1st July, 2017

The 4E's of Leadership

‘‘အီး’’တွေနဲ့မန်နေဂျာဆိုတော့ ညစ်တီးညစ်ပတ်ကြီးနေမှာလို့ နှာခေါင်း ရှုံ့ကြမှာသေချာတယ်။‘‘အီး’’ဆိုတာက တခြားအီးကိုပြောတာမဟုတ်ပါဘူး။ E ကိုပြောတာပါ။ တိတိကျကျပြောရ ရင် E4s ကိုပြောတာဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုမှာ သင့်လျော်တဲ့ တာဝန်ကို လုပ်ကိုင်ဆောင်ရွက်ကြတဲ့ မန်နေဂျာတွေဟာ သူတို့ကိုယ်သူတို့ တင့်တင့်တယ်တယ်ဖွယ်ဖွယ်ရာရာ ဖြစ်အောင် အီးတွေနဲ့ဝန်းရံတည် ဆောက်ရပါတယ်။ ဒါမှသာ သူတို့ဟာ အုတ်ရောရော၊ ကျောက်ရောရော မဟုတ်ဘဲ အရည်အချင်းအစစ်အမှန် တွေနဲ့ ခေါင်းဆောင်ကောင်းတွေ အဖြစ် အသိအမှတ်ပြုတာကိုခံရလိမ့် မယ်။ မန်နေဂျာတိုင်းဟာ အီးတွေနဲ့ မန်နေဂျာဖြစ်စေဖို့အတွက် 4Es နဲ့ ပြည့်စုံတဲ့သူတွေဖြစ်စေချင်တယ်။ ဖြစ် အောင်တည်ဆောက်ကြရမယ်လို့ ပြောခဲ့တာဖြစ်ပါလိမ့်မယ်။
 
Jack Weichဆိုတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးရှိခဲ့ဖူးတယ်။ GE ကိုကမ္ဘာကျော် အောင်လုပ်နိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါ တယ်။ ဒီတော့ သူဟာအရမ်းတော် တဲ့လူအဖြစ်ထင်စရာရှိပါတယ်။ သေ ချာတာကတော့ သူဟာတကယ်ပဲ တော်ပါတယ်။ သူတော်သလိုသူ့ပတ် ဝန်းကျင်မှာရှိတဲ့ ခေါင်းဆောင်ငယ် တွေ (မန်နေဂျာတွေ)ကို လူတော်တွေ ဖြစ်အောင်ပြုစုပျိုးထောင်ပေးနိုင်တာ ပဲဖြစ်ပါတယ်။သူရဲ့မန်နေဂျာတွေကို လူတော် ဖြစ်အောင်ဘယ်လိုပြုစုခဲ့သလဲဆိုရင် E တွေနဲ့မန်နေဂျာတွေဖြစ်အောင်သူ ပြုစုပျိုးထောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီ E တွေဟာဘာတွေဖြစ်မလဲ၊ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ခဲ့သလဲ ဆိုတာကို လေ့လာကြည့်ရအောင် Jack Weich (4Es) ကိုဒီလို အဓိပ္ပာယ်ဖော်ဆောင်ခဲ့ပါတယ်။
 

 
နံပါတ်တစ် E ဖြစ်တဲ့ E ကတော့ Energy ပဲဖြစ်ပါတယ်။ Energy ဆို တဲ့ ရောမစွမ်းပကားနဲ့ ပြည့်စုံတဲ့ခေါင်း ဆောင်တွေကို ရှာဖွေနိုင်ဖို့ပဲဖြစ်ပါ တယ်။ တခြားသူတွေထက် ထူးခြားတဲ့ စွမ်းအားနဲ့ပြည့်စုံတဲ့သူတွေဟာ လုပ်ငန်း ခွင်အတွက် အမှန်တကယ်ပဲလိုအပ်ပါ တယ်။ ကာယအား၊ ဉာဏအားဆိုတဲ့ စွမ်းအားဆိုင်ရာကိစ္စများမှာ ကိုယ် လက်ခံလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်ရဲ့ အခြေအနေပေါ်မှာမူတည်ပြီး ဆောင် ရွက်ရတာမျိုးဖြစ်ပါတယ်။ကိုယ်လုပ်ကိုင်ဆောင်ရွက်ရတဲ့ လုပ်ငန်းရှင်ရဲ့ ပကတိလိုအပ်ချက်အရ ပေါ်ပေါက်လာတတ်တဲ့ကိစ္စတွေမှာ လိုအပ်တာကို လိုအပ်သလိုအကျိုးရှိ အောင်သုံးတတ်တာဟာ Energy ကို ဉာဏ်နဲ့လွှာပြီးသုံးတဲ့သဘောပါပဲ။ ကိုယ့်ရဲ့လုပ်ငန်းအခြေအနေအလိုက် လိုအပ်တဲ့စွမ်းဆောင်ရည်တွေကို စိုက် ထုတ်သုံးစွဲတတ်ဖို့ပဲဖြစ်ပါတယ်။ အဲဒါ ဟာပထမ E ပဲဖြစ်ပါတယ်။
 
