အလုပ်ကောင်းတစ်ခု
ရဖို့ဘာတွေ လိုအပ်မလဲ။ ဝန်ထမ်းတိုင်း အလုပ်ကောင်း ကောင်းတစ်ခုလိုချင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်မှာအလုပ်ကောင်းကောင်းတစ်ခုရဖို့ လိုအပ်တဲ့အရည်အချင်းတွေ၊ အရည်အသွေးတွေပြည့်မီပါရဲ့လား။ ဘာတွေထပ် လေ့လာဖို့လိုသေးသလဲ။ ဘာတွေသင်ယူ ဖို့လိုသေးသလဲဆိုတာသိဖို့လိုအပ်ပါတယ်။ အလုပ်ကောင်းတစ်ခုရဖို့ Hard Skills နည်းတူ
Soft Skills ကလည်းလိုအပ်ပါသေးတယ်။
ဒီနေရာမှာ Hard Skills နဲ့ Soft Skills အကြောင်းကို အနည်းငယ်ရှင်းပြ ချင်ပါတယ်။ Hard Skills ဆိုတာကတော့ လူတစ်ယောက်ရဲ့ တတ်မြောက်ရရှိထား တဲ့ ဘွဲ့ဒီဂရီတွေ၊ ကျွမ်းကျင်မှုတွေကိုခေါ် ဆိုတာဖြစ်ပြီး Soft
Skills ကတော့ လူ တစ်ယောက်ရဲ့ပင်ကိုယ်စွမ်းရည်ပဲဖြစ်ပါ
တယ်။ အဲဒီမှာ Hard Skills ဆိုတာIQ(Intelligence
Quotient) ဖြစ်ပြီး Soft Skills ဆိုတာ
EQ(Emotional Quotient) လို့ပြောနိုင်ပါတယ်။ လူတစ် ယောက်က ဘယ်လောက်ပဲ Hard Skills မှာထူးချွန်နေပါစေ၊
Soft Skillsနဲ့သက်ဆိုင်တဲ့ စရိုက်လက္ခဏာတွေမရှိဘူးဆိုရင် အလုပ်ကောင်းတစ်ခုမရနိုင်ပါဘူး။
အခုတစ်ပတ်အတွက်တော့အလုပ် ကောင်းတစ်ခုရဖို့ အဓိကလိုအပ်တဲ့
Soft Skills တွေကိုဖော်ပြပေးချင်ပါတယ်။
ပေါင်းသင်းဆက်ဆံမှု
ဒီအချက်က Soft Skills အတွက် အရေးအကြီးဆုံးအချက်ထဲမှာပါဝင်ပါ တယ်။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ကိုယ်ကသူတစ်ပါးရဲ့အသံကိုနားထောင်သူ တစ်ဦးဖြစ်ဖို့တင်မဟုတ်ဘဲ ကိုယ့်ရဲ့ပြောဆို မှုမှာလည်းရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ် သားသားပြောဆိုနိုင်သူတစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ ကိုယ်ရဲ့အကြီးအကဲ၊ လုပ်ဖော်ကိုင်ဖက်၊
Customers စတာတွေနဲ့ လည်း ပေါင်းသင်းဆက်ဆံရေးကောင်းမွန်
ရပါမယ်။
ဖိအားတွေအောက်မှာ အလုပ်ကိုကောင်း မွန်စွာလုပ်ကိုင်နိုင်မှု
အကျပ်အတည်းတွေ၊ ဖိအားတွေကို ဟန်ချက်ညီညီကိုင်တွယ်ဖြေရှင်းပြီး အလုပ်ကိုကောင်းမွန်အောင်မြင်စွာလုပ်ကိုင်နိုင်တာကလည်း
Soft Skills ထဲမှာပါဝင်တဲ့အ ချက်တစ်ချက်ဖြစ်ပါတယ်။
ဖိအားတွေ၊ စိတ်ဖိစီးမှုတွေအောက်မှာ ကျဆုံးမသွားဘဲ အောင်မြင်စွာဖြတ်ကျော်နိုင်တာကလည်း ဒီပလိုမာတွေ၊
ဘွဲ့တွေ၊ Certificateတွေနဲ့ရယူလို့မရတဲ့ ကိုယ်ပိုင်စွမ်းရည်တွေပဲဖြစ်ပါ တယ်။
အကောင်းမြင်သဘောထားရှိမှု
