8th May, 2017
Are You Sitting the Right Way in Your Office Chair?
Share
Blog Link Copied
အလုပ်စားပွဲမှာ
ထိုင်တဲ့ပုံစံမမှန်တဲ့အခါ သင့်ရဲ့ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား
ထိခိုက်နိုင်ပါတယ်။
တနေကုန် အလုပ်မှာ
အထိုင်များပြီး အလုပ်လုပ်ကြရတဲ့ သူတွေအတွက်
နည်းလမ်းမှန်မှန်ထိုင်ပြီး အလုပ်လုပ်တက်ဖို့ အရေးကြီးပါတယ်။ ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ ကွန်ပျူတာနဲ့
တစ်နေကုန် အလုပ်လုပ်ကြရတာသာ များပါတယ်။
ရှစ်နာရီနဲ့အထက်
အလုပ်စားပွဲမှာ ထိုင်လုပ်ကြရသူတွေအတွက်
ထိုင်ခုံမှာ ထိုင်နည်းမှန်ကန်ဖို့လိုပါတယ်။
အလုပ်စားပွဲမှာ ထိုင်တဲ့ပုံစံမှန်ဖို့ အောက်ပါ (၅) ချက်ကို လိုက်နာသင့်ပါတယ်။
၁။ နောက်မှီပါတဲ့ ကုလားထိုင်နဲ့ ထိုင်သင့်ပါတယ်။ ဒါပေမယ့် ထိုင်တဲ့အခါ
ကျောကုန်းမတ်နေအောင် ထိုင်ခုံနောက်မှီနဲ့
သင်ရဲ့ကျောဘက် ကြားထဲမှာ ခေါင်းအုံးအသေးစား တစ်ခု ထည့်ထားသင့်ပါတယ်။
၂။ ဦးခေါင်းဟာ
ကျောရိုးနဲ့ တသတ်မတ်တည်း ဖြစ်နေရင်
အကောင်းဆုံးပါ။ ခေါင်းကအရမ်းငုံ့လွန်းတာ၊ မော့လွန်းတာမျိုး မဖြစ်အောင် ကွန်ပျူတာ မျက်နှာပြင်ကို
ခေါင်းနဲ့ မျက်နှာနဲ့ တည့်တည့်
ထားသင့်ပါတယ်။
၃။ တံတောင်ဆစ်တွေကို
ထိုင်ခုံလက်ရန်းတွေပေါ်မှာ တင်ထားသင့်ပါတယ်။ တံတောင်တင်လို့ အဆင်ပြေမယ့်
ထိုင်ခုံမျိုး ရှာသင့်ပါတယ်။
၎။ တင်ပါးဟာ
ထိုင်ခုံနောက်အဆုံးမှာ ရှိနေသင့်ပါတယ်။ ထိုင်ခုံအရှေ့စွန်းထိရောက်အောင်
လျှောချပြီး ထိုင်တာမျိုး မလုပ်သင့်ပါဘူး။
၅။ ခြေဖဝါးကို
ကြမ်းပြင်မှာ တစ်ပြေးတည်း ချထားသင့်ပါတယ်။ ကြမ်းပြင်ကို ခြေဖဝါးမချနိုင်ရင် သင့်ထိုင်ခုံကို
နှိမ့်ပြီး ထိုင်နိုင်ပါတယ်။
Credit- Duwun