24th March, 2017

5 Useful Tips For Job Seekers

 

Never stop and never quit   

 

ဒါလေးကတော့ အလုပ်ရှာနေသူများအတွက် မှတ်ထားသင့်တဲ့ ဆောင်ပုဒ်လေး တစ်ခုပါ။ မင်းလိုချင်တဲ့ အလုပ်ကို မရမခြင်း ဘယ်တော့မှ လက်မလျှော့နဲ့လို့ ပြောထားတာဖြစ်ပါတယ်။ မင်းမှာ တစ်ကယ်လိုချင်တက်မက် တဲ့ စိတ်ကူးတွေ ရှိမယ်ဆိုရင် အခက်အခဲတွေ၊ အတားအဆီးတွေ ကြုံလာတိုင်းမှာ ဒါတွေကို မင်းကို လက်လျှော့မှုတွေ၊ အရှုံးပေးချင်စိတ်တွေ ဖြစ်လာအောင် တွန်းအားမပေးကြပါဘူး။ ဒါတွေက မင်းကို စိတ်ခေါ်မှုတွေ နဲ့ အခက်အခဲတွေ ကြုံလာတိုင်းမှာ မင်းကို ဒီထက်ပိုကောင်းတဲ့ အရာတွေဖြစ်လာအောင် ထင်မြင်စေဖို့ အထောက်အကူပေးကြပါတယ်။ 

 

၁။ စိတ်ရှည်ပါ အမြဲအကောင်းဖက်ကို တွေးထားပါ    

အလုပ်ခေါ်တဲ့ ရက်ကျော်လွန်သွားတာတွေ၊ အချိန်နီးကပ်တာတွေနဲ့ ကြုံလာရင် အလုပ်ရှာဖွေသူ အများစုဟာ စိတ်ဓါတ်ကျလွယ်ကျပါတယ်။ ဒါကြောင့် အလုပ်ရှာနေတုန်း အတော်အတွင်းမှာ စိတ်ပျက်မှုတွေ၊ စိတ်ဓါတ်ကျမှုတွေက အမြဲအလုပ်ရှာဖွေသူတွေအပေါ် ဖိအားတစ်ခု အနေနဲ့ ရောက်ရှိလာစေနိုင်ပါတယ်။ မင်းလိုချင်တဲ့ နေရာတွေမှာ အလုပ်ရရှိနိုင်အောင် အမြဲ မိမိကိုယ်ကိုယ် အမြဲသွက်လက်တက်ကြွနေအောင် ကြိုးစားပါ။ နောက်တစ်ခုကတော့ မန်နေဂျာရာထူးအတွက် အလုပ်ခေါ်ထားတဲ့ အချိန်ကျရင် မင်းအနေနဲ့ မင်းရဲ့ resume ကို တင်ပြီးသွားရင် ဒါမှမဟုတ် အင်တာဗျူးဝင်ပြီးသွားတဲ့ အချိန်တွေမှာအောင် အမြဲ ဒီအလုပ်အတွက် သင့်တော်တဲ့ သူရှာတွေ့သွားပြီးလား မတွေ့သေးဘူးလားဆိုကို အမြဲစောင့်ကြည့်သင့်ပါတယ်။ ဒါကတော့ မင်းအနေနဲ့ ဒီရာထူးကို အခုထိစိတ်ဝင်စားနေကြောင်း သူတို့ကို ပြသနေတဲ့ သဘောပါ။ ဒါပေမယ့် စိတ်မရှိတဲ့လေသံတွေ ရင့်သီးတဲ့ စကားလုံးတွေကို မသုံးမိအောင် ဂရုစိုက်ရပါမယ်။ သူတို့ကို နေ့တိုင်းဒါမှမဟုတ် တစ်နေ့ ၂ ကြိမ် မင်းအတွက် သင့်တော်တဲ့ အဖြေမရရှိမခြင်း မေးမြန်းသင့်ပါတယ်။ သတိထားဖို့ရာ အလုပ်ခေါ်ရာမှာ သင့်တော်တဲ့ လူရရှိဖို့အတွက် သူတို့ရဲ့ အချိန်တွေကို အမြဲ ထပ်တိုးတပ်ပါတယ်။ ပြီးတော့ သေသေချာချာရွေးချယ်စီစစ်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။   

 

၂။ မင်းရဲ့ ပထမဦး အင်တာဗျူးကို လူအထင်ကြီးခံရအောင် လုပ်ဆောင်ပါ   

အလုပ်တွေ အများအပြားလျှောက်ထားတဲ့ အခါမှာ တခြားသူများတွေနဲ့ ပြုမှုဆက်ဆံရတာတွေကို အမြဲဂရုစိုက်ဖို့ လိုပါတယ်။ အခြားအလုပ်အင်တာဗျူးသူတွေနဲ့ မတူညီအောင် ပြုလုပ်ချင်တယ်လို့ စိတ်ကူးရှိရင် မင်းအနေနဲ့ ဒီအလုပ်ကို ဘယ်လိုစိတ်အားထက်သန်နေကြောင်း၊ စိတ်ပိုင်းဖြတ်ပြီး အကောင်းမွန်ဆုံး လုပ်ဆောင်မယ်ဆိုတာတွေကို မိမိကို အင်တာဗျူးသူတွေကို သိရှိအောင် လုပ်ဆောင်ရပါမယ်။ မင်းအနေနဲ့ သူတို့ကို ဒီအလုပ်ရရှိခဲ့ရင် ရုံးကို ဘယ်လို အစောဆုံးလာမယ်ဆိုတာတွေ၊ စတိုင်ကျကျ ဝတ်စားဆင်ယင်မယ်ဆိုတာတွေ၊ အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် လုပ်ထားမယ်ဆိုတာတွေကို သိရှိအောင် ပြုလုပ်ပေးရပါမယ်။        

