ငါရဲ့ ဝန်ထမ်းခန့်တဲ့ ကာလအတွင်းမှာ အလုပ်ရှာဖွေသူ ၅ ထောင်လောက်ကို အင်တာဗျူးနေစဉ်အတွင်း မလုပ်သင့်သော အချက်များနဲ့ လုပ်သင့်သော အချက်များကို အကြံဥာဏ်ပေးခဲ့ဖူးပါတယ်။ မင်းအနေနဲ့ အင်တာဗျူးအတွက် လေ့လာချက်များကို ဒီစာအုပ် The Essential Guide for Hiring & Getting Hired မှာ ရှာဖွေလေ့လာနိုင်ပါတယ်။ ဒီစာအုပ်ထဲမှာ ဝန်ထမ်းခန့်အပ်ရာမှာ ဘယ်လိုအချက်မျိုးတွေနဲ့ လုပ်ဆောင်ရမလဲ ဆိုတာကို အလုပ်ရှာလိုသူတွေဘက်ကရော၊ အင်တာဗျူးမယ့်သူတွေဘက်ကရော အသေးစိတ် အကုန်ရှင်းပြထားတဲ့ ရှားရှားပါးပါး စာအုပ်တစ်အုပ်ပါ။ အင်တာဗျူးမယ့်သူက ဒီစာအုပ်မဖတ်ခဲ့ဘူးရင် အလုပ်ရှာလိုသူတွေအတွက် အခွင့်အရေးတစ်ခု အနေနဲ့ ယူထားရမှာ ဖြစ်ပြီး သူဘယ်လိုမေးခွန်းတွေ မေးမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အောက်ပါ အချက်တွေက မင်းအတွက် အထောက်အကူပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
How to Shoot Yourself in the Foot in the Interview
1. Stop using generalities ဘယ်တော့မှ ရိုးအီနေသော စကားလုံးတွေကို မသုံးမိပါစေနဲ့။ ဒါတွေကတော့ “ငါက ပြသာနာတွေကို ဖြေရှင်းနိုင်တဲ့ လူတစ်ယောက်ပါ” ၊ “ငါက တစ်ကယ်တော်တဲ့ အဖွဲ့ဝင်ကောင်း တစ်ယောက်ပါ” ဆိုတာတွေပါ။ ပုံမှန်ပြောနေကျ မင်းရဲ့ အားသာချက်တွေဟာ အင်တာဗျူးတဲ့ သူတွေအတွက် လျစ်လျူရှုခံရနိုင်ပါတယ်။ ပြီးတော့ ခဏလေးနဲ့ မေ့နိုင်ပါတယ်။ အင်တာဗျူးသူတွေက အလုပ်လာလျှောက်သူတွေရဲ့ အရည်အချင်းကို သိချင်နေတဲ့ အချိန်တွေဆိုရင် သူတိုကတွေက ဥပမာတွေ၊ ပုံပြင်တွေ ပေးပြီး အလုပ်လာလျှောက်တွေကို ဘယ်လို နည်းတွေနဲ့ ဖြေရှင်းဖူးခဲ့လည်းဆိုတာကို မေးကြပါတယ်။ ဒီလို အချိန်မျိုးတွေမှာ သူတို့က အလုပ်လာလျှောက်သူတွေ အနေနဲ့ ဘယ်လိုဘွဲ့တွေ ရှိခဲ့လဲ ဆိုတာတွေနဲ့ အဆုံးသတ်ကြပါတယ်။
2. Never say “I don’t have any weaknesses.” လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ အင်တာဗျူးသူက မင်းမှာ ဘာအားနည်းချက်တွေရှိလဲဆိုတာ မေးနိုင်ပါတယ်။ ဒါက မင်းရဲ့ အားနည်းချက်ကို တကယ်သိချင်တာ မဟုတ်ပါဘူး။ မင်းရဲ့ စရိုက်၊ ရိုးသားမှု နဲ့ မင်းရဲ့ အားသားချက် အားနက်ချက်တွေကို သိချင်လို့ မေးခြင်းဖြစ်တာပါ။ တကယ်လို့ မင်းအနေနဲ့ မင်းမှာ အားနက်ချက် မရှိဘူးလို့ ပြောခဲ့တယ်ဆိုရင် မင်းအနေနဲ့ မင်းဟာ ပိုပြီး တိုးတက်လာခြင်းမရှိတာတွေ၊ အသစ်အသစ်တွေကို မသင်ယူနိုင်တာတွေနဲ့ သူများတွေကို မသင်ပေးနိုင်တော့ဘူးလို့ ထင်မိစေပါတယ်။ အားနည်းချက်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြရမယ် ဆိုရင် မင်းအနေနဲ့ ဘယ်လိုသင်ယူနိုင်ခဲ့သလဲ နဲ့ ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားပြီး လုပ်ခဲ့သလဲ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။