နံပါတ်နှစ် E ကတော့ Energi နှင့်ပဲဖြစ်ပါတယ်။ တက်ြွကလှုံ့ဆော်တဲ့ သဘောဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုတာဝန်ခွဲဝေလုပ်ကိုင်နေကြ တဲ့လုပ်ဖော်ကိုင်ဖက်တွေကိုခြိမ်းခြောက် အကျပ်ကိုင်တဲ့နည်း၊ မမှန်တဲ့နည်းလမ်း များနဲ့ မတော်သြဇာသုံးပြီး လုပ်ငန်းကို ပြီးစီးအောင်လုပ်ကိုင်တတ်တဲ့နည်း များကို အရည်အချင်းရှိတဲ့စီမံအုပ်ချုပ် သူတွေဟာ သုံးစွဲလေ့မရှိကြပါဘူး။ သူတို့ဟာ အလုပ်ကိုအောင်မြင်စွာလုပ် ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် အလုပ် မှာတက်ြွကလာအောင်လှုံ့ဆော်စည်း ရုံးတဲ့နည်းများကိုသာသုံးစွဲတတ်ကြပါ တယ်။ ကိုယ့်ဘေးမှာရှိနေတဲ့ တာဝန်ခံ တွေနဲ့ မန်နေဂျာဟာ သူတို့လုပ်နေတဲ့ အလုပ်မှာ တက်ြွကနေရမယ်မဟုတ် လား။ ဒီတော့အလုပ်ကို အစဉ်အမြဲ တက်ြွကလှုပ်ရှားနေအောင် လှုံ့ဆော် ပေးနိုင်ဖို့လိုပါလိမ့်မယ်။အလုပ်ကိုလုပ်ကိုင်ရာမှာ ပျင်းရိ ခိုကပ်နေတာထက် တက်ြွကလှုပ်ရှား နေတာက လုပ်ငန်းခွင်ကိုအသက်ပါ စေနိုင်ပါလိမ့်မယ်။ ဒီတော့ ကိုယ့် အလုပ်ကို အစဉ်ထာဝရတက်ြွကလှုပ် ရှားနေအောင်ဆောင်ရွက်တတ်ဖို့လို တယ်။ အဲဒီလိုမန်နေဂျာမျိုးဟာ ဒုတိ ယမြောက် E ကိုအသက်ဝင်အောင် တကယ်လုပ်နိုင်စွမ်းရှိတဲ့သူပဲဖြစ်ပါမယ်။
 

တတိယမြောက် E ကတော့ လုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်ရာ မှာ နိါန ဖြစ်အောင် ဆောင်ရွက်နိုင် မှုဖြစ်ပါတယ်။ ဒါကလည်း ပြိုင်ဆိုင်မှု တွေများလွန်းတဲ့ကမ္ဘာကြီးမှာ မဖြစ် မနေလိုအပ်ပါတယ်။ ပြိုင်ဘက်တွေ ထက်နှာတစ်ဖျားသာအောင်စွမ်း ဆောင်နိုင်တဲ့အရည်အချင်းမျိုး စုံနေ ဖို့ပဲဖြစ်ပါတယ်။ ဘယ်လိုပဲယှဉ်ပြိုင်ရ သည်ဖြစ်စေ၊ ကိုယ့်ရဲ့ပြိုင်ဘက်အပေါ် မှာ နောက်ဆုံးအချိန်၊ နောက်ဆုံးနာရီ အထိနှာတစ်ဖျားသာအောင်စွမ်းဆောင် နိုင်တဲ့အရည်အချင်းမျိုးရှိနေဖို့ပဲဖြစ် ပါတယ်။လုပ်ငန်းတွေလုပ်ကိုင်ဆောင် ရွက်ရာမှာ အကျိုးအကြောင်းအမျိုး မျိုးကြောင့် တာထွက်နောက်ကျတာ၊ နှေးကွေးနေတာမျိုးတွေရှိတတ်ပါ တယ်။ ဒီကိစ္စဟာ လူတိုင်းလူတိုင်းကြုံ တွေ့ရတတ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ အဲဒီလိုအနေအထားမျိုးဟာ သူတစ် ပါးထက် ပိုမိုခရီးရောက်ဖို့အတွက် ပိုမို ကြိုးစားလုပ်ကိုင်ဆောင်ရွက်သင့်ပါ တယ်။ ဖြစ်နိုင်ရင် နောက်ဆုံးအချိန် အထိကြိုးစားပြီး သူတစ်ပါးထက်နှာ တစ်ဖျားသာလွန်သွားအောင် ဆောင် ရွက်သင့်ပါတယ်။ စွမ်းဆောင်နိုင်ရည်ရှိ တဲ့မန်နေဂျာဟာ နိါန ဆိုတဲ့နှာတစ် ဖျားသာအောင်ကြိုးစားဆောင်ရွက် တတ်ပါတယ်။
 
