29th June, 2017
Things You Should Never Say in a Job Interview
Share
Blog Link Copied
အလုပ်လျှောက်သူတွေအနေနဲ့အင် တာဗျူးကာလကိုမဖြစ်မနေကြုံတွေ့ကြရပါ တယ်။ အဲဒီအခါမှာ အမှန်တရားပင်ဖြစ် လင့်ကစား အင်တာဗျူးသူတွေကို မပြော သင့်တဲ့စကားများရှိပါတယ်။ မြန်မာစကား မှာစကားကြီးခြောက်ခွန်းရှိပါတယ်။ အဲဒီအထဲက တစ်ခုဖြစ်တဲ့ ‘မှန်ပင်မှန်သော် လည်း ဘယ်သူ့အတွက်မှအကျိုးမရှိတဲ့ စကား၊ သူတစ်ပါးမကြားနာလိုသော စကား’ဖြစ်ပါတယ်။ အမှန်တရားဖြစ် သော်လည်း ပြောသူရော၊ နားထောင်သူ ပါအကျိုးမရှိစေတဲ့စကားဖြစ်ပါတယ်။
အဲဒီလိုပဲ၊ အလုပ်အတွက် အင်တာဗျူး သူတွေနဲ့တွေ့တဲ့အခါ မှန်ပင်မှန်သော် လည်းအကျိုးမရှိစေတဲ့၊ မပြောအပ်တဲ့ စကားတွေရှိပါတယ်။ အလုပ်လျှောက် ထားသူတွေအနေနဲ့ ရှောင်ရှားသင့်၊ သတိမူ သင့်တဲ့အချက်တွေကိုဖော်ပြပေးသွား ချင်ပါတယ်။
အချိန်တိုအတွင်းမှာ အလုပ်ခဏခဏ ပြောင်းခဲ့ဖူးတယ်
အလုပ်လျှောက်လွှာမှာကတည်းက အဲဒီအချက်ကိုသတိထားရပါမယ်။ အရင် အလုပ်အတွေ့အကြုံလို့ဆိုလိုက်တဲ့အခါမှာ ကိုယ့်ဘက်က ဟိုအလုပ်မှာလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံနှစ်လသုံးလ၊ ဒီအလုပ်မှာ လုပ်ဖူးတဲ့ အတွေ့အကြုံ သုံးလေးလစတဲ့ အချက်တွေကိုမထည့်သွင်းမိဖို့လိုပါတယ်။ ဒါ့အပြင် အင်တာဗျူးဖြေတဲ့အခါ၊ လက်ရှိ အလုပ်နဲ့ပတ်သက်ပြီးအတွေ့အကြုံကိုမေး မြန်းတဲ့အခါ အထက်ပါအတိုင်းပဲ သတိ ထားရပါမယ်။ကိုယ့်ရဲ့နှစ်လသုံးလအတွေ့အကြုံနဲ့ အလုပ်ခဏခဏပြောင်းလဲတတ်တဲ့အပြု အမူကို အင်တာဗျူးသူတွေကနှစ်သက်မှာ မဟုတ်ပါဘူး။ အလုပ်တစ်ခုမှာနှစ်လ လောက်နဲ့အလုပ်ထွက်သွားသူအတွက် သူတို့ဘက်ကစဉ်းစားစရာအချက်တွေရှိပါ တယ်။ ဒီလူက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့လား၊ အလုပ်စည်းကမ်း မလိုက်နာနိုင်လို့လား၊ အလုပ်ကိုခဏခဏ ပြောင်းလဲတတ်တဲ့အကျင့်ရှိနေလို့လားစတဲ့ အချက်တွေကို အင်တာဗျူးသူတွေက အရင်စဉ်းစားမိပါလိမ့်မယ်။တစ်ဖက်ကလည်း ကိုယ်လုပ်ခဲ့တဲ့ အလုပ်က တက်လမ်းမရှိလို့၊ အခွင့်အရေး မရလို့ထွက်လိုက်တာလည်းဖြစ်ချင်ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အလုပ် လျှောက်လွှာမှာပဲဖြစ်ဖြစ်၊ အလုပ်အင်တာ ဗျူးမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ခဏတစ်ဖြုတ်လုပ်ခဲ့ ဖူးတဲ့အလုပ်အတွေ့အကြုံတွေကိုမဖော်ပြ မိစေဖို့လိုပါတယ်။ ကိုယ့်ရဲ့ဖော်ပြချက်က အင်တာဗျူးသူတွေအမြင်မှာ အလုပ်မမြဲသူ လို့ထင်မြင်သွားစေနိုင်တာကို သတိပြုနိုင် ပါတယ်။
