24th April, 2017
5 Reasons why People Fail
Share
Blog Link Copied
လူတစ်ယောက်ကို မအောင်မြင်စေနိုင်တဲ့ အကြောင်းအရင်း (၅) ခုရှိပါတယ်။
လူတစ်ယောက်မှာ နေ့စဉ်မြင်နေရတဲ့ အမူအကျင့်တွေက သူဘယ်လိုလူမျိုးလဲ ဆိုတာကို ခန့်မှန်းနိုင်လေ့ ရှိပါတယ်။ လူတစ်ဦး အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ သူ့ရဲ့ နေ့စဉ် အပြုအမူနဲ့လည်း သက်ဆိုင်လျှက်ရှိပါတယ်။
“အောင်မြင်မှုဟာ နောက်ဆုံးပန်းတိုင် မဟုတ်သလို၊ ရှုံးနိမ့်ခြင်းကလည်း အပြီးသတ် မဟုတ်ပါဘူး” လို့ ဝင်စတာချာချီက ပြောခဲ့ဖူးပါတယ်။ တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်လေ့မရှိတဲ့ သူတွေဆီမှာ အောက်ပါ အမူအကျင့် (၅) ခုတွေ့ရလေ့ရှိပါတယ်။
၁။ အစီအစဉ် မဆွဲခြင်း
အနည်းဆုံးတော့ သင့်မှာ ကြိုပြီးဆွဲထားတဲ့ အစီအစဉ်ကောင်းရှိမယ်ဆိုရင် အခြားသူတွေထက် ပိုကောင်းတဲ့ အခွင့်အရးတွေ ရမယ်ဆိုတာတော့ သေချာပါတယ်။ သင့်ရဲ့ အစီအစဉ်တွေက ပြီးပြည့်စုံ ဖို့မလိုပါဘူး။ ဘာလုပ်မယ်ဆိုတဲ့ Plan ရှိဖို့က နံပတ်တစ် အရေးကြီးပါတယ်။
၂။ ကြိုးစားချင်စိတ် မရှိခြင်း
အသစ်အဆန်း တစ်ခုကို အပြောင်းအလဲ လုပ်ရမှာ မကြိုက်တာလည်း မအောင်မြင်ခြင်းရဲ့ အကြောင်းအရင်းပါပဲ။ “မပစ်လိုက်ရတဲ့ မြှားချက်ဟာ ထိချက်ကို မမှန်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်” ဆိုတဲ့စကားလိုပဲ အနည်းဆုံး တစ်ကြိမ်လောက်တော့ ကြိုးစားကြည့်သင့်ပါတယ်။
၃။ အလွယ်တကူ အလျှော့ပေးခြင်း
ကြိုးစားပြီး သိပ်မကြာခင်မှာပဲ အခက်အခဲနဲ့တွေ့လို့ အလွယ်တကူ အလျှော့ပေးလိုက်တက်ကြပါတယ်။
သမ္မတဟောင်း လင်ကွန်းဆိုရင် အမတ်အရွေးခံရမှာ ရှုံးနိမ့်၊ စီးပွားရေးမှာ မအောင်မြင်၊ ဒုသမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးတော့မှ အမေရိကန်ရဲ့ သမ္မတ ဖြစ်လာတာပါ။
၎။ မယုံကြည်ခြင်း
ကိုယ်လျှောက်လှမ်းတဲ့ လမ်းကြောင်းကို ကိုယ်ကိုတိုင် ယုံကြည်နေဖို့ကလည်း အရေးကြီးပါတယ်။ အောင်မြင်မှုမှာ သင့်ရဲ့ ကိုယ်ကိုကိုယ် ယုံကြည်မှု ရှိတဲ့စိတ်က မရှိမဖြစ်ပါ။
၅။ ဆင်ခြေပေးခြင်း
မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူးစတာတွေ အသုံးများလေလေ အောင်မြင်မှုနဲ့ ဝေးကွာလေလေပါပဲ။ မဖြစ်နိုင်ဘူး ဆိုတဲ့ အရာတွေမှာ ဘာကြောင့် မဖြစ်နိုင်တာလဲ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတော့ရှိပါတယ်။ လူတွေဟာ ဘာဖြစ်လာမယ်မှန်း မသိလို့ ကြောက်တက်ကြပါတယ်။ ကြောက်လို့ပဲ ဆင်ခြေပေးတက်ကြပါတယ်။
Credit – Duwun