22th July, 2017

Career vs Job

Careerနဲ့ Job ဘယ်လိုကွဲပြားသလဲ။ ဒီနှစ်ခုကြားမှာ ကွဲပြားခြားနားချက် တွေအများကြီးရှိနေပါတယ်။ အလုပ်တွေ အရမ်းများပြီး စိတ်ဖိစီးမှုရှိတာကို Job လို့ သတ်မှတ်ကြပြီး အလုပ်တွေအရမ်းလုပ်ပြီး အလုပ်အပေါ်မှာစိတ်အားထက်သန်မှု၊ ရူးသွပ်မှုတို့ရှိနေတာကို Career လို့ယေ ဘုယျသတ်မှတ်ကြပါတယ်။ ဒီနှစ်ခုကြားက ကွဲပြားခြားနားတဲ့တခြားအချက်တွေကို လည်း အခုတစ်ပတ်မှာ ဖော်ပြပေးချင်ပါ တယ်။        
ကိုယ့်ရဲ့အလုပ်အကိုင်က Job လား၊ ဒါမှမဟုတ် Careerလားလို့ ဝေဖန် သုံးသပ်ဖူးပါသလား။ ဒီအချက်တွေနဲ့ နှိုင်း ယှဉ်ပြီး ကိုယ့်ရဲ့လက်ရှိအလုပ်က ဘယ်လို အလုပ်မျိုးဖြစ်မလဲလို့ ဝေဖန်ဆန်းစစ်ကြည့် စေလိုပါတယ်။       

ရေတိုအလုပ်အကိုင်နဲ့ ရေရှည်အလုပ် အကိုင်        
ဒီနေရာမှာ Job ဆိုတာကိုတော့ ရေတိုအတွက်လုပ်တယ်လို့ယေဘုယျသတ် မှတ်ထားပါတယ်။ ကိုယ့်ရဲ့ဝါသနာအရင်း မခံဘဲ အလုပ်တစ်ခုအတွက် ရရာအလုပ် တစ်ခုခုကိုရွေးချယ်ခွင့်မရှိဘဲလုပ်လိုက်ရတာ ကို Job လို့သတ်မှတ်ထားပါတယ်။ ဒီအ တွက်တော့ ဒီအလုပ်က ရေတိုပဲဖြစ်ပါ တယ်။ တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့ရည်မှန်း ချက်နဲ့သက်ဆိုင်တဲ့အလုပ်တစ်ခုခုလုပ်ဖို့ အခွင့်အရေးရလာတာနဲ့တစ်ပြိုင်နက် တခြားအလုပ်ကိုပြောင်းလဲသွားတတ်ကြပါ တယ်။ ဒါကြောင့် Job ဆိုတာက ရေတို အတွက်လုပ်တဲ့အလုပ်လို့သတ်မှတ်ထားကြ ပါတယ်။        
Career ကိုတော့ရေရှည်အလုပ်လို့ သတ်မှတ်ကြပါတယ်။ ကိုယ့်ရဲ့အသက်မွေး မှုလုပ်ငန်းကို ငယ်ရွယ်စဉ်ကတည်းက စိတ် ကူးယဉ်ကြသူရှိသလို၊ အရွယ်ရောက်လာ ချိန်ကြမှ ကိုယ်ကဒီအလုပ်နဲ့ကိုက်ညီတယ် ကိုယ်နဲ့အဆင်ပြေမယ်ဆိုပြီး ရွေးချယ်ကြ သူတွေလည်းရှိပါတယ်။ သူတို့ရွေးချယ်တဲ့ Career က သူတို့ရဲ့စိတ်ကူးယဉ်အိပ်မက် ပါ၊ သူတို့ရဲ့ ရူးသွပ်မှုပါ။ ဒါကြောင့်ဒီအလုပ် ကို ရေရှည်အတွက်ရည်ရွယ်ပြီးရွေးချယ်ကြ ပါတယ်။ သူတို့ရဲ့အလုပ်အပေါ်စိတ်ပါဝင် စားမှု၊ စိတ်အားထက်သန်မှုတွေကြောင့် အလုပ်ချိန်တွင်သာမက အလုပ်ချိန်ပြင်ပ မှာပါ အလုပ်အကြောင်းတွေးတောနေ တတ်သူများဖြစ်ပါတယ်။        