အလုပ်ခွင်မှာ အကောင်းမြင်တဲ့စိတ် နေသဘောထားရှိတာကလည်း အရေးတ ကြီးတည်ဆောက်ရမယ့်အချက်ဖြစ်ပါတယ်။ လူအများက အကောင်းမြင်တဲ့သူအနားမှာ ပဲနေလိုကြပါတယ်။ အရာရာကိုအဆိုးမြင်၊ မကောင်းမြင်နေသူနဲ့မပေါင်းသင်းချင်ကြပါ ဘူး။ ပျော်ရွငှ်မှုဆိုတာ လူမှုဘ၀မှာဘယ် လောက်အရေးကြီးတယ်ဆိုတာကို သင်ယူ ဖို့အတွက် ကိုယ်ကိုယ်တိုင်အကောင်းမြင် စိတ်ရှိရပါမယ်။ အကောင်းမြင်တဲ့ရှုမြင်သုံး သပ်မှုတွေရှိဖို့ အကောင်းမြင်စိတ်ရှိဖို့လိုအပ်ပါတယ်။
အခက်အခဲတွေကိုဖြေရှင်းနိုင်မှု
အခက်အခဲတွေကို ဝေဖန်စဉ်းစားသုံး သပ်ပြီးဖြေရှင်းနိုင်တဲ့စွမ်းရည်ကလည်း Soft
Skills မှာတစ်ခုအပါအဝင်ဖြစ်ပါ တယ်။ အလုပ်ခွင်မှာကြုံရမယ့် စိန်ခေါ်မှုတွေ၊ အတားအဆီးအနှောင့်အယှက်တွေ ကို ဖြေရှင်းတဲ့နေရာမှာ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်တာကလည်း အလုပ်ကောင်းရနိုင်တဲ့အချက်တစ်ခုဖြစ်ပါ တယ်။
မိမိကိုယ်ကိုယ်ယုံကြည်မှု
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတာက လည်း Soft
Skills ထဲမှာပါဝင်ပါတယ်။ ကိုယ်လုပ်မယ့်အလုပ်အတွက်
ကိုယ့်ရဲ့ အရည်အချင်းကိုယုံကြည်မှုရှိရှိနဲ့
တည် တည်ငြိမ်ငြိမ်ရှိတာကလည်းအလုပ်ကောင်း တစ်ခုရဖို့အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါ တယ်။
ဝေဖန်အကြံပြုချက်ကိုလက်ခံနိုင်မှု
အောင်မြင်တဲ့သူတိုင်းက သူတစ်ပါး ရဲ့ဝေဖန်အကြံပြုချက်တွေကို တလေးတစား နားထောင်လေ့ရှိကြပါတယ်။
ကိုယ့်မှာ ရှိနေတဲ့အားနည်းချက်တွေကိုပြင်တယ်၊ မလိုအပ်တဲ့အပိုင်းတွေကို စွန့်လွတှ်ခဲ့တယ်၊ လိုအပ်ချက်တွေကိုဖြည့်ဆည်းတယ်၊ ဒါက အောင်မြင်သူတွေရဲ့ အလေ့အထတစ်ခု ပါ။ သူတစ်ပါးရဲ့ဝေဖန်အကြံပြုချက်ကို လက်မခံဘူး၊ ကိုယ်သာအမှန်လို့ထင်နေ တတ်သူတွေလည်းရှိတတ်ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုက ရေရှည်မတည်မြဲနိုင်ပါဘူး။ ဝေဖန်မှုလို့ပြောရာမှာ ဓမ္မဓိဋ္ဌာန်ကျ ကျဝေဖန်အကြံပြုချက်ကိုပြောဆိုတာဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆန်တဲ့ထိုးနှက်မှုတွေကိုတော့ ဝေဖန်မှုလို့ သတ်မှတ်လို့မရပါဘူး။ သူတစ် ပါးရဲ့ဝေဖန်အကြံပြုချက်တွေကိုနားထောင် တာ၊ လိုအပ်ချက်တွေကိုပြုပြင်တာက လည်း Soft
Skills ထဲမှာပါဝင်တဲ့စွမ်းရည် တစ်မျိုးဖြစ်ပါတယ်။
အချိန်ကိုစီမံခန့်ခွဲနိုင်မှု
