MMR
Myanmar
4th April, 2017
Effects of traffic congestion on productivity
ရုံးတက် ရုံးဆင်းချိန်များမှာ ဘတ်စ်ကား ကျပ်ကျပ် တိုးစီးပြီး ပူအိုက် ချွေးနံ့ ရှူနေရသူများ၊ ယာဉ်ကျောကျပ်သဖြင့် ကားပေါ်မှာ ငုတ်တုတ်ထိုင် အချိန်ကုန် ရသူများသည် အလုပ်ထဲမှာပါ စွမ်းဆောင်ရည် ကျဆင်းနိုင်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က သတိပေး ရေးသားလိုက်သည်။
ရုံးသွား ရုံးပြန်ကို လမ်းပေါ်မှာ အချိန် ကုန်ရတာများလေ ဘ၀အပေါ် ကျေနပ် ပျော်ရွှင်နှုန်းလည်း ကျလေ ဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။ ရုံးသွားရုံးပြန် လမ်းပေါ်မှာ အချိန်များများ ကုန်နေရ သူများသည် ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ချိန်၊ ၀ါသနာပါရာ လိုက်စားခွင့် ရချိန်များ ဆုံးရှုံးသဖြင့် အချိန်ဖိအား ရင်ဆိုင်ရကာ ဘ၀ကို ငြီးငွေ့စိတ်ပျက်မှု ပိုများကြောင်းလည်း သိရသည်။
လေ့လာမှု စစ်တမ်းကို ကနေဒါ နိုင်ငံ ၀ါတာလူး တက္ကသိုလ်မှ လက်တွေ့အသုံးချ ကျန်းမာရေး သိပ္ပံပညာ ပါမောက္ခမာဂို ဟဲဘရတ် နှင့်အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ လေ့လာမှု ရလဒ်များကို World Leisure ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ စစ်တမ်း အတွက် အချက်အလက်များကို ကနေဒါ စာရင်းအင်း ဌာနမှ ယူသည်။ ပြည်သူများ၏ နေ့စဉ် ရုံးတက် ရုံးဆင်း လမ်းပေါ်တွင် အချိန်ကုန်မှု စာရင်းများနှင့် ဘ၀ကို ကျေနပ် ရောင့်ရဲနှုန်းများ စာရင်းများကို တိုက်ဆိုင် လေ့လာခဲ့ရာ လမ်းပေါ်မှာ အချိန် ကုန်ရတာများ သူများသည် ဘ၀ကို ကျေနပ် ရောင့်ရဲနှုန်းလည်း နည်းပါးကြကြောင်း တွေ့ခဲ့ရခြင်း ဖြစ်သည်။ မူရင်း စာရင်းများသည် တစ်ခုစီ သီးခြားစီ ကောက်ယူထားခြင်း ဖြစ်သည်။
ပါမောက္ခ ဟဲဘရတ် နှင့်အဖွဲ့က ထိုစာရင်း နှစ်ခုကို ယှဉ်ကာ လေ့လာခဲ့ရာမှ အထက်ပါ ကောက်ချက်ကို ချနိုင်ခဲ့ခြင်း ဖြစ်သည်။ ကားစီးရင်း လမ်းပေါ်မှာ အချိန် ကုန်ရတာများ သူများသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ပိုကြုံရသလို၊ သွေးတိုး၊ အ၀လွန်၊ စွမ်းအင်ကျ၊ ဖျားနာ စသည့် ကိုယ်ပိုင်းဆိုင်ရာ ရောဂါများလည်း ပိုကြုံရပြန်ကြောင်း စာရင်းများကို နှိုင်းယှဉ် လေ့လာ ထားချက်အရ သိရသည်။ ယခု စစ်တမ်းကြောင့် မြို့ပြနေများ လမ်းပေါ်မှာ အချိန်ကုန်ပြီး ကိုယ်စိတ် စွမ်းဆောင်ရည် ကျဆင်းမှုကို ကာကွယ် ပေးနိုင်မည့် မူဝါဒများ ချမှတ် ဖြစ်လာဖွယ် ရှိကြောင်း ပါမောက္ခ ဟဲဘရတ်က ပြောသည်။
Credit : Messenger
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us