အရင်အလုပ်ကတော့ အိပ်မက်ဆိုးတစ်ခုပါပဲ
အရင်အလုပ်နဲ့ပတ်သက်ပြီးအဆိုး မြင်တဲ့သဘောမျိုးပြောဆိုတာမျိုးကို အင် တာဗျူးသူတွေက မနှစ်သက်ပါဘူး။ အမှန် တကယ်ပဲဆိုးနေစေကာမူ မပြောသင့်ပါ ဘူး။ အင်တာဗျူးသူတွေအနေနဲ့ ကိုယ်က အဆိုးမြင်သူလား၊ အကောင်းမြင်သူလား ဆိုတာကို ကိုယ့်ရဲ့အဖြေပေါ်မှာလေ့လာ အကဲဖြတ်ကြပါတယ်။ အရင်အလုပ်က အကြီးအကဲ၊ မန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက် တွေကိုအပြစ်တင်ပြောဆိုတာမျိုးမလုပ်သင့် ပါဘူး။ တကယ်တမ်း သူတို့ဘက်ကမ ကောင်းတဲ့သူဖြစ်စေဦးတော့၊ အင်တာဗျူး သူတွေကိုပြောဖို့မလိုတဲ့ကိစ္စပါ။တစ်ခါတလေမှာ အင်တာဗျူးသူတွေ က ဘာကြောင့်အရင်အလုပ်ကထွက်ခဲ့တာ လဲဆိုတာကိုမေးမြန်းတတ်ပါတယ်။ အဲဒီ အခါကိုယ့်ဘက်က ပုဂ္ဂလိကဆန်တဲ့အဖြေ မျိုးမဖြေသင့်ပါဘူး။ ဟိုလူမကောင်းလို့၊ ဒီလူမကောင်းလို့ အရင်အလုပ်ကထွက်ခဲ့ ရတယ်ဆိုတာထက်၊ လက်ရှိလျှောက်ထား တဲ့အလုပ်က အရင်အလုပ်ထက်တိုးတက် ဖို့အခွင့်အလမ်းပိုများလို့၊ လစာခံစားခွင့် ပိုကောင်းလို့စတဲ့အဖြေမျိုးကိုသာဖြေဆို သင့်ပါတယ်။ အရင်အလုပ်ကိုအပြစ်ပြော ဆိုတာမျိုးက အင်တာဗျူးသူတွေရဲ့မလို လားမှုကိုရရှိစေနိုင်ပါတယ်။
ဘယ်အလုပ်ကိုမဆိုလုပ်နိုင်ပါတယ်
တစ်ခါတစ်ရံမှာ ကိုယ့်ဘက်ကနေ အလုပ်ရချင်ဇောနဲ့ ကုမ္ပဏီမှာလစ်လပ်နေ တဲ့ဘယ်အလုပ်မဆိုလုပ်နိုင်တယ်လို့ပြောမိ ကောင်းပြောမိပါလိမ့်မယ်။ အဲဒီအချက်က အလုပ်အင်တာဗျူးသူတွေကို မပြောဆို သင့်တဲ့စကားထဲမှာပါဝင်နေပါတယ်။ အဲဒီ လိုပြောလိုက်တဲ့အတွက် အင်တာဗျူးသူ တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသူ၊ ကိုယ်နဲ့သင့်တော်တဲ့အလုပ်ကိုကောင်းမွန် စွာခွဲခြားမသိသူလို့ထင်မြင်ယူဆသွားနိုင်ပါ တယ်။အင်တာဗျူးတဲ့အခါ ကိုယ်နဲ့ကိုက်ညီ တဲ့အလုပ်၊ ကိုယ်တာဝန်ယူနိုင်တဲ့အလုပ်ကို အင်တာဗျူးသူတွေကို ရှင်းရှင်းလင်းလင်း အသိပေးထားသင့်ပါတယ်။ ကိုယ်ကတော့ အရောင်းပိုင်းမှာကျွမ်းကျင်တယ်၊ မားကက် တင်းပိုင်းမှာကျွမ်းကျင်တယ်၊ စာရင်းအင်း ပိုင်းကျွမ်းကျင်တယ်စတာတွေကို ယုံကြည် မှုရှိရှိနဲ့ပြောဆိုနိုင်ရပါမယ်။ သင့်တော်တဲ့ အလုပ်တစ်ခုပေးပါတို့၊ ဘယ်အလုပ်မဆို လုပ်နိုင်ပါတယ်ဆိုတာမျိုးတို့ကိုမပြောမိစေ ဖို့သတိထားရပါမယ်။ ကိုယ်ကိုယ်တိုင် တောင် ဘယ်အလုပ်နဲ့သင့်တော်မှန်းမသိ လို့ အင်တာဗျူးသူတွေကို သင့်တော်တဲ့ အလုပ်ပေးပါလို့ပြောသလိုဖြစ်နေပါတယ်။ ဒီအချက်ကိုသတိပြုပါ။
