ကိုယ်လိုချင်တဲ့
ဘ၀မျိုးမရတဲ့အတွက် သင်ဘယ်သူ့ကို အပြစ်တင်မှာလဲ။ သင့်ကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ
မလုပ်ပေးနိုင်တဲ့ သင့်ရဲ့ အဖော်ကိုလား။ သင့်ရဲ့ ကြိုးစားမှုကို အသိအမှတ်မပြုပေးတဲ့
သင့်ရဲ့ သူဌေးကိုလား။ ဒါမှမဟုတ်သင့်ကို ဒီလိုမျိုးဖြစ်အောင် မွေးဖွားလိုက်တဲ့ သင့်မိဘနှစ်ပါးကိုလား။
တကယ်လို့သင်သာ
ရိုးသားမယ်ဆိုရင်တော့ အဖြေကိုသိပြီးဖြစ်မှုာပါ။ သင်မျှော်လင့်သလို ဖြစ်မလာတဲ့
ဘ၀အတွက် တစ်ဦးတည်းသော အပြစ်ရှိသူဟာ သင်ကိုယ်တိုင်ပါပဲ။ ဒီတော့ ကိုယ့်အနာဂါတ်ကို
ကိုယ်တိုင်ပုံဖော် ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။
(၁) သင်ဟာ အောင်မြင်ဖို့မွေးဖွားလာသူတစ်ဦးလို့
မှတ်ယူရပါမယ်။
(၂) သင့်ကို မုဆိုးဘ၀ကနေ
သားကောင်ပြန်ဖြစ်သွားစေတာ သင့်ရဲ့ကြောက်စိတ်ပါပဲ။
(၃) သင့်ရဲ့ဘ၀ဆိုတာ
သင့်ရွေးချယ်မှုတွေကနေ တန်ပြန်သက်ရောက်နေတဲ့ မှန်တစ်ချပ်ပါပဲ။
(၄) သင့်ရဲ့
ကိုယ်ပိုင်စင်္ကြာဝဠာကို အုပ်စိုးနိုင်တဲ့ အစွမ်း သင့်မှာရှိပါတယ်။
(၅) ပြီးတော့ သင့်ရဲ့
အတွေးအခေါ်တွေက သင့်ရဲ့ကံတရားကို ပဲ့ပြင်နိုင်စွမ်းရှိပါတယ်။
(၆) ပျက်စီးစေမယ့် အရာ၊
မကောင်းမှန်း သိတဲ့အရာတွေကို သင့်မှာငြင်းပိုင်ခွင့် ရှိပါတယ်။
(၇) ပတ်ဝန်းကျင်က
ဆိုးတဲ့အရောင်တွေကြောင့် မပြောင်းလဲပါနဲ့။ သင်ဟာ သင်ပါပဲ။
(၈) အများက သတ်မှတ်ထားတဲ့
ကန့်သတ်ချက်တွေကို မကျော်လွန်နိုင်ဘူးလို့ မထင်ပါနဲ့။
(၉) သင်္ဘောကိုတွေ့ဖို့
ရေကူးထွက်ပါ။ ဆိုလိုတာက အခွင့်အရေးလာဖို့ကို ထိုင်စောင့်မနေပါနဲ့။ သင်က
အခွင့်အရေးကို ရှာဖွေရမှာပါ။
(၁၀) သိုးတွေက
အတူအစာရှာထွက်တယ် ၊ အတူသွားကြမယ် ၊ အတူနေထိုင်ကြတယ်။ လူတွေမှာလည်း
ဒီလိုနေတတ်သူတွေရှိကြပါတယ်။ လူအုပ်နဲ့ရောနှောနေတဲ့အခါ သင်ဟာ တစ်ဦးတည်း ထင်ပေါ်သူ
မဖြစ်နိုင် တော့ပါဘူး။
(၁၁) တချို့တွေက
ဆုံးဖြတ်ဖြတ်များများ မချဘဲ အပြောင်းအလဲ ကြီးကြီးမားမား မလုပ်ကြတဲ့အတွက်
အမှားနည်းပါတယ်။ ဒါပေမယ့် အမှားကြီးကြီးလုပ်မိမှာ မကြောက်ပါနဲ့။ ဒီတော့
များများစဉ်းစားပြီး ဆုံးဖြတ်ချက် ကြီးကြီးချပါ။
(၁၂) သင်ဘုရားသခင်ကို
ခေါ်မြည်တမ်းတနေပေမယ့် တကယ်တမ်း စွမ်းအားရှိတာ သင်ကိုယ်တိုင်ပါပဲ။
(၁၃) သင့်ဘ၀ထဲက
သင်ဘာကိုလိုချင်သလဲ သိအောင်လုပ်ပြီး အဲဒီအရာကို ရအောင်
တောင်းဆိုပါ။<br><br>(၁၄) မဆိုးမြင်သမားတွေရဲ့ စကားကို
နားမယောင်ပါနဲ့။
ဒီအချက်တွေက
သင့်ရဲ့အနာဂါတ်ကို လွှမ်းမိုးနိုင်မယ့် သော့ချက်တွေပါပဲ။ ဒါတွေကို သေချာ
နားလည်သဘောပေါက်တဲ့ နေ့ဟာ သင်အောင်မြင်တဲ့နေ့ပါပဲ။
Ref:workyourpassion.net
Trend Myanmar