22th March, 2017
Changing Careers: The Do’s and Don’ts
Share
Blog Link Copied
သင်ရဲ့
သက်မွေးမှု့လုပ်ငန်းကို မပြောင်းခင် မိမိပြောင်းလဲရမည့် အကြာင်းအရင်းကို သေချာစွာ
သိရန် လိုအပ်ပါတယ်။
အကယ်၍ သင့်ရဲ့
သက်မွေးမှု့လုပ်ငန်းကို ပြောင်းလဲမည်ဆိုပါက သင့်ရဲ့ အနာဂတ်ကို ထိခိုက်နိုင်တာကို
သတိပြုပါ။ ပြောင်းလဲရမည်ဆိုပါက လုပ်သင့် မလုပ်သင့်ကို အောက်ပါ အချက်များ
ဖြင့်လေ့လာ နိုင်ပါတယ်။
မလုပ်သင့် - အသက်မွေးမှု့
လုပ်ငန်းကို ချက်ချင်းကြီး မပြောင်းသင့်ပါ။ သင့်တွင် ပြောင်းသင့်တယ်ဆိုတဲ့
တိကျသေချာတဲ့ အကြောင်းပြချက်ရှိမှသာ ပြောင်းသင့်တယ်။ သင့်လက်ရှိ ရာထူး၊ လုပ်ငန်း၊
အရည်အသွေး၊ လုပ်ငန်းတွေ့ အကြုံ စသည့် များစွာသော ပြောင်းလဲချင်းများ
ရှိလာနိုင်သည်ကို သတိပြုရမည်။
လုပ်သင့် - သင့်အရည်အသွေးတိုင်း
လုပ်ရမည့် ရာထူးမျိုးကိုပြောင်းပါ။ သင်က သင့်ရဲ့ သက်မွေးမှု့လုပ်ငန်းကို
နောက်တစ်ခုသို့ ပြောင်းလဲမည်ဆိုပါက သင့်တွင် အကြံဥာဏ်နည်းပြီး
နောက်ထပ်သင်ယူစရာများ များပြားပြီး လုပ်ငန်းမတွင်ကျယ် ဖြစ်တတ်သည်။
မလုပ်သင့် - သင့်ရဲ့
ကိုယ်ရေးရာဇဝင်ကို အသစ်ဖြည့်စွက် သင့်တာဖြည့်ပါ။ သင့်ရဲ့ ကိုယ်ရေးရာဇဝင်ထဲမှာ
ပြောင်းထားတဲ့ သက်မွေးမှု့အလုပ်ပါဝင်မှု့ကြောင့် သင့်ရဲ့ အောင်မြင်မှုကိုရရှိဖို့
ခက်ခဲပါလိမ့်မည်။
လုပ်သင့် - သင်ရဲ့
သက်မွေးမှု့ လုပ်ငန်းကို မပြောင်းခင် ထိုလုပ်ငန်းရဲ့ အကြောင်းကို သေချာစွာ
စုံစမ်းသင့်ပါတယ်။ သင့်ရဲ့ ဝါသနာကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ထိုမှသာသင့်ရဲ့
သက်မွေးမှု့ လုပ်ငန်းဘယ်တစ်ခုက သင်နှင့် သင့်တော် မတော်ကို သိနိုင်တယ်။
လုပ်သင့် - သင့်ရဲ့
လူမှု့ဆက်ဆံရေး ကွန်ယက်ကို အဆက်မပျက်သင့်ပါဘူး။ သင်က အခြား လုပ်တခုပြောင်းချိန်
ဖြစ်ဖြစ် အကြံဥာဏ်ရယူလိုလိုပဲဖြစ်ဖြစ် ပါတ်ဝန်းကျင်ရဲ့ ပြောစကားများ အကြံဥာဏ်များက
သင့်ရဲ့အောင်မြင်မှုကို အထောက်အပံ့ဖြစ်မှာပါ။
မလုပ်သင့် - သင့်ရဲ့
သက်မွေးမှု့လုပ်ငန်းကို သင့်ရဲ့ မိသားစု၊ သက်တူရွယ်တူ ဒါမှမဟုတ် အခြားခြားသော ပြင်ပ
ပယောဂများကြောင့် လွယ်လင့်တကူ မပြောင်းသင့်ပါ။
မလုပ်သင့် -
အစီအစဉ်မရှိပဲ သင့်ရဲ့ သက်မွေးမှု့လုပ်ငန်းကို မပြောင်းသင့်ပါ။ သင်ရဲ့
ပြောင်းလဲမှု့နှင့်သက်ဆိုင်တဲ့ အလုပ်ကို ရှာဖွေရန်ခက်ခဲပါတယ်။ ထိုအခါသင့်ရဲ့
အောင်မြင့်မှု့ကို ရရန်ကျန့်ကြာ တတ်တယ်။
လုပ်သင့် -
မျှော်လင့်ချက်ကို ပြောင်းပါ။ သင့်ရဲ့ နောက်ပြောင်းမည့် သင့်ရဲ့
သက်မွေးမှု့လုပ်ငန်းက နောက်ဆုံးမျှော်လင့်ချက်ထား ထားတဲ့ ရာထူးအလုပ်မျိုးလည်း
ဖြစ်တတ်တယ်။ လစာ၊ နေရာ၊ အလုပ်ချိန် စသည်တို့ကြောင့်တော့ ပြောင်းသင့်တယ်။