3. Don’t give answers that are too short or too long အင်တာဗျူး တစ်ခုမှာ မင်းဟာ မင်းဖြေလိုက်တဲ့ အဖြေဟာ မင်းက ဘယ်လိုလူမျိုးလဲဆိုတာ အဆုံးအဖြတ်ပေးခြင်းကို ခံရမှာပါ။ အင်တာဗျူးတစ်ခုအတွက် အကောင်းဆုံးအဖြေတွေက ၁ မိနစ်ကနေ ၂ မိနစ်အထိ ကြာရှည်ပါတယ်။ တကယ်လို့ မင်းရဲ့ အဖြေဟာ အရမ်းတိုတယ်ဆိုရင် အင်တာဗျူးတဲ့သူအနေနဲ့ မင်းဟာ ကိုယ်ပိုင်အရည်အချင်းနည်းပါသူ၊ ထိုးထွင်းသိမြင်နိုင်မှု နည်းသူနဲ့ စိတ်ဝင်စားမှု မရှိဘူး လို့ ထင်နိုင်ပါတယ်။ ဒီထက်ပိုဆိုးရင်တော့ မင်းဟာ အင်တာဗျူးလုပ်တဲ့သူကို မေးခွန်း ခက်ခက်တွေ မေးစေဖို့ နိုးဆော်လိုက်တာပါပဲ။ ဒါနဲ့ မတူပဲ မင်းဟာ ကြာရှည်စွာ အဖြေကို ပြောနေတဲ့သူဆိုရင် သေသေချာချာ မရှိသူ၊ ဖြေတဲ့ အဖြေမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတယ်လို့ ထင်ပြီး ပျင်းသွားနိုင်ပါတယ်။ မင်းအဖြေက ၂ မိနစ်ထက် ပိုကျော်သွားမယ်ဆိုရင်တော့ အင်တာဗျူးလုပ်တဲ့သူဟာ မင်းအဖြေအပေါ် အာရုံမရောက်တော့ပဲ မင်းပြောသမျှနားမထောင်နိုင်ပဲ စိတ်လွင့်သွားနိုင်ပါ
4. Don’t ask “what’s in it for me” questions အင်တာဗျူး စစခြင်းမှာ မင်းအနေနဲ့ မင်းဟာ ဈေးလာရောင်းသူလို့ မှတ်ယူရပါမယ်။ တကယ်လို့ မင်းဟာ အရမ်း hot တဲ့ သူဆိုရင် မင်းအနေနဲ့ company တိုင်းက လိုချင်နေတဲ့သူ တစ်ယောက်အဖြစ် မိမိကိုယ်ကိုယ်စိတ်ထဲမှာ ခံယူထားရပါမယ်။ ကိုယ့်ကိုကိုယ် မေးတတ်တဲ့ မေးခွန်းတွေလိုပဲ ငါ့အတွက် လစာဘယ်လောက်ပေးနိုင်မလဲ ဆိုတာကို မေးရပါမယ်။ ဒါမဟုတ် အကျိုးခံစားခွင့်တွေ၊ တခြား အထောက်အပံ့တွေ ရနိုင်မလဲ ဆိုတာတွေ ကောပါ။ မင်းအနေနဲ့ ဒီလိုမေးလိုက်လို့ အဆင်ပြေတယ်ဆိုရင် အင်တာဗျူးတဲ့သူအနေနဲ့ မင်းဟာ ဒီအလုပ်ကို အာရုံစူးစိုက်ပြီး လုပ်ဖို့ ဆန္ဒရှိတယ်ဆိုတာ သိသွားစေနိုင်တာပါပဲ။