နောက်ဆုံးအီး ဆိုတဲ့ အကောင်အထည်ဖော်နိုင်မှုဆိုတာကလည်း မန်နေဂျာကောင်းတွေမှာရှိနေတတ်ပါ တယ်။ အလုပ်တွေဟာ ပြောနေရုံနဲ့ပြီး တာမဟုတ်ပါဘူး။ လုပ်ကိုင်အကောင် အထည်ဖော်နိုင်မှ ပြီးမြောက်တာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက် အောင်မြင်ခြင်း/မအောင်မြင်ခြင်းဆို တာ သူ့လုပ်ငန်းတွေကိုအကောင် အထည်ဖော်လုပ်ကိုင်ဆောင်ရွက်နိုင် ခြင်းရှိ/မရှိအပေါ်မှာမူတည်ပါတယ်။ လူတော်တွေဟာ သူတို့ရဲ့လုပ်ငန်းစီမံ ချက်တွေကိုအကောင်အထည်ဖော် နိုင်တဲ့အရည်အချင်းနဲ့ စွမ်းရည်တွေ ရှိနေတတ်ပါတယ်။
 
မန်နေဂျာတစ်ယောက်ကို ဖော် ပြပါအချက်များအားကြည့်ပြီးအကဲ ဖြတ်ရပါတယ်။ ပါးစပ်ကဘာတွေပဲ ပြောနေနေ၊ သူလုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်ရမယ့်လုပ်ငန်း ကို လုပ်ကိုင်နိုင်ခြင်းရှိ/ မရှိဆိုတာက ဆုံးဖြတ်တတ်ပါတယ်။ စီမံကိန်းအမျိုး မျိုး၊ လုပ်ငန်းအထွေထွေကို တခမ်း တနားစီစဉ်ခဲ့ပေမဲ့ လက်တွေ့အကောင် အထည် မဖော်နိုင်ရင်အလကားပါပဲ။ အဲဒီလုပ်ငန်းဟာ ‘‘လေထဲတိုက်အိမ် ဆောက်’’နေသလိုဖြစ်နေလိမ့်မယ်။ စီမံကိန်းတွေ၊ စီမံချက်တွေသာရှိပြီး တကယ်အကောင်အထည်ဖော်ဖို့ အတွက် မစွမ်းဆောင်နိုင်တာကြောင့် ဖြစ်တယ်။
 
အဲဒါကြောင့် မန်နေဂျာကောင်း တစ်ယောက်ဖြစ်/မဖြစ်ဆိုတာ သူရဲ့ လုပ်ငန်းကို အကောင်အထည်ဖော် နိုင်မှု ၊ မဖော်နိုင်မှုဆိုတဲ့အဖြေပေါ်မှာ မူတည်ပြီးအကဲဖြတ်ရလိမ့်မယ်။ တချို့ က‘‘မစားရ၀ခမန်း’’သာပြောတတ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင် စွမ်းမရှိပါဘူး။4Es နဲ့ပြည့်စုံတဲ့မန်နေဂျာတွေ လုပ်ငန်းခွင်တိုင်းမှာ အမှန်တကယ်လို အပ်ပါတယ်။ သူတို့ဟာ ကုမ္ပဏီရဲ့ အဓိကမောင်းနှင်အားတွေဖြစ်တတ် ပါတယ်။ အဲဒီလိုမန်နေဂျာမျိုးတွေ ထွန်းကားလာဖို့အတွက်လည်း အား ပေး၊ အားမြောက်ပြုသင့်ပါတယ်။ 
 
Credit : opportunity.com.mmCredit: ထက်ကျော်