MMR
Myanmar
3rd April, 2017
Bad air Quality ,Bad decision making
လေကောင်း လေသန့်လည်းရ၊ သစ်ပင် ပန်းမန်လေးများနဲ့လည်း စိမ်းစိမ်းစိုစိုရှိသော အလုပ်ခွင်မျိုးသည် ၀န်ထမ်းများ၏ ဦးနှောက်စွမ်းရည်ကို အတက်စေဆုံး ဖြစ်ပြီး အခြား အစွန်းတစ်ဖက်တွင်ကား လေကောင်း လေသန့်မရ မွန်းကျပ်သည့် အလုပ်ခွင်မျိုးသည် ဆုံးဖြတ်ချက်ကောင်းချဖို့ပင် မလွယ်ကူကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
လေ၀င် လေထွက် ကောင်းသော အလုပ်ခွင်မျိုးတွင် လုပ်ကိုင်ရသူများသည် တွေးခေါ်နိုင်စွမ်း ပိုကောင်းသလို၊ သင်ယူနိုင်စွမ်းနှင့် မှတ်ဉာဏ်လည်း ပိုကောင်းကြကြောင်း လေ့လာမှုစစ်တမ်းက ဆိုသည်။ ဟားဗတ် တက္ကသိုလ်မှ သုတေသီများက လူ (၂၄) ဦးကို အလုပ်ခွင်အတွင်း ခြောက်ရက်ကြာ လေ့လာထားခြင်း ဖြစ်သည်။
လေ့လာ တွေ့ရှိချက်များကို Environmental Health Perspectives ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ရုံးခန်းအတွင်း လှောင်ပိတ်ကာ လေထု ညစ်ညမ်းမှုများနေပါက အလုပ် ထိုင်လုပ်နေသူသည် ဦးနှောက် စွမ်းရည်ကျကာ ဆုံးဖြတ်ချက် အမှားတွေ ချမိနှုန်း (၆၁) ရာခိုင်နှုန်း ပိုများပြားကြောင်း စစ်တမ်းက ရေးသား ဖော်ပြထားသည်။ စစ်တမ်း ပါဝင်သူများ၏ နေ့စဉ် အလုပ်တာဝန်များ လုပ်ကိုင်ခြင်းမှသည် အရေးကြီး အခြေအနေများကို ကိုင်တွယ်ပုံများကိုပါ စောင့်ကြည့် လေ့လာထားခြင်း ဖြစ်သည်။
ရုံးခန်းက လေ၀င် လေထွက်လည်း ကောင်းမည်။ လေထုလည်း သန့်ရှင်းမည် ဆိုပါက ၀န်ထမ်းများ၏ ဦးနှောက် စွမ်းရည်သည် လေ၀င် လေထွက် မကောင်း လေထုမသန့်သော ရုံးခန်းမှ ၀န်ထမ်းမျိုးထက် (၁၀၁) ရာခိုင်နှုန်းထိ ပိုထက်မြက်နေတတ်ကြောင် တွေ့ခဲ့ရသည်။ ''၀န်ထမ်းတွေဟာ အလုပ်ချိန် (၉၀) ရာခိုင်နှုန်းလောက်ကို ရုံးခန်းထဲမှာ ကုန်ဆုံးနေရတာ။ ရုံးခန်းရဲ့ အခြေအနေဟာ ၀န်ထမ်းတွေရဲ့ ကိုယ်စိတ်စွမ်းဆောင်ရည်ကို သက်ရောက်မှု သိပ်ကြီးပါတယ်'' ဟု စစ်တမ်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဂျိုးဆက်အလန်က ပြောသည်။
REF: messenger news journal
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us