 

၃။ အလုပ်ရှင်တွေကို အတွက် အာမခံချက်တွေ   

အလုပ်အင်တာဗျူးတိုင်းမှာ အလုပ်ရှင်တွေ ဒါမှမဟုတ် အင်တာဗျူးတဲ့ မန်နေဂျာတွေဟာ မင်းကို ဘာကြောင့် တခြားသူများထက်ပိုပြီး ရွေးချယ်သင့်ကြောင်းကို ပြသနိုင်ဖို့ မင်းအနေနဲ့ နားလည်သဘောပေါက်သင့်ပါတယ်။ အကောင်းဆုံးနည်းကတော့ ဒီကုမ္ပဏီရဲ့ လိုအပ်ချက် တစ်ခုအတွက် မင်းက မင်းမှာရှိတဲ့ အရည်အချင်းနဲ့ အတွေ့အကြုံတွေကို အသုံးပြုပြီး ဘယ်လိုဖြည့်ဆည်းပေးနိုင်တယ် ဆိုတာကို ပြသနိုင်ရပါမယ်။ တကယ်လို့ အခီုကုမ္ပဏီရဲ့ လိုအပ်ချက်က မင်းရဲ့ အရင်အလုပ်တွေတုန်းက ပြသာနာတွေကို မင်းရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဘယ်လို ဖြေရှင်းခဲ့လည်းဆိုတာကို ပါပြသနိုင်ရပါမယ်။ အလုပ်ရှင် အများစုက ပိုက်ဆံတွေကို ဘယ်လိုရရှိနိုင်အောင် လုပ်မလဲ ဆိုတာပဲ စဉ်းစားကြတာပါ။ ဒါကြောင့် မင်းအနေနဲ့ မင်းက ဒီအလုပ်အတွက် ပိုသင့်လျှော်ပြီး မင်းကို လခပေးရတာနဲ့ တန်အောင် ဘယ်လိုလုပ်နိုင်တာတွေ၊ ဒီကုမ္ပဏီကို ဒီထက်ပိုပြီး ကြီးပွားအောင် လုပ်နိုင်တာတွေကိုပါ ပြသနိုင်ရပါမယ်။        

 

၎။ မင်းရဲ့ portfolio တွေကို အမြဲဆောင်ထားပါ   

အခုခေတ်မှာ မင်းရဲ့ resume တစ်ခုတည်းနဲ့ အလုပ်လျှောက်ထားဖို့ မပြည့်စုံတော့ပါဘူး။ အလုပ်ရှာဖွေတဲ့ ဈေးကွက်က ပိုပြီး အပြိုင်အဆိုင် ဖြစ်လာတာနဲ့ အတူတူ မင်းအနေနဲ့ ဘယ်လိုဆန်းသစ်တဲ့ အရာတွေနဲ့ အလုပ်ရှင်တွေကို ချပြနိုင်မလဲဆိုတာ အမြဲစဉ်းစားသင့်ပါတယ်။ ဒီအထဲက တစ်ခုကတော့ မင်းရဲ့ portfolio ပါ။ ဒါကတော့ ဘယ်လို အလုပ်မျိုးတွေကို မင်းလုပ်ခဲ့ဖူးသလဲ ဆိုတာပေါ့။    ယေဘုယျအားဖြင့် ဒါတွေကတော့ မင်းရဲ့ အလုပ်လုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေနဲ့ ကုမ္ပဏီတွေအကြောင်း တစ်မျက်နှာလောက် ချရေးထားရပါမယ်။ ပြီးတော့ ဘယ်လိုအလုပ်တွေကို ပြီးမြောက်သွားအောင် လုပ်ဆောင်ခဲ့တာတွေ၊ ဆုတွေ အကြောင်းပါ ထည့်ရေးထားပါ။ ပြီးတော့ မင်းအနေနဲ့ လက်ရှိ ဘယ်လို အလုပ်တွေကို ရှာဖွေနေလဲ ဆိုတာတွေ၊ projects တွေရဲ့ templates တွေပါ ထည့်ရေးသင့်ပါတယ်။         ၅။ အင်တာနက်ကို ဘယ်လိုအကျိုးရှိအောင် သုံးမလဲ    ကုမ္ပဏီတော်တော်များများဟာ လက်ရှိမှာ သူတို့ ကိုယ်ပိုင် website တွေရှိကြပါတယ်။ ဒါတွေဆီကပဲ resume တွေကို online က အများဆုံးလက်ခံရယူတတ်ပါတယ်။ ဒီအထဲကမှ တစ်ချို့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ LinkedIn နဲ့ Facebook တွေကနေ အလုပ်သမားများကို ရှာဖွေကြပါတယ်။ ဒါကြောင့် မင်းအနေနဲ့ web experience ကို ကောင်းမွန်စွာအသုံးချနိုင်အောင် ကြိုးစားထားရပါမယ်။ ပြီးတော့ မင်းရဲ့ ကိုယ်ပိုင် ဘလော့တွေ၊ website တွေကို ဖြစ်နိုင်ရင် တည်ဆောက်ထားရပါမယ်။ ပြီးတော့ LinkedIn, Facebook, Twitter နဲ့ Google Hangouts တွေမှာ မင်းရဲ့ အပေါင်းအသင်းတွေကို တတ်နိုင်သမျှ များသထက်များအောင် ကြိုးစားရပါမယ်။

 

REF:The Opportunity Journal