10th May, 2017
10 Tips On What Successful People Do
Share
Blog Link Copied
အောင်မြင်တိုးတက်ပြီး
ချမ်းသာအောင် လုပ်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်အင်မတန် ခက်ပါတယ်။
ငွေကြေးချမ်းသာပြီး အောင်မြင်နိုင်မယ့်နည်းလမ်းတွေအကြောင်းရေးသားထားတဲ့
စာအုပ်မျိုးစုံ၊ သင်တန်းမျိုးစုံရှိနေပေမဲ့ လက်တွေ့အောင်မြင်တဲ့ သူက ၁ ရာခိုင်နှုန်းလောက်တောင်မရှိပါဘူး။
သူတို့ ဘာလို့အောင်မြင်လာကြတာလဲ။သေချာတာကတော့ သူတို့မှာ
စိတ်တန်ခိုးတွေရှိနေလို့မဟုတ်ပါဘူး။သူတို့က ချမ်းသာစေမယ့် အမူအကျင့်တွေကို
တန်ဖိုးထားကျင့်သုံးကြလို့ပဲ ဖြစ်ပါတယ်။ သူတို့ကျင့်သုံးတဲ့ အမူအကျင့်တွေကတော့-
၁)သူတို့ကို သူတို့ မေးခွန်းထုတ်ပြီး
စိန်ခေါ်မှုတွေကို ရဲရဲရင်ဆိုင်ပါတယ်။ ဘာလုပ်သင့်လဲ ။ဘာဖြစ်လာနိုင်မလဲဆိုတာကို
ကြိုတင်ဆန်းစစ်ပြီး ဘယ်လိုကိစ္စမျိုးကြုံလာလာ မဖြစ်ဖြစ်အောင်လုပ်လေ့ရှိပါတယ်။
၂)အနာဂတ်မှာပဲ
အမြဲနေထိုင်တတ်ပါတယ်။အတိတ်က ဖြစ်ခဲ့တာကို သင်ခန်းစာယူပြီး အနာဂတ်အတွက်မျှော်မှန်း
အကွက်ချဆောင်ရွက်တတ်ပါတယ်။ သူများထက် အခွင့်အရေးပိုရအောင် ရှေ့ကို
မျှော်ပြီးကြည့်ခြင်းဖြစ်ပါတယ်။
၃)နေ့စဉ်
လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိသလို ကျန်းမာရေးနဲ့ ညီညွတ်အောင်လည်း
စားသောက်နေထိုင်တတ်ပါတယ်။
၎)ပပလွှားလွှားမနေဘဲ
သိုသိုသိပ်သိပ်နေလေ့ရှိတယ်။ အတတ်နိုင်ဆုံး နည်းနည်းသုံးပြီး များများစုဆောင်းတယ်။
၅)စိတ်ခွန်အားရရှိဖို့အတွက်
အတွေးအခေါ်တိုးတက်စေဖို့ နေ့စဉ်စာဖတ်လေ့ရှိတယ်။
၆)အသစ်အဆန်းတစ်ခုခုကို
နေ့စဉ်လေ့လာသင်ယူနိုင်အောင် ကြိုးစားတယ်။
၇)သူတပါးကို
ကျေးဇူးတင်ကြောင်းသိအောင် ပြတတ်တယ်။ကိုယ့်ဘက်က သူများရဲ့ အသိအမှတ်ပြုမှုကို
လိုချင်တဲ့အတွက် သူများရဲ့လုပ်ဆောင်ချက်အပေါ်မှာလည်း အလေးအနက်ထား
တုံ့ပြန်လေ့ရှိတယ်။
၈)TV တွေ ၊လူမှု
မီဒီယာတွေနဲ့ အချိန်ကုန်ခံနေလေ့မရှိဘူး။ ကိုယ့်ဘ၀ တိုးတက်စေမယ့် အတွေးအခေါ်
အကြံအစည်တွေနဲ့ အချိန်ဖြုန်းရတာ ပိုတန်ဖိုးရှိတယ်လို့ ခံယူထားတတ်ကြတယ်။
၉)မနက်စောစော
အိပ်ယာထတတ်တယ်။ မနက်စောစောထတဲ့အတွက် ဦးနှောက်က ကြည်လင်လန်းဆန်းနေပြီး
နုပျိုလတ်ဆတ်နေတဲ့အတွက် ဖန်တီးနိုင်စွမ်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ အရေးပါတဲ့
ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့အတွက် မနက်ခင်းအချိန်က အကောင်းဆုံးဖြစ်တယ်ဆိုတာကို
သိရှိလက်ခံထားတတ်ကြတယ်။
၁၀)နေ့တိုင်း
မိတ်ဆွေသစ်တစ်ဦး ရအောင်ရှာလေ့ရှိတယ်။ မိတ်ဆွေဆိုတာ စိတ်ဓာတ်ခွန်အားတင်မက
အကြံကောင်း နည်းလမ်းကောင်းကိုပါ ညွှန်ပြပေးနိုင်တဲ့သူတွေလို့ယူဆပြီး မိတ်ဆွေကောင်း
ရှာလေ့ရှိတယ်။
Credit - Trend Myanmar