လုပ်ငန်းခွင်မှာအချိန်တော်တော် များများတွေ့မြင်နေရ၊ ပြောဆိုဆက်ဆံနေ ရတဲ့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုအကြောင်းအချက်မျိုးကြောင့် ကိုယ့်ကိုမနှစ်သက်စေနိုင်သလဲ။ ဒါကို ဒီတစ်ပတ်မှာဖော်ပြပေးသွားချင်ပါတယ်။ လုပ်ငန်းခွင်ဆိုတာဆွေမျိုးသားချင်းမဟုတ် တဲ့လူမျိုးပေါင်းစုံ၊ ဘာသာတရားပေါင်းစုံ၊ အကျင့်စရိုက်ပေါင်းစုံ၊ အမြင်သဘောထား ပေါင်းစုံစုစည်းရောက်ရှိနေကြတာပါ။ အချင်းချင်းသဘောထားကွဲလွဲတာလည်းရှိနိုင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အမြင် သဘောထားကွဲလွဲတာနဲ့လူတစ်ယောက် ကိုမနှစ်သက်တာမတူပါဘူး။ လူတစ် ယောက်မနှစ်သက်တာကသူ့ရဲ့အပြုအမူ၊ အကျင့်စရိုက်နဲ့သက်ဆိုင်ပြီးအမြင်သ ဘောထားကွဲလွဲတာကတော့ ခံယူချက်၊ ရပ်တည်ချက်ကွာခြားလို့ဖြစ်ပါတယ်။ အခု တစ်ပတ်မှာတော့ လုပ်ငန်းခွင်မှာလုပ်ဖော် ကိုင်ဖက်တွေကြားမှာ ဘယ်လိုအချက်တွေက တစ်ဦးနဲ့တစ်ဦးမနှစ်သက်စေနိုင်သလဲ။ လူအများမနှစ်သက်တဲ့သူဆီမှာဘယ်လို အမူအကျင့်တွေရှိနေသလဲဖတ်ကြည့်ကြရ အောင်ပါ။
စပ်စုတတ်တာ
ကိုယ်နဲ့မသက်ဆိုင်တာတွေ၊ သူတစ် ပါးရဲ့လျှို့ဝှက်ချက်တွေကိုစပ်စပ်စုစုလုပ် တတ်တာကလည်း လုပ်ငန်းခွင်အတွင်းမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကမကြိုက်နှစ် သက်တဲ့အချက်ဖြစ်တယ်ဆိုတာ သတိပြု စေချင်ပါတယ်။ လူတိုင်းမှာတခြားသူမသိ စေချင်တဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်ကိုယ်စီ ရှိကြပါတယ်။ လူတိုင်းမသိစေလိုတဲ့ပြဿ နာတွေ၊ အရေးကိစ္စတွေကို စပ်စပ်စုစုမေး မြန်းတတ်သူတွေကို လူအများစုမကြိုက် နှစ်သက်တတ်ပါဘူး။
တစ်ပါးသူရဲ့အတွင်းရေးကို စပ်စုတာ
ကိုယ်နဲ့မသက်ဆိုင်ဘဲစုံစမ်းမေးမြန်းတာ၊ သူတစ်ပါးဖုန်းပြောနေတာကို ချောင်း မြောင်းနားထောင်တတ်တာစတာတွေက အများသူငှာမနှစ်သက်စေတဲ့အမူအကျင့် တွေဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ လည်း ဒီလိုလူမျိုးတွေကိုလုပ်ဖော်ကိုင်ဖက် တွေက မနှစ်သက်ကြပါဘူး။