ကျွန်တော်၊ ကျွန်မရဲ့အားနည်းချက်က တော့ အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်တာပါပဲ
ကိုယ့်ကိုယ်ကိုယ်တိုက်ရိုက်ချီးမွမ်း တာမျိုးမလုပ်ရပါဘူး။ ကိုယ့်ရဲ့အားနည်း ချက်က အလုပ်ကြိုးစားတာပါလို့ကိုယ့် ကိုယ်ကိုယ်အမွမှ်းတင်မယ့်အစား တခြား အချက်တစ်ခုကိုပြောဆိုသင့်ပါတယ်။ ဥပ မာလူအများရှေ့မှာ စကားပြောရင်အနည်း ငယ်စိတ်လှုပ်ရှားတယ်ဆိုပြီး တို့ဘာတို့စတာ တွေပြောဆိုလို့ရပါတယ်။ လူတော်တိုင်းက ကိုယ့်ကိုယ်ကိုယ်တော်တယ်၊ ကြိုးစားတယ် လို့ဘယ်တော့မှမပြောပါဘူး။ အဲဒီအစား အလုပ်နဲ့ပဲသက်သေပြသွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော်တယ်၊ တတ်တယ် ဆိုတာမျိုးက ဘဝင်မြင့်တဲ့လူတွေပြော တတ်တဲ့စကားမျိုးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အလွန်အကျူးချီးမြှောက်တဲ့စကားမျိုး မပြောမိစေဖို့ သတိပြုရပါမယ်။
ပိုက်ဆံအကြောင်းပြောကြပါစို့
အလုပ်လျှောက်လွှာထဲမှာ မျှော်မှန်း လစာထည့်သွင်းထားတာမို့ အင်တာဗျူး အစမှာ ပိုက်ဆံအကြောင်းမပြောမိပါစေနဲ့။ ကိုယ့်ဘက်ကအလျင်စလို လစာကိစ္စအစ ပျိုးလိုက်တာကြောင့် ကိုယ့်ဘက်ကရနိုင် မယ့်အခွင့်အလမ်းတွေဆုံးရှုံးသွားရနိုင်ပါ တယ်။ အလုပ်ရှင်တွေရှာဖွေနေတာက သူတို့ကုမ္ပဏီရဲ့စံသတ်မှတ်ချက်တွေ၊ တန်ဖိုးတွေ၊ မျှော်မှန်းချက်တွေကို ဘယ်လို ချိန်ညှိဖို့ကြိုးစားမလဲ၊ ဘယ်လိုမျိုးပူးပေါင်း ပါဝင်ဖို့ကြိုးစားမလဲဆိုတဲ့ကိစ္စရပ်ကိုပဲ မျှော် လင့်ထားတာပါ။ကိုယ့်ဘက်ကနေပိုက်ဆံကိစ္စကိုရှေ့ တန်းတင်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့အင်တာ ဗျူးက အဲဒီကိစ္စတစ်ခုအတွက်နဲ့ရပ်တန့် သွားရနိုင်ပါတယ်။ သူ့ဘက်ကနေကိုယ့် အပေါ်မေးမြန်းတဲ့မေးခွန်းအားလုံးရဲ့ အဆုံး သတ်မှာမှ ကိုယ်မေးချင်တဲ့လစာကိစ္စကို မေးမြန်းနိုင်ပါတယ်။ အင်တာဗျူးအစမှာ တော့ ဒီအချက်ကိုမပြောမိစေဖို့ သတိပြုရ ပါမယ်။
Credit : opportunitycom.mmCredit :ကျော့ကေခိုင်