‘အကောင်းဆုံးဖြစ်အောင် အမြဲတမ်းကြိုးစားပါ။ ဘ၀မှာသေတဲ့အချိန်အထိ တိုက်ပွဲဝင်နေရပါမယ်’’လို့ အဖေက ငယ်ငယ်လေးကတည်းက ပြောလေ့ရှိပါတယ်။ ဒီစကားက အမြဲ တမ်းမှန်ကန်နေတဲ့စကားဖြစ်ပြီး ယနေ့လိုနည်းပညာခေတ်ကြီးအတွက် ပိုလို့တောင်မှန်ကန်နေပါတယ်။ စိန်ခေါ်မှု တွေပြင်းထန်တဲ့ယနေ့ခေတ်မှာ ကြိုး စားမှုတွေ နှေးကွေးလျော့နည်းလာတာနဲ့အမျှ အရာရာနောက်ကျကျန် နေခဲ့မှာဖြစ်ပါတယ်။
ကြိုးစားအားထုတ်တဲ့နေရာမှာ လည်း အကောင်းဆုံးကိုမျှော်လင့်ပြီး ကိုယ့်ရဲ့အရည်အချင်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားအား ထုတ်ဖို့လိုပါတယ်။ အသီးအပွင့်တွေ ဖြစ်လာတာ၊ ဖြစ်မလာတာက ကံ၊ ဉာဏ်၊ ဝီရိယနဲ့လည်း ဆိုင်ပါတယ်။ ဒီနေရာမှာ ကိုယ့်ရဲ့အားထုတ်မှုတွေက လျော့ရိလျော့ရဲနဲ့ဆိုရင် မအောင်မြင် တဲ့အခါ ပိုပြီးခံစားရမှာဖြစ်ပြီး အပြင်း အထန်ကြိုးစားအားထုတ်ထားမယ် ဆိုရင်တော့ အကောင်းဆုံးတော့ကြိုး စားခဲ့တာပဲလေဆိုပြီး ဖြေလို့ရပါ သေးတယ်။ ဒီတစ်ပတ်မှာတော့ ဘ၀အောင် မြင်ရေးတိုက်ပွဲဝင်နေကြသူတွေအတွက် မရှိမဖြစ်လိုအပ်မယ့် ကိုယ့်ရဲ့အရည် အချင်းတွေကို ဘယ်လိုသင့်တော်စွာ အသုံးချသင့်သလဲဆိုတဲ့အကြောင်းကို တင်ပြပေးလိုက်ပါတယ်။
(၁)ပြင်းပြင်းထန်ထန်ကြိုးစားပါ
ကျရှုံးမှုတွေကြုံရတဲ့ကိစ္စအတော် များများကို သုံးသပ်ကြည့်လိုက်ရင် ကိုယ့်ဘက်ကပြင်းပြင်းထန်ထန်ကြိုး စားမှုမရှိခဲ့တာ တွေ့ရပါလိမ့်မယ်။ အလွယ်ကူဆုံး ဥပမာပေးရရင် စာမေး ပွဲကျတဲ့သူတစ်ယောက်ဟာ စာမကြိုး စားလို့ဖြစ်ပြီး ပထမရတဲ့သူတစ်ယောက် ဟာ ပြင်းပြင်းထန်ထန်ကြိုးစားအား ထုတ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အောင်မြင်ချင် တယ်၊ ထင်ပေါ်ချင်တယ်၊ ကျော်ကြား ချင်တယ်ဆိုရင် အသေးအဖွဲကိစ္စမျိုး တွေမှာတောင် ကြိုးစားအားထုတ်မှုကို လျှော့မပစ်သင့်ပါဘူး။
(၂) ကိစ္စတစ်ခုပေါ်မှာ မှန်ကန်စွာ ချဉ်းကပ်တတ်ခြင်း
ဒါ့အပြင် ကိစ္စရပ်တစ်ခုကို ချဉ်း ကပ်ပုံကလည်း အဓိကကျပါတယ်။ လူတော်လူကောင်းဆိုတာ တစ်ဖက် လူဆီကလည်း သင်ယူတတ်ပြီး သင့် တော်တဲ့အခြေအနေနဲ့ အချိန်အခါမှာ အကျိုးရှိရှိအသုံးချနိုင်စွမ်းရှိပါတယ်။ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိပြီးသားဖြစ်တာမို့ ပြေလည်အောင် ဖြေရှင်းနိုင်မယ့်နည်းလမ်းကို သုံးသပ် ရပါမယ်။ ဒီလိုသုံးသပ်ရာမှာ ဖြစ်နိုင် မယ်ဆိုရင် တစ်ကြိမ်တည်းမဟုတ်ဘဲ အကြိမ်ကြိမ်အခါခါ သုံးသပ်သင့်ပါ တယ်။ ဒါမှသာ ပိုကောင်းမယ့်၊ ပို သေချာမယ့်၊ အမှားအယွင်းတွေ ပိုနည်း မယ့်နည်းလမ်းတွေကို တွေ့ရှိလာမှာ ဖြစ်ပါတယ်။