အချိန်ကိုအမြော်အမြင်ရှိရှိနဲ့ အသုံးချ ပြီး ဘယ်အချက်ကပထမဦးစားပေးလုပ်ရ မယ့်ကိစ္စဆိုတာကိုစီမံခန့်ခွဲနိုင်တာကလည်း Soft
Skills ထဲမှာပါဝင်တဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ပထမဦးစားပေးလုပ်ရမှာနဲ့ ဒုတိယဦးစားပေးလုပ်ရမယ့်အချက်ကို မခွဲ ခြားနိုင်ရင်လည်း အလုပ်ကောင်းတစ်ခုရဖို့ မသေချာပါဘူး။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူတစ်ဦးချင်း စီမှာပဲဖြစ်ဖြစ် အချိန်စီမံခန့်ခွဲမှုကအရေး ကြီးပါတယ်။ အချိန်က ရွေလှိုရှားပါးနေတဲ့ ခေတ်ကြီးထဲမှာ အချိန်ကိုကျွမ်းကျင်စွာ စီမံ ခန့်ခွဲတတ်ဖို့ကလည်း ပညာရပ်တစ်ခုအဖြစ် ရှိနေပါတယ်။ ကျွမ်းကျင်တဲ့အချိန်စီမံခန့်ခွဲ မှုက အောင်မြင်မှုဆီကိုဦးဆောင်နေပါ တယ်။
လိုက်လျောညီထွေရှိမှု
စိန်ခေါ်မှုတွေ၊ အခြေအနေအသစ် တွေကိုလိုက်လျောညီထွေဖြစ်အောင် ရင်ဆိုင်နိုင်တဲ့အချက်ကလည်း Soft Skills မှာပါဝင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ပြောင်းလဲသွားတဲ့ အခြေအနေတွေကို လက်ခံပြီး ချောချောမွေ့မွေ့ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့စွမ်းရည်က လူတစ်ဦးချင်း ရဲ့ပင်ကိုယ်စွမ်းရည်ဖြစ်ပါတယ်။ ဘွဲ့ဒီဂရီ တွေနဲ့သင်ကြားပြီးတတ်မြောက်လာတဲ့ ပညာရပ်မဟုတ်ပါဘူး။
ပူးပေါင်းလုပ်ဆောင်နိုင်မှု
အဖွဲ့အစည်းတိုင်းမှာ၊ လုပ်ငန်းဌာန တိုင်းမှာ အရေးကြီးတဲ့အချက်တစ်ခုက ပူးပေါင်းလုပ်ဆောင်မှုပါပဲ။ အဖွဲ့အစည်းဆို တာ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ မရပ်တည်နိုင်ပါဘူး။ ဘက်စုံထူးချွန်တဲ့သူ တွေစုပေါင်းအင်အားနဲ့သာ အောင်မြင်စွာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ပူးပေါင်းလုပ် ဆောင်မှုကလည်း
Soft Skills ထဲမှာတစ်ခု အပါအဝင်ဖြစ်ပါတယ်။ လူအများနဲ့ပူးပေါင်းဆောင်ရွက်နိုင် မှုကလည်းအလုပ်ကောင်းတစ်ခုရဖို့အတွက် ကြီးမားတဲ့အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ပဲထူးချွန်တဲ့သူဖြစ်နေပါစေ၊
လူအများနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိ သူကရေရှည်အောင်မြင်မှုမရနိုင်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းအားလုံးက ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိသူကိုသာဦးစားပေး ရွေးချယ်ခန့်ထားလေ့ရှိကြပါတယ်။
ကျော့ကေခိုင်
Credit :The Opportunity Journal