MMR
Myanmar
23rd May, 2018
HR နယ်ပယ်မှ ကျွမ်းကျင်သူတို့အမြင်
မေလ ၄ ရက်နေ့က ရန်ကုန်မြို့ Sule Shangrila ၌ JobNet က ဦးစီးကျင်းပခဲ့သည့် HR Professional Series 2018 Seminar တွင် နယ်ပယ်အသီးသီးမှ HR ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတွင် အဓိကခေါင်းစဉ်နှစ်ခုပါဝင်ခဲ့သည်။ ဆွေးနွေးပွဲပထမပိုင်း၌ HR ကဏ္ဍတွင် နည်းပညာအသုံးပြုခြင်းဖြင့် အထောက်အကူဖြစ်နေနိုင်သည့် အကြောင်းအရာကိုလည်းကောင်း၊ဒုတိယပိုင်းတွင် ၀န်ထမ်းများ၏ လုပ်ငန်းခွင်အရည်အသွေး မည်သို့တိုးမြှင့်မည်ဟူသော အကြောင်းအရာကိုလည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါဆွေးနွေးမှုများအနက် စိတ်ဝင်စားဖွယ်အချက်များကို ပြန်လည်ကောက်နှုတ်တင်ပြလိုက်ပါသည်။ Paul Nyan Myint Soe Senior HR Business Partner Manager Uniliver Myanmar “ Employee Engagament လုပ်နိုင်အောင် employer အနေနဲ့ ဒါမှမဟုတ် Management အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ? လုပ်ပေးမယ်ဆိုတာ လိုက်လျောပြီး အလိုလိုက်နေရမယ်လို့ ပြောတာမဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ HR မှာ အမြဲတမ်း ကျွန်တော်ခံယူလေ့ရှိတာက To serve and to protect…. To protect the business, and also to serve your people. And also to serve for yourself and you have to be fun for your position. (ထမ်းဆောင်ဖို့နဲ့ ကာကွယ်ဖို့ဆိုတာပါပဲ။ လုပ်ငန်းကို ကာကွယ်ဖို့၊ တာဝန်တွေကိုထမ်းရွက်ပေးဖို့ပါ။ ပြီးတော့ ကိုယ့်ရဲ့လူတွေကို ထမ်းရွက်ပေးဖို့ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်အတွက်လည်း ထမ်းရွက်ဖို့၊ ကိုယ့်ရဲ့နေရာမှာ ပျော်နေဖို့ ဖြစ်ပါတယ်) Bussiness က အဆင်ပြေသလို run နေရတဲ့အချိန်မှာ productivity တက်လာဖို့အတွက် ကျွန်တော်တို့မှာရှိနေတဲ့ ၀န်ထမ်းတွေကို Bussiness ဘက်က ကျွန်တော်တို့အနေနဲ့ ဘယ်လိုပြန် support လုပ်မလဲ ဆိုတာပါပဲ။ ”
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us