လုပ်ငန်းအတွေ့အကြုံဖွံ့ဖြိုးဖို့ အခွင့်အလမ်းနည်းပါးတာနဲ့ လုပ်ငန်းအတွေ့ အကြုံ ဖွံ့ဖြိုးဖို့အားသာချက်ရှိတာ
Job လို့ခေါ်တဲ့အလုပ်မှာတော့ ကိုယ့် ရဲ့အခြားခြားသောတတ်ကျွမ်းမှု၊ ကျွမ်းကျင် တတ်မြောက်မှုတွေဖွံ့ဖြိုးဖို့အားနည်းပါ တယ်။ ဒီအလုပ်ကကိုယ့်ရဲ့ဝါသနာလည်း မဟုတ်တာကြောင့် စိတ်ပါဝင်စားမှုမရှိသ လို၊ ဒီထက်ပိုပြီးအရည်အချင်းဖြည့်ဆည်းဖို့ ရာလည်း စိတ်အားထက်သန်မှုမရှိနိုင်ပါ ဘူး။ ဒါကြောင့် ကိုယ်ဝါသနာမပါတဲ့အ လုပ်ကိုလုပ်ကိုင်နေကြရသူများအဖို့ ကိုယ့် ရဲ့အလုပ်မှာအောင်မြင်မှုရဖို့အခွင့်အလမ်း နည်းပါးသလို၊ အရည်အချင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ဖို့အခွင့်အလမ်းလည်းနည်းပါးစေ ပါတယ်။        
Career မှာတော့ Job နဲ့အများကြီး ကွဲပြားခြားနားပါတယ်။  Career ဆိုတာကကိုယ်တိုင်စိတ်တိုင်းကျရွေးချယ်တဲ့ အလုပ်ဖြစ်လို့ ကိုယ့်ရဲ့တိုးတက်လမ်း၊ ကိုယ့် ရဲ့အရည်အချင်းမြှင့်တင်ဖို့အတွက် စိတ် ဓာတ်တက်ြွကကြပါတယ်။ ကိုယ့်ရဲ့အား လပ်ချိန်မှာ ကိုယ့်ရဲ့အသက်မွေးမှုပညာရပ် နဲ့သက်ဆိုင်တဲ့ပညာရပ်တွေ၊ ဆက်စပ်နေ တဲ့ပညာရပ်တွေကို လေ့လာဖို့အတွက် အမြဲလိုလိုကြိုးစားအားထုတ်နေတာဖြစ်ပါ တယ်။        

အလုပ်ကအပြန်စိတ်ဖိစီးမှုတွေနဲ့ပြန်ရတာနဲ့ အပျော်တွေနဲ့ပြန်ရတာ        
အလုပ်ကနေအိမ်ကိုပြန်တဲ့အခါ စိတ် အနှောင့်အယှက်ဖြစ်ပြီး ဒေါသတကြီး အိမ်ပြန်ရတာကို Job လို့သတ်မှတ်ထား ပါတယ်။ ကိုယ်မချစ်တဲ့အလုပ်မှာ ကိုယ် စိတ်မဝင်စားတဲ့အလုပ်တွေနဲ့ တစ်နေ့ကို ၈နာရီအလုပ်လုပ်ဖို့ဆိုတာ တကယ်တော့ သိပ်ကိုခက်ခဲတဲ့အလုပ်တစ်ခုပါ။ နေ့စဉ် အိမ်ပြန်ချိန်မှာ စိတ်ဖိစီးမှုတွေ၊ မပျော်ရွှင်မှုတွေကိုပွေ့ပိုက်ပြီးပြန်ကြရတဲ့အလုပ်ဖြစ် နေသရွေ့ အလုပ်မှာအောင်မြင်မှုရဖို့ဆို တာမဖြစ်နိုင်ပါဘူး။        
Career ကတော့ကွဲပြားပါတယ်။ အလုပ်လုပ်ပြီး ပျော်ရွငှ်စွာအိမ်ကိုပြန်ရ တာကို Career လို့သတ်မှတ်ကြပါတယ်။ ကိုယ့်ရဲ့ယုံကြည်ရာအလုပ်၊ ကိုယ်ချစ်တဲ့ အလုပ်လုပ်နေသမျှကာလပတ်လုံး အလုပ် ကိုအလုပ်လို့မမြင်တော့ဘဲ ကိုယ်ရဲ့အိပ် မက်တွေကိုအကောင်အထည်ဖော်နေတဲ့ လုပ်ဆောင်မှုလို့ပဲသတ်မှတ်နေမှာဖြစ်ပါ တယ်။ အလုပ်ကိုချစ်သူတွေအတွက် အလုပ်လုပ်နေရတဲ့နေ့ရက်တွေလည်း မရှိ နိုင်တော့ပါဘူး။ အဲဒါကို Career လို့သတ် မှတ်ကြပါတယ်။        

