20th March, 2017
6 questions you should never answer honestly at work
Share
Blog Link Copied
ဒီမေးခွန်းမျိုးက
အင်တာဗျူးတွေမှာ မေးလေ့ရှိပါတယ်။
၁. နောက် ၅ နှစ်ဆိုရင်
မင်းဘာလုပ်နေမလဲ။
အဲလိုမေးလာလျှင်
တခြားမှာအလုပ်လုပ်နေပြီတို့၊ မင်းထိုင်နေတဲ နေရာတို့၊ ကားအကောင်းစားကြီးစီး
ပြီးလျှောက်သွားနေပြီတို့ စိတ်ထဲရှိတဲ့အတိုင်း အမှန်တိုင်း မဖြေပဲ အခုချိန်ကတော့
သင်ယူလို့ကောင်းတုန်း ဖြစ်ပြီး နောက်ငါးနှစ်ဆိုရင်တော့ ဒီသင်ယူခဲ့တဲ့ ပညာတွေနဲ့
ကုမ္ပဏီ တိုးတက်အောင် ကြိုးစားနေမှာပါ လို့ဖြေရင် သင့်တော်ပါတယ်။
၂. မင်းအရက်နာကျနေလား။
သင်စဉ်းစား ကြည့်ပါ။ သင်က
ဟုတ်ပါတယ်လို့ ဖြေခဲ့ပါက သင်ရဲ့ သောက်၊စားခြင်းက အလုပ်တွင် လာထိခိုက်တယ်လို့
ထင်ပါတယ်။ အကယ်၍ သင်နေလို့မကောင်းရင်တောင် “မဟုတ်ပါဘူး”လို့ပဲ ဖြေပါ ဒါမှမဟုတ်
ခွင့်ယူလိုက်တာ အကောင်းဆုံးပါပဲ။
၃. မင်းရဲ့ သူဌေးကို
မင်းဘယ်လို မြင်လဲ။
ဒီလိုမေးခွန်းမျိုး
မေးလာတဲ့ လုပ်ဖေါ်ကိုင်ဖက်ရှိမှာပါ အဲ့ဒီအခါ သင့်အတွက် မထင်မှတ်ပဲ ကြိုလင့်နေတဲ့
ဘေးရန်ရှိနိုင်ပါတယ်။ သင်ကိုယ်တိုင်က လည်းထိုမေးခွန်းမျိုးမေးမိ မှာပါ အဲ့ဒိအခါ
ကျရင်လည်း စကားကို ရှေ့နောက်သတိထားပြီး ပြောကြမှာပါ။ အကြောင်းအရာ တခုခု
ကြောင့်ပြောမိခဲ့ရင်လည်း အားပျော့သော ချီးမွန်းခြင်းနှင့် စကြည့်ပါ အဲ့ဒီအခါ
သင့်စကားကို ဝင်ရောက်ထောက် ပြပေးမယ့်သူ ရောက်လာပါလိမ့်မယ်။
၎. မင်းဘယ်လို နေလဲ။
သင်နေကောင်းရင်တော့
“ကောင်းတယ်” ဖြေပါ အကယ်၍ သင်နေလို့ မကောင်းခဲ့တောင် “ကောင်းတယ်” လို့သာ ဖြေပေးပါ။
ဒီမေးခွန်း မေးတာ သင့်ဆီက တုန့်ပြန်မှုတခုခု လိုချင်လို့ သင့်ရဲ ကိုယ်ရေးကိုယ်တာတွေ
သိချင်လို့မေးတာ မဟုတ်ပါ အဲ့ဒါကြောင့် သင့်ရဲ့ တနေ့တာ ကိုဖြေဖို့
မလိုအပ်ပါဘူး။
၅. ဘာလို့မင်း
အရင်အလုပ်ကနေ ထွက်တာလဲ။
ဒီမေးခွန်းကလည်း
အင်တာဗျူးတွေမှာ မေးတက်တဲ့မေးခွန်းမျိုး ဖြစ်တယ်။ အမှန်တိုင်းဖြေရင် သူဌေးကို
မုန်းလို့ ကုမ္ပဏီကို မကြိုက်လို့ ပိုက်ဆံ ပိုလိုခြင်လို့ ဟုဖြေနိုင်သော်လည်း သင်ဟာ
မကောင်းတဲ့သူ အလိုရမက်ကြီးသူ ဟုထင်ခံရနိုင်ရပါတယ်။ ဒါ့ကြောင့် သင်က သင့်ရဲ့
လက်ရှိအလုပ်ကို သဘောကျပါတယ်။ ဒါပေမယ့် သင့်ရဲ့ နည်းပညာနှင့် အလုပ်
လုပ်နိုင်စွမ်းကို စိန်ခေါ်ချင်လို့ ပါဟုဖြေနိုင်ပါတယ်။ သင်ဟာ အချိန်တိုပဲ အလုပ်
လုပ်ခဲ့ရင်တော့ သင်အမှန်တိုင်း ဖြေဖို့လိုပါလိမ့်မယ်။ ဒါမှမဟုတ် ယဉ်ကျေးမှုမတူလို့
အလုပ်ရဲ့ လုပ်ပုံကိုင်ပုံခြင်း ကွာလို့ စသည်ဖြင့် ဖြေနိုင်တယ်။ ဒါပေမယ့် သင့်ကို
အင်တာဗျူးတဲ့သူက သင်ကို ချေးများသူ ကြီးကျယ်တယ်လို့ မထင်ရအောင်တော့ သတိထား
ဖြေစေချင်ပါတယ်။
၆. ဒီအကြံဥာဏ်
ကောင်းလား။
သင်အမှန်တိုင်း တခါတရံ
ဖြေသင့်ပါတယ်။ ကုမ္ပဏီရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အချိန်တော့
သင်မကောင်းဘူးထင်ရင် သင်ငြင်းသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ အကောင်းမြင်ပေးရင်
ပိုကောင်းပါတယ်။