9th June, 2017

Feeling lost in your Life?

၁. သင့်ဘဝ ရဲ့ ပြသနာတွေ အားလုံးကို တစ်ရက်တည်းနဲ့ မဖြေရှင်းနိုင်ပါဘူး

မနက်ဖြန်ဘာဖြစ်လာ မလဲ ဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး  အဲ့တာဟာ..ဘဝရဲ့ စွဲလမ်းစရာကောင်းတဲ့ ဆွဲဆောင်မှု့ တစ်ခုပါပဲ သူ့မှာ လေ့လာစရာ သင်ကြားစရာတွေ အမြဲတမ်းပြည့်နှက်နေတတ်ပါတယ်    ပြသနာတွေ ဆိုတာ နေရာ တိုင်းအချိန် တိုင်း လူတိုင်းမှာကိုယ်စီရှိနေတတ်ကြပါတယ် “အချိန်တိုင်းမှာဖြစ်လာနိုင်တဲ့ ” ပြသနာတွေ အားလုံးကိုလည်း လိုက်ဖြေရှင်းနေဖို့ အချိန်ကုန်ခံပြီး အကွက်ချ တွက်ချက်မနေပါနဲ့ တစ်ခါတစ်လေဖြစ်တောင်မဖြစ်လာ တတ်ပါဘူး ကိုယ်လဲကျ၊ ကျရှုံးတဲ့အခါမှာ အထောက်အပံ့ဖြစ် နိုင်မဲ့ အရေးအကြီးဆုံးအရာ နဲ့ အရေးပါတဲ့အရာတစ်ခု လောက် ကိုတာ အဓိက အလေးထားလမ်းဖောက်ထားပါ    တစ်ခါတစ်လေ ပြသနာဆိုတာ ကလည်းနားကြပ် ကြိုး လိုပါပဲ သုံးမယ်လို့ ဆွဲထုတ်လာလိုက်ရင်ရှုတ်ထွေးနေတတ်တာပါ တစ်ခါတည်းဆောင့်ဆွဲ ပစ်လိုက်မဲ့အစား ဖြေးဖြေးချင်း ဖြေယူရင် “ပိုလွယ်ကူ တာကိုတွေ့ရမှာပါ ” 

 

၂. အကျင့်မရှိသေးတဲ့ အရာနဲ့ ကျင့်သားရအောင် ကြိုးစားပါ

ဘဝ ဆိုတာမလွယ်ကူပါဘူး ကိုယ်မျော်လင့်စိတ်ကူးရေးဆွဲထားတဲ့ ဘဝ ဆိုတာ အမှန်တကယ် မဖြစ်လာနိုင်သလောက်ပါပဲ အကုန်လုံးဟာ တွေးထင်မထားသလိုချည်းပဲ ဖြစ်လာတတ်တာပါ  အဲ့တော့ စိုးရိမ် ရမှာ စိတ်ရှုတ် စိတ်ကျည်းကြပ် ရမှာကြောက်နေ သေးရင်  သင်ဘယ်လိုလုပ်မှာလဲ ?  စိုးရိမ်တာ စိတ်ညစ်ရတာ ဆိုတာ ရှိကိုရှိနေမှာပါပဲ အထူးသဖြင့် ကိုယ်မကြုံတွေ့ ဖူးရသေးတဲ့အသစ်အဆန်း ဆိုရင်ပေါ့    သူစိမ်းလူအသစ်နဲ့ သိရမှာတောင် မှစိတ်ကျည်းကြပ် နေရတတ်သေးတာ  တစ်ခြား ဘဝမှာ ကြုံဆုံရမဲ့ မမျော်လင့်ထားတဲ့ အရာတွေ အတွက်တော့ပြောမနေပါနဲ့  “အဲ့အရာတွေနဲ့ လက်ခံပျော်ရွင်ပစ်လိုက်ပေါ့ ပိုအဆင်ပြေသွားပါလိမ့်မယ် ”

 

၃. မသေချာ မှု့ သာလျင် သေချာမှု့ပါပဲ

မစိုးရိမ်ပါနဲ့ အကောင်းဆုံးကတော့ အလေးထားမနေပါနဲ့ ဖြစ်ပျက်တဲ့အကြောင်းအရာ တိုင်းဟာ အကျိုးနဲ့ အကြောင်း အမြဲရှိနေတတ်ပြီးသားပါ “ဘာလို့ ဒီဟာမျိုးနဲ့ မှ ကြုံရတာလဲ ဘာကြောင့်လာဖြစ်ရသလဲ ဆိုရင်?    ကျွန်တော်ပြောတာ ယုံပါ …..  ခုနေ ကျွန်တော်တို့ အဖြေရှာမ ရသေးတာပဲ ဖြစ်ချင်ဖြစ်နေမှာပါ ဒါမှမဟုတ် ကောင်းမွန်တဲ့အဖြေမပေးနိုင်တာ လဲဖြစ်ချင်ဖြစ်မှာပါ ဒါပေမဲ့ လဲ သူကအရေးမကြီးတော့ပါဘူး ဘာကြောင့်လဲ ဆိုတော့ကျွန်တော်တို့ အတိတ်ကိုပြန်သွားဖြေရှင်းနေလို့ မရ နိုင်တော့ပါဘူး  “.မမေ့ရမှာက အနာဂါတ်ကိုကောင်းနေစေဖို့ ဒီကနေ့ ကနေ အမြဲ ဖြေရှင်းလို့ရ နေတယ်ဆိုတာပါပဲ

