25th May, 2018

HR နယ်ပယ်မှ ကျွမ်းကျင်သူတို့အမြင် ( ၂ )

မေလ ၄ ရက်နေ့က ရန်ကုန်မြို့ Sule Shangrila ၌ JobNet က ဦးစီးကျင်းပခဲ့သည့် HR Professional Series 2018 Seminar တွင် နယ်ပယ်အသီးသီးမှ HR ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတွင် အဓိကခေါင်းစဉ်နှစ်ခုပါဝင်ခဲ့သည်။ ဆွေးနွေးပွဲပထမပိုင်း၌ HR ကဏ္ဍတွင် နည်းပညာအသုံးပြုခြင်းဖြင့် အထောက်အကူဖြစ်နေနိုင်သည့် အကြောင်းအရာကိုလည်းကောင်း၊ဒုတိယပိုင်းတွင် ၀န်ထမ်းများ၏ လုပ်ငန်းခွင်အရည်အသွေး မည်သို့တိုးမြှင့်မည်ဟူသော အကြောင်းအရာကိုလည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါဆွေးနွေးမှုများအနက် စိတ်ဝင်စားဖွယ်အချက်များကို ပြန်လည်ကောက်နှုတ်တင်ပြလိုက်ပါသည်။

ဒေါ်အေးသီတာ
GM ( Human Resource )
IGE Group of Companies

“တစ်ခါတစ်လေ Organization က change သွားတာတွေရှိတယ်။ Organization က change ချင်တဲ့အခါ ဝန်ထမ်းကိုလည်းလိုက် change စေချင်တယ်။ Change ချင်တဲ့အခါမှာ တစ်ခါတစ်လေ ပေါင်းစပ်ညှိနှိုင်းရတာတွေရှိတယ်။ ပြီးတဲ့အခါမျိုးမှာ ကုမ္ပဏီသည် ကိုယ့်မှာရှိတဲ့ ဝန်ထမ်းတွေကို ထပ်ပြီးတော့ additional development တွေ လုပ်ပေးရတယ်။ Organization ကလည်း ရွှေ့ချင်တယ်၊ ဝန်ထမ်းကလည်း ဒီအရွှေ့ကိုလိုက်ရမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့မှာ ရှိနေတဲ့ Resources တစ်ခုအပေါ်မှာ polishing လုပ်ဖို့ upgrading လုပ်ဖို့ဟာ အတူတူတွဲလျှောက်သွားတယ်ဆိုရင်တော့ balance ဖြစ်ပြီး လိုရာခရီးကို မြန်မြန်ရောက်မယ်လို့ယူဆပါတယ်။ ဒါကြောင့်မို့လို့လည်း Organization တော်တော်များများ ခုဆိုလို့ရှိရင် HR တွေကို set up လုပ်လာကြတယ်။ အခုနောက်ပိုင်းမှာ HR Trend က change လာတယ်။ ဒီ perception တွေကို change ဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ contribution ဘယ်နေရာမှာရပ်တည်မလဲဆိုတဲ့ဟာက စောနက Sally ပြောသွားပါတယ်။ ကျွန်မတို့က ဆန်းဒွစ်ခ်ျပဲ။ အမြဲတမ်း အလယ်မှာပဲဖြစ်တဲ့အတွက်ကြောင့် နှစ်ဦးနှစ်ဖက်သည် sastifaction level ရောက်အောင် ဝန်ထမ်းရဲ့ experience ရော ကုမ္ပဏီရဲ့ personal လမ်းကြောင်းရော ပေါင်းစပ်ပြီး သွားရမယ်လို့ မြင်ပါတယ်။”