ငွေကြေးစုဆောင်းတာနဲ့ အတွေ့အကြုံစုဆောင်းတာ        
ငွေကြေးအတွက်အလုပ်လုပ်နေရ တာကို Job လို့ခေါ်ပြီး အတွေ့အကြုံနဲ့ ပညာရပ်တွေအတွက်အလုပ်လုပ်နေတာကို Career လို့ခေါ်ပါတယ်။ ဝါသနာအရ မဟုတ်ဘဲ ငွေကြေးကြောင့်ရရာအလုပ် တစ်ခုခုကိုဝင်လုပ်ဖူးတဲ့သူ မနည်းပါဘူး။ အဲဒီအထဲမှာ အခုစာဖတ်နေသူလည်းပါ ကောင်းပါနိုင်ပါတယ်။ အဲဒီလိုဝါသနာ ကြောင့်မဟုတ်ဘဲ အလုပ်လုပ်ရတာကို Job လို့သတ်မှတ်ထားပါတယ်။ ငွေကြေး စုဆောင်းဖို့တစ်ခုတည်းနဲ့ အလုပ်လုပ်ရ တာကဲသဘပါ။         အတွေ့အကြုံတွေစုဆောင်းဖို့အ လုပ်လုပ်နေရတာကို Careerလို့သတ်မှတ် ပါတယ်။ ငွေကြေးကြောင့်မဟုတ်ဘဲ ကိုယ် ဝါသနာပါရာကို လေ့လာစူးစမ်းဖို့၊ တီထွင် ကြံဆဖို့အတွက်အလုပ်လုပ်နေကြသူတွေ ပါ။ ကိုယ့်ရဲ့အသက်မွေးမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ပညာရပ်တွေ၊ အတွေ့အကြုံတွေ ကိုတန်ဖိုးထားပြီးရှာဖွေတာကို Career လို့ သတ်မှတ်ထားပါတယ်။ တခြားသူတွေက အလုပ်လုပ်ပြီးငွေကြေးကိုရှာဖွေနေချိန်မှာ သူတို့ကတော့ လက်ရှိအလုပ်ရဲ့ရောက်တဲ့ နေရာကနေ ရှေ့ဆက်တက်ဖို့ ပညာရပ် တွေကို ရှာဖွေစုဆောင်းနေသူတွေပဲဖြစ်ပါ တယ်။         

အလုပ်သစ်ကိုအမြဲရှာနေတာနဲ့ အမြင့်ကိုတက်လှမ်းဖို့လှေကားရှာနေတာ        
ကိုယ်ဝါသနာမပါတဲ့အလုပ်ကိုလုပ် ရသူအဖို့ အမြဲလိုလိုအလုပ်သစ်ကိုရှာဖွေ နေရတာကို Job လို့သတ်မှတ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကိုအမြဲရှာ ဖွေနေကြသူတွေပါ။ အခွင့်အရေးရတာနဲ့ တစ်ဖက်ကိုခုန်ကူးဖို့အမြဲခြေလှမ်းပြင်နေကြ သူတွေပါ။ ကိုယ့်ရဲ့လက်ရှိအလုပ်မှာ မပျော်ဘူး၊ အလုပ်သစ်တစ်ခုပြောင်းလဲချင် တယ်၊ အခွင့်အရေးရတိုင်းလည်း အလုပ် အသစ်အတွက်ကြိုးစားကြည့်နေတယ်ဆိုရင် သေချာပါပြီ၊ သင့်ရဲ့အလုပ်က Job ဖြစ်နေ ပြီဆိုတာ သတိချပ်စေချင်ပါတယ်။        Career ကတော့သူနဲ့ဆန့်ကျင်ဘက် ပါ။ ကိုယ်ရောက်နေတဲ့လက်ရှိနေရာကနေ တစ်စထက်တစ်စမြင့်မားအောင် အခွင့် အလမ်းရှာဖွေနေတာ၊ လက်ရှိအခြေအနေ ထက်မြင့်သထက်မြင့်အောင်ကြိုးစားနေတာ ကို Career လို့ခေါ်ပါတယ်။ ကိုယ်ရောက် နေတဲ့အလုပ်ပတ်ဝန်းကျင်မှာ ပျော်ရွငှ်နေ ပါသလား။ အလုပ်လုပ်နေရတာကို စိတ် ချမ်းသာနေပါသလား။ ဒီအလုပ်ကို စိတ် ဝင်စားသလို၊ အမြဲလိုလိုအိုင်ဒီယာအသစ် တွေစဉ်းစားနေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့အလုပ်က Career ဖြစ်နေပါပြီ။         

Credit : ကျော့ကေခိုင်    Credit : opportunity journal