 

၎ .ကိုယ့်ကို ယိမ်းယိုင် တွေဝေစေမဲ့အရာအတွက် အချိန်ကုန်မခံပါနဲ့  ကျွန်တော်တို့ ကမ္ဘာလောက ကြီးဟာ စိတ်ဝင်စားစရာတွေ  အမြောက်အများကြီးပါပဲ …    ဒါပေမဲ့ သင်ယုံမလားပဲ ခင်ဗျာ သင် ဘဝမှာ တွေ့ကြုံတာတွေ ဆိုတာ ဒီကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေ ရဲ့ ၁% လောက်လေးပါပဲ ….များပြားလွန်းတဲ့အရာတွေ က ကိုယ့်ရဲ့စိတ်ကို ယိမ်းယိုင် စေတတ်ပါတယ်    အကောင်းဆုံးကတော့ ဘဝရဲ့ Why ဆိုတာကိုတွေ့အောင်ရှာတတ်ရပါမယ် ကျွန်တော်ပြောနိုင်တာကတော့ Why ဆိုတာ ဥစ္စာ ပစ္စည်းတွေ နဲ့ မဆိုင်ပါဘူး စိတ်ထဲကခံစားချက်ပါ …. သူ့ကို ထွက်သွားရှာဖွေ ပါ တည်ဆောက်ပါ သူနဲ့ အတူဘဝ ကိုအသုံးချပါ  “သင်တစ်ခြား ယိမ်းယိုင် စရာတွေ အတွက် တွေဝေ တော့မှာမဟုတ်ပါဘူး ”

 

၅.အခွင့်အလမ်းအခွင့်အရေးအသစ်တွေ ကို လက်ခံ ကြိုဆိုလိုက်ပါ

အခွင့်အရေးကြီး က လေထဲကနေပျံလာပြီးသင့်အိမ်တံခါးကို လာခေါက်နေခဲ့ရင်တောင်မှ သင်ကတံခါးထဖွင့်ပေးရမှာပျင်းနေသေးတယ်ဆိုရင် ဘယ်လိုလုပ်ရမှာလဲ ? ဘဝ ကြီးက ဘယ်လို လုပ်ပြီးကောင်းစားလာမှာတဲ့လည်း  ကျွန်တော် အကြံပေးလိုတာ ကတော့ အမြဲ အသင့်ဖြစ်နေအောင်ပြင်ဆင်ထားပါ    မပျင်းပါနဲ့ ခဏမှလုပ်မယ် အခွင့်အရေးရမှပဲလုပ်တော့မယ် လို့ ပြောနေတတ်တဲ့သူတွေ ဆုတောင်းလေ ဆုတောင်းနေပေါ့…  . အခွင့်အရေးကြီးတစ်ကယ်လာပါပြီရဲ့ လှမ်းဆွဲထားလို့ မှီမှာမဟုတ်တော့ဘူး  တကယ်တမ်းတော့ အမြဲတမ်းချည်းလည်း ၁၀၀% ဖြစ်နေအောင်  အဆင်သင့်ဖြစ်နေစရာ မလိုပါဘူး ခင်ဗျာ    အဓိက က စိတ်ကိုချည်းပဲ သုံးတာပါ အရာအားလုံးစိတ်ပေါ်မှာပဲ မူတည်နေတာပါ တစ်ခါတည်းဆုံးဖြတ်ထားပစ်လိုက်ပေါ့ ကိုယ်ဘယ်လိုအခွင့်အရေးမျိုးကိုလိုချင်သလဲ ဆိုတာ သူဝင်ရောက်လာတာနဲ့ ဖမ်းဆုပ်ထားလိုက် ကိုယ်အဆင်သင့်ဖြစ်ပြီလားလို့တွေးရင်းအချိန်အကုန်ခံမနေပါနဲ့  နောက်မှနည်းလမ်းရှာယူလည်းရနေတာပဲ  ဒါပေမဲ့ သင်သာ အသုံးမကျသေးဘူးဆိုရင်တော့ စိတ်ချပါ ဘယ်ကအခွင့်  အရေးကမှ လာရှာမှာမဟုတ်ပါဘူး  ကိုယ့်ကို ကိုယ်ချစ်တတ်ကြပါစေ စေတနာအမှန်နဲ့ ပါ ခင်ဗျာ 

 

လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်  ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ   

 

Credit:    သင်သိရင် ချမ်းသာလိမ့်မယ်