22th March, 2017

CV, Your First Impression...

အလုပ်မလျှောက်မီ သင်လုပ်မယ့် လုပ်ငန်းနှင့်ပတ်သက်ပြီး သိကျွမ်းနားလည် မှုရှိအောင်ပြုလုပ်ပြီးလျှောက်လွှာမှာ လုပ် ငန်းနှင့်ပတ်သက်လို့ သိကျွမ်းကြောင်းဖော် ပြပါ။ အဲဒီလိုဖော်ပြခြင်းအားဖြင့် သင့်တွင် စိတ်ကူးဉာဏ်ရှိကြောင်း၊ လုပ်ငန်းတွင် တကယ်ပင် စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြ ရာရောက်ပါတယ်။ 

 

 အင်တာဗျူးအတွက် ပြင်ဆင်တဲ့အခါ လုပ်ငန်းခွင်ဝင်ရန်အတွက် အင်တာဗျူး သွားရောက်ဖြေဆိုမည့်ပုဂ္ဂိုလ်ဟာ အဝတ် အစား၊ အသွင်အပြင်အလွန်အရေးကြီးပါ တယ်။ မိမိလျှောက်ထားမည့် ရာထူးနေရာ ဒေသအလိုက် လိုက်ဖက်မယ့် အဝတ် အစားများကို ဝတ်ဆင်သွားဖို့ရန် လိုအပ် ပါတယ်။ မိမိရဲ့အဝတ်အစားများမှာ အစွန်း အထင်း၊ အပေါက်အပြဲ၊ တွန့်ကြေနေတာ မျိုးတွေ ရှိ/မရှိစစ်ဆေးပါ။ အိမ်နေ အ၀တ်အစားဝတ်ဆင်ပြီး အလုပ်သွားလျှောက်ထားတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့အသွင်အပြင်၊ ဝတ်စားဆင်ယင်မှုဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုရှိ သလို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ အဝတ်အစား မျိုးကို ဝတ်ဆင်ရမှာဖြစ်ပါတယ်။

 

 အင်တာဗျူးတစ်ခု သွားတော့မယ် ဆိုရင် သူတို့သတ်မှတ်ထားသည့်အချိန် ထက် အနည်းငယ်စောပြီး ရောက်အောင် သွားရပါမယ်။ နောက်ကျတာမျိုး အပြေး အလွှားလာရတာမျိုး၊ အလုပ်တွေရှုပ်နေ တဲ့ပုံစံမျိုးဖြင့် လာရတာမျိုးမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ ကိုယ်အင်တာဗျူးဖြေ ဆိုမည့် အဆောက်အအုံအတွင်းကို (၁၅) မိနစ်ခန့်စော၍ ရောက်သင့်ပြီး အချိန်တိတိကျကျ ရောက်ရန်လိုအပ်ပါတယ်။ မိမိသွား ရောက်လုပ်ကိုင်မယ့် ကုမ္ပဏီနှင့်ပတ်သက် သည့် ဝန်ဆောင်မှုလုပ်ငန်း၊ ထုတ်ကုန်၊ သွင်းကုန်ဈေးကွက်ပြိုင်စနစ်နှင့်လိုအပ် ချက်တွေကို စောစီးစွာ လေ့လာထားပြီး အကျိုးရှိမယ့် အကြံဉာဏ်များတင်ပြလို ပါက မိမိအတွက်အားသာချက်ဖြစ်စေပါ တယ်။

 

 ကိုယ်ရေးကိုယ်တာအချက်အလက် မိတ္တူ၊ ထောက်ခံစာ၊ စာရွက်စာတမ်းတွေ နှင့် လိုအပ်တဲ့အခါ မှတ်စုလိုက်မှတ်ရန် စာရွက်စာတမ်းဖိုင် အဆင်သင့်ယူဆောင် သွားသင့်ပါတယ်။ မိမိအား လက်ဆွဲနှုတ်ဆက်လာလျှင် မြဲမြံတဲ့ လက်ဆွဲနှုတ်ဆက် မှုမျိုး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိ တဲ့မျက်ဝန်းအစုံနှင့် မျက်လုံးချင်းဆုံပြီး လက်ဆွဲနှုတ်ဆက်သင့်ပါတယ်။ 

 

