25th June, 2017
6 Steps to change your life
Share
Blog Link Copied
မျှော်လင့်ချက်ဆိုတာ
ပြောင်းလဲမှု အားလုံးအတွက် အခြေခံပါ။ လူတွေက မျှော်လင့်ချက်ရှိလို့ပဲ
အပြောင်းအလဲကို လိုချင်ကြတာပါ။ သင်က သင့်ဘဝမှာ ဖြစ်လာမယ့် အပြောင်းအလဲတွေအတွက်
တာဝန်အရှိဆုံးသူပါ။ သင်သာ တကယ်ဖြစ်ချင်ရင်
သင့်ဘဝကို ပြောင်းလဲပစ်လို့ ရပါတယ်။ သင်က သင့်ဘဝကို ပိုကောင်းလာအောင်
အဆင့်မြှင့်ပစ်နိုင်ပါတယ်။ အဲဒီပြောင်းလဲမှုတွေကို အတွေးပြောင်းလဲခြင်းနဲ့ စရမှာပါ။
သင် အသင့် ဖြစ်ပြီဆိုရင်တော့ သင့်ရဲ့ဘဝကို ပြောင်းလဲဖို့ လိုအပ်တဲ့
ခြေလှမ်းခြောက်ခုကို ကျွန်တော် ပြောပြပါမယ်.
၁. အတွေးပြောင်းလဲရင်
ယုံကြည်ချက် ပြောင်းလဲပါတယ်
ယုံကြည်ချက်ဆိုတာ သင်
အမြဲ မှတ်မိ သိရှိနေရတဲ့ အရာတစ်ခုကြောင့် ဖြစ်လာတဲ့ ဘေးထွက်ပစ္စည်းဆိုတာထက်ကို
ပိုပါတယ်။ သင် ယုံကြည်၊ တွေးခေါ်တဲ့ အရာဟာ သင် တကယ်ဖြစ်လာအောင် အားထုတ်နေတဲ့
အတွေးတွေပါပဲ။ သင့်အတွေးတွေကို အလုပ်ဖြစ်နိုင်တဲ့ ပမာဏထိ လျှော့လိုက်ရင် ပြောင်းလဲမှုနဲ့
ပါတ်သတ်တဲ့ စွန့်စားရမှုကိုလဲ လျော့နိုင်စေမှာ ဖြစ်ပါတယ်။
၂.
ယုံကြည်ချက်ပြောင်းလဲရင် မျှော်မှန်းချက် ပြောင်းလဲပါတယ်
ယုံကြည်ချက်ဆိုတာ သင်ဟာ
တစ်ခုခုလုပ်နိုင်မယ်လို့ ကိုယ့်ဘာသာ သိနေတာပါ။ ယုံကြည်ချက်ကြောင့်ပဲ
ကျွန်တော်တို့ဟာ အလုပ်တစ်ခုခုကို ကြည့်လိုက်တာနဲ့ အဲဒီအလုပ်ကို လုပ်နိုင်
မလုပ်နိုင်သိနေပါတယ်။ ယုံကြည်ချက်မှာ စိတ်ကူးတွေကို လက်တွေ့အဖြစ်
ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ သင် လုပ်နိုင်မယ်လို့ ယုံကြည်ရင်
လုပ်နိုင်မှာ ဖြစ်ပြီး မလုပ်နိုင်ဘူးလို့ ယုံကြည်ရင် လုပ်နိုင်မှာ မဟုတ်ပါဘူး။
၃. မျှော်မှန်းချက်
ပြောင်းလဲရင် စိတ်ထား ပြောင်းလဲပါတယ်
လူတော်တော်များများဟာ
သာမန်ဖြစ်နေရတာကို အသားကျနေပါတယ်။ ဒုတိယလူဘဝမှာ အသားကျနေပါတယ်။ သင်သိထားဖို့က
အောင်မြင်မှုရဲ့ ပထမခြေလှမ်းဟာ အောင်မြင်နိုင်မယ်လို့ မျှော်မှန်းခြင်းပါပဲ။
၎. စိတ်ထားပြောင်းလဲရင်
အပြုအမူ ပြောင်းလဲပါတယ်
ကျွန်တော်တို့ စိတ်ထဲမှာ
ပြောင်းလဲလာတဲ့အခါ အပြုအမူတွေပါ ပြောင်းလဲလာပါတယ်။ ကိုယ်တိုင် မပြောက်းလဲပဲ
သူများတွေကို ကိုယ့်သဘောကျ ပြောင်းလဲခိုင်းလို့ မရလို့ပါ။
၅. အပြုအမူပြောင်းလဲရင်
စွမ်းရည် ပြောင်းလဲပါတယ်
လူတော်တော်များများဟာ
အဖြေသစ်ရှာဖို့ထက် ပြသနာဟောင်းတွေကို ဖက်တွယ်ထားချင်ကြပါတယ်။ အမှန်တရားကို
လိုက်နာမယ့်အစား သက်သက်သာသာ နေလိုကြတယ်။ အပြောင်းအလဲ လုပ်လိုက်ရင်
ပိုကောင်းသွားမှာ သိရက်နဲ့ အပြောင်းအလဲ လုပ်ရမှာ သက်သာမှု မရှိတာ ၊ ရှက်တာကြောင့်
မပြောင်းလဲကြပါဘူး။ သတ္တိရှိရှိနဲ့ သက်သက်သာသာမရှိတဲ့ နေရာမှာ နေရတာ အသားမကျမခြင်း
ပိုပြီး ကောင်းမလာနိုင်ပါဘူး။
၆. စွမ်းရည်ပြောင်းလဲရင်
ဘဝ ပြောင်းလဲပါတယ်
ကျရှုံးမှုကို
အောင်မြင်မှုအဖြစ် ပြောင်းရတာဟာ ဆင်ခြေတစ်ခုကို ဖြစ်နိုင်ခြေတစ်ခုအဖြစ်
ပြောင်းရတာထက် ပိုလွယ်ပါတယ်။ ကျရှုံးဖူးတဲ့ သူတွေဟာ ထပ်ကြိုးစားရင်
အောင်မြင်နိုင်ပေမယ့် အရာရာကို ဆင်ခြေပေးနေသူတွေဟာ ဘယ်တော့မှ အမှန်တကယ်
မအောင်မြင်နိုင်ပါဘူး။ သင် အရာတိုင်းကို ဆင်ခြေပေးတာဟာ သင့် စွမ်းရည် အပြည့်
ထုတ်သုံးဖို့ မကြိုးစားတာပါပဲ။ ဆင်ခြေတွေကို အမှန်တွေ ဖြစ်လာအောင်
ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
Credit: mmgentleman.com