါ။
ဒါမှ ကိုယ့်လုပ်ရမယ့်တာဝန်တွေနဲ့ ကိုယ့်လုပ်ငန်းခွင်ကို အမှန်တကယ်အာရုံစူးစိုက်နိုင်မှာပါ။
၃.
ကိုယ့်ကျွမ်းကျင်မှုတွေကို ခုထက် ကျယ်ပြန့်ပါစေ
ဘယ်အရာမှ
တသမတ်တည်းမရှိပါဘူး။ အလုပ်လိုအပ်ချက်ဆိုတာလည်း အလားတူပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်က
အလုပ်ခေါ်စာနဲ့ အခုအလုပ်ခေါ်စာတွေကို ယှဉ်ကြည့်ရင် သိသာပါတယ်။ သည်တော့
ကိုယ့်စွမ်းရည်တွေ၊ အသိပညာတွေကို အမြဲဖြည့်တင်းထားပါ။ နှီးနှောဖလှယ်ပွဲတွေတက်၊
စာအုပ်ဖတ်၊ သင်တန်းတက်၊ လေ့လာမှုကို ဘယ်တော့မှ မပြတ်ပါစေနဲ့။
၎. လူမှုဆက်ဆံရေး
ကောင်းပါစေ
လူမှုဆက်ဆံရေးလုပ်ငန်းတွေမှာ
ပါဝင်ဖို့ အမြဲအသင့်ရှိနေပါစေ။ အသိအကျွမ်းသစ်တွေကို အမြဲရှာဖွေပါ။ လူအသစ်အသစ်တွေနဲ့
တွေ့ဆုံပြီး သူတို့ကို တလေးတစား၊ စိတ်အားထက်ထက်သန်သန်နဲ့ ဆက်ဆံပါ။
ကောင်းကောင်းနားထောင်တတ်မယ်ဆိုရင် အသိပညာအသစ်တွေကို ရရှိမှာ အသေအချာပါပဲ။
၅. ကိုယ့်အကြောင်း
ကိုယ်သိပါ
ကိုယ့်အားနည်းချက်၊
အားသာချက်ကို သိပါ။ ကိုယ့်ကို ရာထူးတိုးဖို့၊ လစာတိုးဖို့ လိုအပ်နေတယ်လို့ ထင်ရင်
တောင်းယူပါ။
၆. စိန်ခေါ်မှုတွေကို
လက်ခံပါ
စိန်ခေါ်မှုတွေကတဆင့်
ကိုယ်တစ်ခါမှ မမြင်ဖူးသေးတဲ့ ကိုယ့်အရည်အသွေးတွေ ထွက်ပေါ်လာတတ်ပါတယ်။ အဲဒါကြောင့်
ကိုယ်အဆင်ပြေတဲ့နေရာမှာပဲ သက်တောင့်သက်သာ ငြိမ်ဝပ်နေတာထက် နယ်ပယ်သစ်တွေကို
ဖြန့်ကျက်ကြည့်ပါ။ ပုံမှန်အတိုင်း လည်ပတ်နေပြီး အန္တရာယ်ကင်းဖို့ကိုချည်း
ဦးစားပေးနေရင်တော့ အလုပ်မှာ ဘယ်တော့မှ ရှေ့ဆက်တိုးတော့မှာ မဟုတ်ပါဘူး။
“လုပ်နေကျအတိုင်း ဆက်လုပ်နေရင်တော့ ရထားပြီးသားကိုပဲ ရလိမ့်မယ်” တဲ့။
၇. အဆက်အသွယ်ကောင်း
ရှာဖွေပါ
ထိထိရောက်ရောက်ဆက်သွယ်နိုင်အောင်
လေ့လာပါ။ တခြားသူတွေ ဘာပြောလဲ နားထောင်၊ အပြုသဘော တုံ့ပြန်၊ ထိထိမိမိလှုပ်ရှားပြီး
သတင်းအချက်အလက်တွေကို တောင်းယူပါ။
၈. အတင်းအဖျင်းတွေ
ရှောင်ပါ
ရုံးက
လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ သူဌေးအကြောင်း အတင်းအဖျင်းတွေကို ရှောင်ပါ။
တလေးတစားဆက်ဆံပြီး ကုမ္ပဏီရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်ပါ။
၉. အနားယူပါ
စိတ်ကို
သက်တောင့်သက်သာထားပြီး ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုကို မမေ့မလျော့လုပ်ပေးပါ။
ကိုယ့်ကိုယ်ကို အနားပေးပါ။ ဒါဟာ အလုပ်ပြန်တက်တဲ့အခါ ကိုယ့်အလုပ်လုပ်နိုင်စွမ်းကို
မြှင့်တင်ပေးနိုင်ပါတယ်။
၁၀. စိတ်ကျေနပ်မှုကို
ရှာဖွေပါ
ကိုယ်လုပ်နေတဲ့အရာကို စိတ်ပျက်နေရင်
အဲသည်အရာကို ကိုယ်နှစ်သက်တဲ့အရာဖြစ်အောင် ပြောင်းလဲကြည့်ပါ။
ပြောင်းလဲလို့မရဘူးဆိုရင်တော့ တခြားတစ်ခုခုကို လုပ်ကြည့်တာက ပိုကောင်းပါမယ်။
ကွန်ဖြူးရှပ်က “ကိုယ်ကြိုက်တဲ့လုပ်ငန်းကို ရွေးပါ။ ဒါဆို ဘဝမှာ အလုပ်လုပ်ရတဲ့ရက်
တစ်ရက်မှ ရှိမှာမဟုတ်တော့ဘူး” လို့ ပြောထားပါတယ်။
Credit: စုပြည့်စုံ