5. Don’t look at your resume အင်တာဗျူးနေစဉ်အတွင်းမှာ မင်းရဲ့ အလုပ်လျှောက်လွှာကို ဘယ်တော့မှ မကြည့်မိအောင် ကြိုးစားပါ။ ဒီလို ကြည့်လိုက်ခြင်းဟာ မင်းအနေနဲ့ မင်းရဲ့ အလုပ်လျှောက်လွှာမှာ ဘာတွေရေးထားမှန်း မသိအောင် စိတ်ရှုပ်ထွေးနေတယ်လို့ ထင်မိစေမှာပါ။ အင်တာဗျူးသူတိုင်းဟာ မင်းအနေနဲ့ မင်းအလုပ်လုပ်ဖူးတဲ့ company တွေ၊ အလုပ်လုပ်ဖူးတဲ့ ရက်စွဲတွေနဲ့ အလုပ်ရဲ့ရာထူးတွေကို အကုန်မှတ်မိနေမယ်လို့ အကုန်ယုံကြည်ကြပါတယ်။ မင်းအနေနဲ့ ဒါတွေကို မမှတ်မိနိုင်ဘူး ထင်တယ်ဆိုရင် မင်းရဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ ဒီလို နောက်ကြောင်းတွေကို စာရွက် ၃၊ ၄ ရွက်ပေါ်ကိုရေးချပြီး အင်တာဗျူး မဝင်ခင် ပြင်ဆင်သင့်ပါတယ်။
How to Gain an Interviewing Advantage
1. Be prepared အင်တာဗျူးတစ်ခုဟာ တခြားအရေးတကြီး မင်းကိုယ်မင်း တော်ကြောင်းတတ်ကြောင်း ပြောတာတွေထက် ပိုအရေးကြီးပါတယ်။ ဒါကြောင့် သေသေချာချာ ပြင်ဆင်သင့်ပါတယ်။ ဒီပြင်ဆင်ခြင်း ထဲက တစ်ခုကတော့ မင်း အင်တာဗျူးဝင်ရင် တွေ့ရမယ့် company အကြောင်း၊ အလုပ်အကြောင်း နဲ့ တကယ်လို့ မင်းကို အင်တာဗျူးမယ့်သူကို သိတယ်ဆိုရင် သူရဲ့ linkedin profile ထဲဝင်ပြီး သူ့အကြောင်းကို ကြိုသိအောင် လုပ်ထားသင့်ပါတယ်။ ဒါပေမယ့် ဒါက အစပဲ ရှိပါသေးတယ်။ မင်းအနေနဲ့ မင်းရဲ့ မင်းကိုယ်မင်း ဘာတွေလုပ်ဖူးခဲ့လဲ၊ ပြီးတော့ မင်းရဲ့ အလုပ်လျှောက်လွှာမှာ ဘာတွေရေးထားခဲ့လဲ၊ ပြီးတော့ မင်းရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေကို သေချာသိအောင် လုပ်ထားရပါမယ်။
2. Ask insightful questions
အင်တာဗျူးသူတွေဟာ မင်းဆီကလာတဲ့ အချက် ၃ ချက်ပေါ်မှုတည်ပြီး အဆုံးအဖြတ် ပေးမယ့်သူတွေပါ။ ဒါတွေကတော့ မင်းကို ပထမဆုံးအထင်ကြီးမှု၊ မင်းဖြေတဲ့ အင်တာဗျူး အဖြေတွေရဲ့ အရည်သွေး နဲ့ မင်းသူတို့ကို ပြန်မေးတဲ့ မေးခွန်းတွေရဲ့ အရည်အသွေးတွေပါပဲ။ တကယ့်ကြီးကျယ်ခန်းနားတဲ့ မေးခွန်းတွေက အားနည်းချက်တွေကို ဖြေရှင်းပြီး ရရှိလာတဲ့ ရလဒ်တွေကို မှုတည်ပြီး မေးတာတွေ များပါတယ်။ တကယ့်အကောင်းဆုံး မေးခွန်းတွေက လုပ်ရမယ့် အလုပ်ရဲ့ အကျိုးရလဒ် နဲ့ ပြိုင်ဆိုင်မှုတွေကို ဦးစားပေးပြီး မေးတာတွေပါ။
3. Convert the interview into a past performance review
မင်းအနေနဲ့ အင်တာဗျူးသူဟာ စေ့စပ်သေချာတဲ့သူ တစ်ယောက်ဆိုရင် မင်းအနေနဲ့ မင်းလုပ်ရမယ့် အလုပ်ရဲ့ အရေးကြီးတဲ့ မျှော်မှန်းချက် (သူတို့ မင်းကို ဘယ်လောက်ထိ မျှော်မှန်းထားလဲ) ဆိုတာကို မေးသင့်ပါတယ်။ ဒါကို သိရင် မင်းအနေနဲ့ ဒီလို အလုပ်မျိုးနည်းတူ မင်းလုပ်ခဲ့ဖူးပြီး ဘယ်လိုအောင်မြင်အောင် ဘယ်လိုအရာမျိုးတွေနဲ့ လုပ်နိုင်ခဲ့သလဲ ဆိုတာကို ပြောပြသင့်ပါတယ်။
4. Prove strengths and neutralize weaknesses
