20th March, 2017

5 types of people you'll meet in every workplace

လုပ်ငန်းခွင်ဆိုသည်မှာ လူပေါင်းမြောက်များစွာ ရောထွေးဆက်ဆံရသော ပတ်ဝန်းကျင်ဖြစ်ပြီး ထိုသူအားလုံးနှင့် အတူတကွ အောင်မြင်မှု့ပန်းတိုင်သို့ လျှောက်လှမ်းရသော ပတ်ဝန်းကျင်ဖြစ်သည်။ ပတ်ဝန်းကျင်သည် စက်ရုံနှင့် ကုမ္ပဏီအရ ပြောင်းလဲနိုင်သော်လည်း ထိုလူ ၅မျိုးသည် မည်သည့်ပတ်ဝန်းကျင်မဆို တွေ့ဆုံနိုင်သော သူများ ဖြစ်သည်။   ထိုလူများ အကြောင်း နားလည်ထားခြင်းဖြင့် ပေါင်းသင်းဆက်ဆံလွယ်ခြင်း အလုပ်ကို မည်သို့ ညှိနှိုင်းလုပ်ကိုင် နိုင်မည်ကို နားလည်ခြင်း တို့ဖြင့် မိမိအလုပ်တွင် အောင်မြင်အောင် အထောက်အကူပြုသည်။   

 

အတင်း    

 

ရုံးအတွင်း အတင်းကို ပြောဆိုရန် အမြဲဆောင့်စားနေသူ ဖြစ်တယ် ထိုသူမျိုးကို အလုပ်တိုင်းတွင် တွေ့နိုင်တယ်။ ထိုသူများက အမြဲတမ်း အတင်းပြောဖို့ စိတ်အားထက်သန် နေသူများဖြစ်ပြီး တစ်ယောက်မှ တစ်ယောက်ကိုလည်း လွယ်လင့်တကူ အတင်းပြောသောသူ များဖြစ်တယ်။   ထိုသူမျိုးနှင့် အလုပ်လုပ်ရလျှင် နောက်ဆုံးပေါ်သတင်းနှင့် အနုပညာရှင် သတင်းများပြောပေးပါ ဒါပေမယ့် တခြားသော သူများ၏ ကြောင်းနှင့် ကုမ္ပဏီမကောင်း ကြောင်းပြောခြင်းကို ရှောင်ရှားပါ။ သင်ဘယ်လို ရှောင်ရှားရမလည်း - ပြောခံရသူ ကြားသွားလျှင် မကောင်းဘူး သို့မဟုတ် အခုလို ပြောရတာ စိတ်သက်တောင့် သက်တာ မဖြစ်ဟုပြောပြီး ငြင်းနိုင်ပါတယ်။    

 

အသံဆူညံခြင်းကို နားကြပ်တပ် ပိတ်ထားသူ   

 

သင့်နဲ့ အလုပ်တွဲလုပ်တဲ့ သူက အလုပ်လုပ်ချိန် တချိန်လုံး နားကြပ်တပ်ထားလား။ ထိုကဲ့သို့ သူမျိုးများက သူနှင့်အလုပ်တူတူ တွဲလုပ်သူ၏ နှောက်အယှက် ပေးခံရခြင်းမှ ရှောင်ရှားခြင်းမျိုး ဖြစ်သည်။ သူတို့ နားထောင်နေခြင်းက ပြင်ပအသံများ မဝင်အောင် ကာကွယ်ထားခြင်းမျိုး ဖြစ်တယ်၊ သင်တခုခု မေးခြင်း ပြောခြင်းများ ပြုလုပ်ချင်ပါက လက်ပြခြင်း ပြုံးပြခြင်းများ ပြုလုပ်ပါ။  

 

အသင်းခေါင်းဆောင်   

 

အကယ်၍ သင်နှင့် အလုပ်တူတူလုပ်သူက သင်ကော်ဖီမသောက်ခင် သူရဲ့အလုပ် တော်တော်များများ ပြီးပြီဆိုပါက သူ့ရဲ့ အရည်အချင်းက အမိုးပေါက်ထွက်အောင် တော်လွန်းနေပြီး အသင်းခေါင်းဆောင်လို သူမျိုးဖြစ်သည်။ ထိုသူလိုမျိုးနှင့် အလုပ်တွဲလုပ်ပါက သူတို့ရဲ အလုပ်ပြီးမြောက်ကြောင်းကို အကောင်းပြောပါ ပြီးလျှင်ပါဝင်ပါ၊ ချီးကျူးပါ။    အများအားဖြင့် အကောင်းမမြင်သူ   အများအားဖြင့် အကောင်းမမြင်သူများက တခြားသော ဝန်ထမ်းများရဲ့ အကြံဥာဏ်များကို ပြန်လည်ချေပလေ့ ရှိကျတယ်၊ သူတို့က အသစ်တွေလုပ်ရမှာကို တွန့်ဆုတ်နေတတ်ကြပြီး ဘယ်လိုလုပ်လျှင် ပိုကောင်းလည်း ဆိုတာထက် ဘာလို့အဲ့ဒီ အရာကအလုပ်မဖြစ်လည်း ဆိုတာကိုသာ ဦးတည်လေ့ ရှိကျတယ်။ သူတို့ကို စည်းရုံးချင်လျှင် သူတို့ကို အကြံဥာဏ်သစ်တွေ လုပ်ကြည့်ဖိုစည်းရုံးပါ ဒါပေမယ့် ထိုအကြံဥာဏ် မအောင်မြင်ပါက သင့်ကို သူပြောမယ့်စကားက “ပြောသားပဲ အလုပ်မဖြစ်ပါဘူးလို့” ။  

 

အောင်မြင်မှု့များနှင့်လူ   

 

ထိုကဲ့သို့ လူမျိုးကို သင်ဟိုးအဝေးကပင် လှမ်းမြင်နိုင်တယ်။ သူတို့လို သူမျိုးတွေက အမြဲအလုပ်ရှုပ်နေတတ်ပြီး စားပွဲနှင့် လည်းအမြဲတွဲ မြင်ရတယ် ပြီးလျှင် နောက်ထပ် ဆွေးနွေးပွဲ အတွက် အလုပ်ရှုပ်လျှက် ရှိတယ်။ အလုပ်ကိုလည်း စောရောက်၊ ပြန်လျှင်လည်း နောက်ကျမှ ပြန်လေ့ရှိပြီး တခြားသော အလုပ်များ အတွက်လည်း ကူညီရန် အသင့်ရှိနေတတ်တယ်။ သူတို့တွေက ရာထူးတက်ဖို့ လွယ်ကူပြီး အောင်မြင်မှု့တွေအတွက် အမြဲဖြစ်နိုင်ခြေ ရှိသောသူများ ဖြစ်တယ်။ သူတို့ကို သင့်အလုပ်တွေကို ဦးဆောင်ခိုင်း၊ ကူညီခိုင်း ပါက အောင်မြင်မှုရမှာ ဖြစ်ပါတယ်။    

 

Copyright: Jobnet.com.mm