အလုပ်မှာအချိန်ဆွဲတာ
လုပ်ငန်းခွင်အတွင်းမှာရာထူးနေရာ တိုင်းအတွက် သူ့တာဝန်နဲ့သူရှိကြပါတယ်။ အဲဒီမှာကိုယ့်တာဝန်အတွက်တာဝန်သိတဲ့ သူရှိသလို၊ တာဝန်မသိတဲ့သူလည်းရှိတတ် ပါတယ်။ အလုပ်မှာတက်တက်ြွကြွကမရှိ ဘဲ အလုပ်တစ်ခုကိုအချိန်ဆွဲလုပ်တတ်တာ၊ သတ်မှတ်ချိန်ထက်နောက်ကျပြီးမှပြီးတာ ဒါတွေက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ မကြိုက်နှစ်သက်တဲ့အချက်တစ်ခုပါ။
လုပ်ငန်းခွင်မှာတာဝန်ကိုယ်စီယူကြ တဲ့အထဲမှာ တစ်ဦးတစ်ယောက်နှောင့်နှေး နေတာကြောင့် ရှေ့ဆက်အဆင့်တက်လှမ်း ဖို့ရာ နှောင့်နှေးနေတတ်ပါတယ်။ ကိုယ့်ရဲ့ ပျင်းရိမှု၊ တာဝန်မသိတတ်မှုကြောင့် တခြား သူတွေရဲ့ မနှစ်သက်မှုကိုခံရတတ်ပါတယ်။ အုပ်စုလိုက်တာဝန်ခွဲဝေယူတဲ့အခါ အဲဒီလို လူမျိုးကို ကိုယ့်အဖွဲ့ထဲမှာဘယ်သူမှမထည့် လိုကြပါဘူး။ ကိုယ့်မှာဘယ်လိုအားနည်း ချက်ရှိသလဲ၊ ဘယ်လိုအချက်တွေပြင်သင့် သလဲဆိုတာကို အချိန်မီသိရှိပြီးပြင်ဆင်နိုင် ဖို့အရေးကြီးပါတယ်။
စကားများတာ
လုပ်ငန်းခွင်မှာစကားများတဲ့လုပ် ဖော်ကိုင်ဖက်ကိုလည်းလူအများကမနှစ် သက်ပါဘူး။ အလုပ်ခွင်မှာကိုယ့်အလုပ်နဲ့ ကိုယ်၊ ကိုယ့်အာရုံစူးစိုက်မှုနဲ့ကိုယ်၊ ကိုယ့် အတွေးနဲ့ကိုယ်အလုပ်ကိုယ်စီလုပ်ကိုင်နေ ကြပေမဲ့ စကားများတဲ့လုပ်ဖော်ကိုင်ဖက် ကြောင့်စိတ်အနှောင့်အယှက်ဖြစ်စရာ၊ အာရုံနောက်စရာတွေဖြစ်စေတတ်ပါတယ်။ စကားများတဲ့သူကိုလူတော်တော်များများ ကမနှစ်သက်ကြပါဘူး။ အလုပ်မှာ လုပ်ငန်း ခွင်နဲ့မသက်ဆိုင်တဲ့စကားတွေ၊ ကျရာကြုံ ရာပြောတဲ့စကားတွေကိုနားထောင်ပေးဖို့ အမြဲတမ်းတော့မဖြစ်နိုင်ပါဘူး။
တစ်ခါတစ်ရံ ကိုယ့်အလုပ်စားပွဲကနေ ကျော်လွန်ပြီး သူတစ်ပါးအလုပ်စားပွဲမှာ သွားပြီးစကားသွားများနေတာမျိုးမလုပ်သင့် ပါဘူး။ တစ်ဖက်သားက တစ်ခါတလေ အားနာလို့နားထောင်နေရပေမဲ့ ရေရှည်မှာ တခြားသူအတွက်အနှောင့်အယှက်ဖြစ်စေ နိုင်တာကိုသတိပြုစေချင်ပါတယ်။ စကား များတဲ့သူရဲ့အလုပ်စားပွဲနားမှာ ဘယ်သူမှ မနေချင်ကြတော့တဲ့အထိ လုပ်ဖော်ကိုင် ဖက်တွေရဲ့ မနှစ်သက်ခြင်းကိုခံရနိုင်ပါ တယ်။ စကားကိုလိုအပ်တဲ့နေရာမှာထိထိ ရောက်ရောက်ပြောပါ။ မလိုအပ်ဘဲစကား မများမိစေဖို့သတိထားရပါမယ်။
