19th June, 2017
5 Questions You Must Answer for Success
Share
Blog Link Copied
သင့်ဘ၀အောင်မြင်တိုးတက်ဖို့အတွက်
ပြောင်းလဲမှုတွေ လိုက်ချင်ပါသလား ? ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
၁။ လက်ရှိအခြေအနေကို
ဘယ်လောက်ထိစိတ်ပျက်နေပြီလဲ ?
ပြောရရင် သင့်ရဲ့လက်ရှိအခြေအနေ၊
သင့်မှာဖြစ်ပျက်နေတာတွေကို ဘယ်လောက်အတိုင်းအတာအထိ စိတ်ကုန်နေလဲဆိုတာပါ။ လက်ရှိအခြေအနေမှာ
ထိခိုက်နာကျဉ်မှုတွေက
တစ်စုံတစ်ခုပြောင်းလဲလိုက်တဲ့အခါမှာ ကြုံတွေ့ရမယ့်
ထိခိုက်နာကျဉ်မှုတွေထက်
ပိုဆိုးနေမယ်ဆိုရင် သင် အပြောင်းအလဲတစ်ခုခုလုပ်ဖို့
အဆင်သင့်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်
၂။ ဘာတွေကို
စွန့်လွှတ်လိုက်ချင်လဲ ?
ပြောင်းလဲမှုတိုင်းမှာ ပေးဆပ်မှုရှိပါတယ်။ ကောင်းကျိုးအတွက်
ပြောင်းလဲချင်ရင် သင့်ရဲ့ရည်မှန်းချက်
ပျောက်မသွားဖို့ အရေးကြီးပါတယ်။ အောင်မြင်မှုရရှိဖို့အတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတစ်ခုခု
ဒါမှမဟုတ် သင့်ရဲ့အမူအကျင့်တစ်ချို့ကို
စွန့်လွှတ်နိုင်ဖို့ လိုပါတယ်။ ဒီလို
စွန့်လွှတ်ဖို့ကတော့ အစပိုင်းမှာ ခက်ခဲပါတယ်။ ဒါပေမယ့် အချိန်ကြာလာရင် အဆင်ပြေသွားမှာပါ။
၃။ အစီအစဉ်က ဘာလဲ ?
ဘ၀အတွက် သိသာထင်ရှားတဲ့အပြောင်းအလဲတွေ လုပ်တော့မယ်ဆိုရင် ဒီအချက်ကို ထည့်မတွေးလို့ မရပါဘူး။ သင့်အနေနဲ့ အာရုံထွေပြားမှုမရှိစေဖို့အတွက် ရှင်းလင်းတိကျတဲ့ အစီအစဉ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ထားဖို့လိုပါတယ်။ သင့်ရည်မှန်းချက်အောင်မြင်ဖို့ ဘာတွေလုပ်မယ်ဆိုတာကို ရိုးရိုးပဲ စီစဉ်သတ်မှတ်လိုက်ပါ။
၎။ နေ့စဉ်တာဝန်ခံမှုက ဘာလဲ ?
ဘယ်သူမှ ကြည့်မနေရင် လမ်းလွဲဖို့ လွယ်သလို လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ ကိုယ့်ကိုယ်ကို လှည့်စားမိနိုင်ပါတယ်။ တစ်နေ့တာအတွက် ဘယ်လိုစိတ်ခံစားမှုတွေ လွှမ်းမိုးနေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။ အေးဆေးပဲလား၊ သောကများနေလား။ ဒါမှမဟုတ် ပျော်နေလား ဒေါသဖြစ်နေလား စသဖြင့်ပေါ့။ သင်ချမှတ်ထားတဲ့ အစီအစဉ်အတိုင်းတဆင့်ချင်းလုပ်ဆောင်သွားမယ်ဆိုရင်တော့ အကျိုးရလဒ်တွေကို တွေ့ရမှာပါ။ ဒီတိုးတက်မှုတွေကို မျက်ခြေအပြတ်မခံပဲ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ပါ။ ဒါက သင့်ရဲ့နေ့စဉ်တာဝန်ခံမှုပဲဖြစ်ပါတယ်။
၅။ စိတ်ရှည်သည်းခံမှုကို ဘယ်လိုမွေးမြူပြီး အောင်မြင်မှုကို ဘယ်လိုခံစားသလဲ?
ဘယ်လောက်ကြိုးစားနေပါစေ၊ သောကများတဲ့အခြေအနေကနေ ချက်ချင်း အားလုံးအဆင်ပြေသွားဖို့က မလွယ်ပါဘူး။ ပြီးပြည့်စုံဖို့အတွက် အချိန်ယူရပါတယ်။ စိတ်ရှည်သည်းခံတတ်ပါစေ။ စိတ်ဓာတ်တက်ကြွနေစေဖို့အတွက် အောင်မြင်မှုတိုင်းကို အသိအမှတ်ပြုခံစားပါ။ လမ်းတော့မလွဲသွားပါစေနဲ့။
Credit: mmgentelman.com