(၃)အခက်အခဲတွေကို ရဲဝံ့စွာကျော် ဖြတ်နိုင်ခြင်း
ဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် အခက်အခဲဆိုတာ အနည်းနဲ့အများ ရှိတတ်တာဖြစ်ပြီး ကိုယ့်အနေနဲ့ တွေ့ ကြုံရတဲ့အခက်အခဲတွေကို ဖြတ် ကျော်ရဲတဲ့သတ္တိရှိဖို့လိုပါတယ်။ အောင် မြင်မှုဆီသွားတဲ့လမ်းဟာ ဘယ်တော့ rS ဖြောင့်တန်းမနေပါဘူး။ ဒါကြောင့် လာမယ့်ဘေးပြေးတွေ့လို့ တုံးတိုက် တိုက်ကျားကိုက်ကိုက်ရင်ဆိုင်ဖို့ အသင့်ရှိနေသင့်ပါတယ်။ အခက်အခဲ တစ်ခုကိုဖြတ်ကျော်ပြီးတိုင်း ကိုယ့် အတွက် အတွေ့အကြုံတစ်ခုတိုးတာ ပဲလို့ ယူဆသင့်ပါတယ်။
(၄)လိုအပ်တဲ့အားထုတ်မှုလုပ်ပါ
အပြေးပြိုင်ပွဲတစ်ခုမှာ ရှုံးတဲ့သူ တွေဟာ နိုင်တဲ့သူတွေလောက် အင်တိုက်အားတိုက် အားမစိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီဥပမာလိုပါပဲ။ ကိစ္စရပ် တစ်ခုမှာ သူများကအောင်မြင်ပြီး ကိုယ်ကကျရှုံးတယ်ဆိုရင် ဒါဟာ ကိုယ့်ဘက်က လိုအပ်တဲ့အားစိုက်ကြိုး စားမှုမရှိခဲ့လို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ပျင်းရိခြင်း၊ အချိန်ဖြုန်းခြင်း စတဲ့အရာ တွေကြောင့်လည်း ကျရှုံးမှုတွေကြုံရ တတ်သလို မလိုအပ်ဘဲဘဝင်မြင့်ခြင်း၊ မာနထားခြင်းတွေကြောင့်လည်း ရလဒ်ကို ရသင့်သလောက်မရတတ် ပါဘူး။
(၅)သင်ယူလိုစိတ်ရှိပါ
ကိုယ်ပိုင်အရည်အချင်းတွေကို အသုံးချမှုဆိုတာ လုပ်နိုင်တယ်၊ လုပ်ဖို့ ကြိုးစားတယ်ဆိုပြီး Effort ချည်း သက်သက် ယူဆထားလို့မရပါဘူး။ မပြည့်သေးတဲ့အိုးကို ဖြည့်ဆည်းဖို့ ဆိုတာ သင်ယူလေ့လာခြင်းနဲ့ပဲ ဖြည့်ဆည်းနိုင်ပါတယ်။ ယနေ့ ရာထူး ကြီးကြီးနဲ့ နေရာကောင်းကောင်းရနေ ကြသူတွေဟာ တစ်ချိန်ကသိချင်တာ ပဲဖြစ်ဖြစ်၊ သိသင့်တာပဲဖြစ်ဖြစ် သင်ယူ လေ့လာခဲ့လို့ပဲဖြစ်ပါတယ်။ ဘွဲ့ရပညာတတ်ဖြစ်ဖို့အတွက် လိုအပ်တဲ့စာတွေသင်ယူရသလို လုပ်ငန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်ဖို့ လုပ်ငန်းခွင်ထဲမှာ လက်တွေ့ လေ့လာသင်ယူရတာပါ။ ဒီနေရာမှာ သင်ယူလေ့လာမှုကို ဘယ်တော့မှ ရပ်တန့်မပစ်လိုက်ဖို့လည်း အရေးကြီး ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသိပညာ၊ အတတ်ပညာဆိုတာ သင်ယူလေ့လာလို့ ကုန်ခန်းသွားရိုး ထုံးစံမရှိလို့ပါပဲ။
(၆)ဝေဖန်အကြံပြုတာတွေကို သေချာဆန်းစစ်ပါ
ကိုယ်လုပ်လိုက်တဲ့အရာတစ်ခု အပေါ်မှာ လုပ်ဖော်ကိုင်ဖက်တွေကပဲ ဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေကပဲ ဖြစ်ဖြစ် ဝေဖန်တာ၊ သုံးသပ်တာ၊ အကြုံပြုတာတွေ ပေးလေ့ရှိပါတယ်။ ဒီလိုမျိုးဝေဖန်ခြင်းကြောင့် အဲဒီကိစ္စရပ် အပေါ်မှာ နောက်ထပ်အမြင်သစ်၊ အတွေးသစ်တွေ ရလာနိုင်တာဆိုရင် သူတို့ရဲ့ဝေဖန်အကြံပြုချက်တွေကို ကြိုဆိုရမှာဖြစ်ပြီး ထူးမခြားနား အပျက်သဘောဆောင်တဲ့ ဝေဖန်မှု ဆိုရင်တော့ ခေါင်းထဲကနေ ချက်ချင်း ထုတ်ပစ်သင့်ပါတယ်။ ဝေဖန်အကြံပြုချက်တိုင်းကို ဆန်းစစ်ဖို့လိုပေမဲ့ ဝေဖန်အကြံပြု ချက်တိုင်းကိုတော့ လက်ခံစရာမလို အပ်ပါဘူး။