မင်းရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြောပြသင့်ပါတယ်။ မင်းရဲ့ အားသာချက်တွေကို ပြောပြတဲ့ အခါမှ ဒီအားသာချက် ၁ ခုစီကြောင့် projects ၁ ခု ဒါမှ မဟုတ် ၂ ခုထိ ပြီးခဲ့တယ်ဆိုတာကို ရည်ညွန်းပြောဆိုလိုက်ပါ။ အားနည်းချက်ကို ပြောတော့မယ်ဆိုရင် မင်းမအောင်မြင်ခဲ့တဲ့ အရာတွေဆီက အတွေ့အကြုံတွေကို ဘယ်လို လေ့လာခဲ့တယ် ဒါမှမဟုတ် ဘယ်လို အပေးအယူတည့်စွာ ဖြေရှင်းခဲ့တယ်ဆိုတာကို ပြောပြသင့်ပါတယ်။
5. Ask about next steps
အင်တာဗျူး အဆုံးကို ရောက်တဲ့ အချိန်မှာ မင်းအနေနဲ့ အလုပ်ရခဲ့ရင် ဘယ်လို နေရာမှာ လုပ်ရမယ် ပြီးတော့ နောက်ထပ် ဘယ်လိုအဆင့်တွေ ရှိမလဲ ဆိုတာ မေးလိုက်ပါ။ တကယ်လို့ အင်တာဗျူးသူဟာ မင်းရဲ့ မေးခွန်းတွေ၊ အဖြေတွေကို မသဲကွဲဘူးဆိုရင် ဟိုး အင်တာဗျူး အစအထိ သူ့ကို ခေါ်သွားဖို့ မကြိုးစားပါနဲ့။ ဒီလို အချိန်မျိုးမှာ မင်းအနေနဲ့ အဲ့ဒီ ရာထူးရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အရာတစ်ခုခု မင်းဆီမှာ မရှိတာလားလို့ မေးသင့်ပါတယ်။ ဟုတ်တယ်လို့ ပြောလိုက်တယ် ဆိုရင် မင်းအနေနဲ့ ဒီလို အလုပ်မျိုးနည်းတူ မင်းအရင်အလုပ်တွေမှာ အောင်မြင်ခဲ့တယ် ဆိုတာကို နည်းနည်းလျော့ပြီး ပြောရမယ့် အခြေအနေ ရှိပါတယ်။ အလုပ်ခန့်မယ် မန်နေဂျာ အများစုဟာ စိစစ်တာနဲ့ မှန်မမှန်ဆုံးဖြတ်တဲ့ အရည်အချင်းတွေဟာ သူတို့ အတွေ့အကြုံတွေနဲ့ ဒီအတွေ့အကြုံက ရရှိတဲ့ ပညာတွေကြောင့် ပိုများနိုင်ပါတယ်။ အလုပ်ရှာတဲ့ သူတွေကလည်း ဒီလို အခြေအနေမျိုးနဲ့ မေးခွန်းတွေကို ပိုမိုပြင်ဆင်ထားသင့်ပါတယ်။ အင်တာဗျူးဝင်ခြင်းက စာသင်ပေးခြင်း မဟုတ်သလို စက္ကန့် ၃၀ စာ အမေးအဖြေလုပ်နေတဲ့ အခန်းလည်း မဟုတ်ပါဘူး။ ဒါကြောင့် သူမေးတာကို ဖြေရမယ့် အပြင် တခြား သူတို့ business ကို ကိုယ့်အနေနဲ့ မလုပ်ခင်ကတည်းက ထိုးထွင်းသိနေတဲ့ အနေနဲ့ ပြန်မေးခြင်း၊ တခြား ဒီ business နဲ့ ဆိုင်တဲ့ အကြောင်းအရာများကို အင်တာဗျူး ဖြေရင်းနဲ့ မေးမြန်းခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ အမှားတစ်ခုခုကို လုပ်မိပါက ဒီအမှားကို အမှန်အဖြစ် ပြောင်းလဲပြီး အင်တာဗျူးသူရဲ့ စိတ်ကျေနပ်မှုကို ရရှိအောင် လုပ်သင့်ကြောင့် အကြံပေးလိုပါတယ်။
Lou Adler CEO, best-selling author, created Performance-based Hiring.
Recent book: The Essential Guide for Hiring & Getting Hired
Source: linked
Translated: mmDroid
Credit:The Opportunity Journal