အတင်းအဖျင်းပြောတာ
တချို့တွေအတွက် သူများအကြောင်း အတင်းအဖျင်းပြောတာက ဝါသနာတစ် ရပ်လိုဖြစ်နေကြတာတွေ့ရဖူးပါတယ်။ သူများတွေက ရုပ်ရှင်ကြည့်တာဝါသနာပါ တယ်၊ စာဖတ်တာဝါသနာပါတယ်၊ ရေကူး တာဝါသနာပါတယ်၊ စကိတ်စီးတာဝါသ နာပါတယ်စတာတွေနည်းတူ အတင်းအ ဖျင်းပြောတာကို ဝါသနာပါသူလည်းရှိနေ တတ်ပါတယ်။ ဒီလိုလူမျိုးကလုပ်ငန်းခွင် ရောက်လာတဲ့အခါ လုပ်ငန်းခွင်မှာမလို လားအပ်တဲ့ပြဿနာတွေရောက်လာတော့ တာပါပဲ။
တစ်ခါတစ်ရံမှာကိုယ့်ရဲ့ပျော်ရွငှ်မှု၊ ကိုယ့်ရဲ့ဝါသနာက တခြားသူတွေကိုထိခိုက် နစ်နာမှုတွေဖြစ်စေတဲ့အခါ ကိုယ့်ရဲ့ဝါသနာ ကိုပြန်သုံးသပ်ကြည့်သင့်ပါတယ်။ ဆင်ခြင် သင့်တာဆင်ခြင်ရပါမယ်။ လုပ်ငန်းခွင်ဆို တာ ရပ်ကွက်တစ်ခုမဟုတ်ပါဘူး။ ရပ်ကွက် အတွင်းမှာ ဒီလူတစ်ယောက်နဲ့အဆင်မ ပြေတဲ့အခါ သူ့ကိုမမြင်ချင်လို့ကိုယ့်အိမ်ထဲ မှာကိုယ်နေလို့ရတယ်။ သူမတွေ့အောင် ရှောင်ကွင်းသွားလို့ရတယ်။ ဒါပေမဲ့ အလုပ် ခွင်ဆိုတာကတော့ အဲဒီလိုမဟုတ်ပါဘူး။ အလုပ်ခွင်အတွင်းမှာ မမြင်ချင်မတွေ့ချင် လို့ရှောင်ကွင်းသွားလို့မရပါဘူး။ စကား မပြောလို့လည်းမရပါဘူး။ တစ်နေ့တစ်နေ့ အလုပ်ကိစ္စအတွက်စကားပြောရ၊ ဆွေး နွေးရ၊ အမြင်တွေဖလှယ်ရနဲ့မမြင်ချင်မတွေ့ ချင်လို့မရတဲ့အခြေအနေပါ။ ဒီလိုအခြေ အနေမျိုးမှာ လုပ်ငန်းခွင်ကနေပျော်စရာ ကောင်းပါသေးရဲ့လား။ ကိုယ်မမြင်ချင်၊ မတွေ့ချင်သူကိုနေ့စဉ်မြင်တွေ့နေရတာက ဘ၀မှာပင်ပန်းဆင်းရဲစေတဲ့အချက်တစ်ခုပါ။ ဒါကြောင့် နေ့စဉ်ရှင်သန်နေရတဲ့အလုပ် ပတ်ဝန်းကျင်ကို ကိုယ့်ကြောင့်ညစ်နွမ်း သွားအောင်၊ ကိုယ့်ကြောင့်ရန်သူတွေလို ဆက်ဆံနေတာတွေမဖြစ်ရစေအောင် ကိုယ့်ရဲ့နှုတ်ကိုစောင့်စည်းဖို့လိုအပ်ပါတယ်။
Credit: The Opportunity Journal
Credit:ကျော့ကေခိုင်