(၇)အချိန်မဖြုန်းပါနဲ့
စိန်ခေါ်မှုတွေများတဲ့ ယနေ့ခေတ် မှာ အချိန်ဆိုတာက ပိုလို့တန်ဖိုးရှိလာ ပါပြီ။ အချိန်ဆိုတာ ကုန်သွားပြီးရင် ပြန်မရနိုင်တော့တဲ့အရာဖြစ်ပြီး အကျိုးရှိအောင် အသုံးချတတ်ဖို့လိုပါ တယ်။ ဒီနေ့လုပ်လို့ပြီးနိုင်တဲ့အလုပ်ကို ဒီနေ့ပြီးအောင်လုပ်လိုက်တာက အကောင်းဆုံးဖြစ်ပြီး အြွေကးထားခဲ့ ရင် မနက်ဖြန်မှာထပ်လုပ်ရမှာတွေနဲ့ ပေါင်းပြီး လုပ်စရာတွေပိုများလာပါ လိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ အချိန်ကိုလေးစားသူတွေရဲ့နောက်မှာ ကိုယ့်ဘ၀က ကျန်နေခဲ့ပါလိမ့်မယ်။ အချိန်ဖြုန်းမိတဲ့အတွက် နောက်တ ရချိန်မှာ ကိုယ့်အတွက်တော့ ကြီးကြီး မားမားပေးဆပ်ခဲ့ရပြီးပါပြီ။
(၈)လဲကျချိန်တိုင်း ပြန်ထဖို့ကြိုးစားခြင်း
ဒီအချက်က ကိုယ်ပိုင်အရည် အသွေးတွေကို အသုံးချနိုင်မှုတွေ ထဲမှာ အဓိကအကျဆုံးနဲ့ အရေးကြီး ဆုံးအချက်တစ်ခုလည်းဖြစ်ပါတယ်။ နာမည်တစ်ခုရလာဖို့ဆိုတာ လွယ် လွယ်နဲ့မဖြစ်နိုင်ပါဘူး။ အတော်များ များက အောင်မြင်သူတစ်ယောက်ကို ကြည့်ရင် သူလျှောက်ခဲ့တဲ့လမ်းဟာ ဘယ်လောက်ရှည်လျားရှုပ်ထွေးပြီး ဘယ်လောက်ကြမ်းတမ်းခက်ခဲခဲ့သလဲ ဆိုတာ မြင်နိုင်တဲ့သူက အတော့်ကို ရှားပါတယ်။ ဒါဆို သူတို့ဘယ်လောက် အထိ ကျရှုံးတာတွေကြုံခဲ့ရတယ်၊ အဲဒီ အချိန်တိုင်းမှာ သူတို့ဘယ်လိုရုန်းကန် ပြီးပြန်ထလာခဲ့တယ်ဆိုတာကို မြင်နိုင် ဖို့ပိုဝေးသွားပါပြီ။ ပုံပြင်တစ်ပုဒ်ထဲမှာ ဘုရင်ကြီးက စစ်ရှုံးပြီး ဂူတစ်ခုထဲမှာ ပုန်းအောင်း နေချိန် ပင့်ကူလေးအိမ်ဆောက်တာကို တွေ့သွားတာ၊ ခဏခဏလဲကျပေမဲ့ ပင့်ကူလေးရဲ့ဇွဲကြောင့် ပင့်ကူအိမ်ကလေး အောက်မြင်စွာပြီးသွားတာ၊ နောက်ဆုံး လူသူလက်နက်စုဆောင်း ပြီး ပြန်တိုက်တဲ့အခါ ထီးနန်းပြန်ရ ခဲ့တာ စတဲ့အချက်တွေကို မှတ်သားခဲ့ ရဖူးပါတယ်။ ဒီပုံပြင်မှာ ပင့်ကူလေးက ဇွဲကောင်းကောင်းနဲ့ လဲကျချိန်တိုင်း ပြန်ထခဲ့သလို အဲဒါကိုတွေ့ရတဲ့ ဘုရင်ကြီးကလည်း အကောင်းဆုံး အတုယူကြိုးစားခဲ့တာတွေကို တွေ့ရ ပါတယ်။ ဒါကြောင့် လဲကျသွားတဲ့အချိန် တိုင်း မလျှော့သောဇွဲနဲ့ပြန်ထလို့ ကြိုးစားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
Credit: ရာသက်ပန်(သစ္စာပန်းတို့လန်းရာမြေ)
Credit: The opportunity journal