 ကိုယ်မသိတဲ့ အရပ်ဌာနပတ်ဝန်းကျင် မှာ အင်တာဗျူးသွားရောက်ဖြေဆိုရတာ ဖြစ်တဲ့အတွက်ကြောင့် စိတ်လှုပ်ရှားမှု၊ စိတ် တင်းကျပ်မှုအနည်းငယ်ရှိကောင်းရှိပါလိမ့် မယ်။ ဒါလည်းကိစ္စမရှိပါဘူး။ ကိုယ်ကျွမ်း ကျင်တဲ့အလုပ်ကို ယုံကြည်မှုအပြည့်အ၀ ဖြင့် လာရောက်လျှောက်ထားတယ်လို့ သဘောထားပါ။ ဥပမာ- သူတို့ကုမ္ပဏီက စာရင်းကိုင်လိုလို့ အင်တာဗျူးခေါ်လျှင် ကိုယ်ကစာရင်းကိုင်ပညာ ကျွမ်းကျင်တဲ့သူ ဖြစ်လို့ လာရောက်လျှောက်ထားတာဖြစ် တဲ့အတွက်ကြောင့် သူတို့ကုမ္ပဏီအတွက် အလိုအပ်ဆုံးသူဖြစ်တယ်လို့ နှလုံးသွင်း လိုက်ပါ။ စိတ်တင်းကျပ်မှု ပေါ့ပါးသွားပါ လိမ့်မယ်။ 

သူမေးတဲ့မေးခွန်းကို သေချာနား ထောင်ပြီး နားမလည်ရင်ပြန်မေးသင့်ပါ တယ်။ ကိုယ်ရဲ့ နောက်ခံသမိုင်းကြောင်းကို မေးလာလျှင် အဆင်သင့်ဖြေဖို့အတွက် ဇာတ်လမ်းပြင်ဆင်ထားသင့်ပါတယ်။ များ သောအားဖြင့် အင်တာဗျူးဖြေဆိုသူ အများစုဟာ သူများရဲ့လောင်းရိပ် အောက်မှာ ခေါင်းငုံ့ဝင်လာရတာဖြစ်လို့ တော်ရုံတန်ရုံ ကိုယ်သိချင်တဲ့မေးခွန်းကို မမေးရဲကြပါဘူး။  အဲဒီလိုမမေးရဲတဲ့အတွက်ကြောင့် လည်း အင်တာဗျူးဖြေဆိုသူအများစုဟာ အခွင့်အလမ်းကောင်းကို လက်လွတ်ဆုံးရှုံး ကြရပါတယ်။ သူမေးတဲ့မေးခွန်းပြီးတဲ့အခါ မှာ ကိုယ်သိလိုတဲ့အချက်အလက်နှင့် လုပ်ငန်းအကြောင်းတွေကို ပြန်လည်မေးပါက အတိတ်က မိမိလုပ်ခဲ့တဲ့အောင်မြင်မှု လုပ်ဆောင်ချက်တွေကို ပြန်လည်သတိရ စေပါတယ်။ ကိုယ့်ရဲ့လုပ်ခဲ့တဲ့ အတွေ့ အကြုံနဲ့ ဖြစ်နေတဲ့အခြေအနေ၊ ဖြစ်လာ နိုင်သည့်ဈေးကွက်အကြောင်း အဆိုး အကောင်းတွေကို ပြန်လည်တင်ပြနိုင်မည် ဆိုပါက ဒါဟာသင့်အတွက် နောက်ဆုံး အခွင့်အရေးရရှိတာပဲဖြစ်ပါတယ်။ အဲဒီ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ဒီလုပ်ငန်းနဲ့ပတ်သက်လို့ ကျွမ်းကျင်နေသူ ဖြစ်ကြောင်း၊ လုပ်သက်အတွေ့အကြုံအရ ဖြတ်သန်းလာခဲ့တဲ့အောင်မြင်မှုများကို ရိုး သားပွင့်လင်းစွာတင်ပြသင့်ပါတယ်။ အကယ်၍ ကုမ္ပဏီမှာအလုပ်ရပြီဆိုလျှင် လည်း ယခင်ကထက် မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယတွေ၊ အကောင်းဆုံးစွမ်း ဆောင်မှုအပြည့်နဲ့ ကြိုးစားလုပ်သွားမှာဖြစ် ကြောင်း တင်ပြနိုင်ရင် အဆင်ပြေမှာဖြစ် ပါတယ်။ အဲဒီလိုတင်ပြမှုဟာ နောက်ဆုံး အကြိမ် သင့်ကိုသင် ကယ်တင်မှုပဲဖြစ်ပါ တယ်။ 

 

သင်တို့လည်း အလုပ်လျှောက်ရင် အင်တာဗျူးရင် အဆင်ပြေကြပါစေလို့ ဆု တောင်းပေးလိုက်ပါတော့တယ်။   

REF:The Opportunity Journal