17th May, 2022

JobNet ၏ JobSeeker Profile အကြောင်း

လက်ရှိအလုပ်အကိုင်စျေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ရုတ်တရက်အပြောင်းအလဲတွေကြောင့် ကုမ္ပဏီတွေဟာ သူတို့ခေါ်ယူနေတဲ့အလုပ်အကိုင်အမျိုးအစားတွေနဲ့ပတ်သက်ပြီး အသေးစိတ်ဂရုတစိုက်ကိုင်တွယ်လာကြတာကို ပိုပိုပြီးမြင်တွေ့မိမှာပါ။ အရင်တုန်းကနဲ့မတူတာကတော့ ကုမ္ပဏီကြီးကြီးသေးသေး အခုချိန်မှာ အကုန်လုံးဟာ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ သူတို့ရဲ့အလုပ်ခေါ်ယူမှုတွေကို လုံးဝသေချာအောင်ပြုလုပ်နေပါတယ်။ ခေါ်ယူနေတဲ့အလုပ်အကိုင်တွေအတွက်လည်း တကယ်ကိုက်ညီတဲ့သူကိုခေါ်ယူမိဖို့ကိုလည်း သေသေချာချာအာရုံစိုက် နေကြရပါတယ်။

အဲဒါကြောင့်လည်း အခုအချိန်မှာ အလုပ်ရှာဖွေလျှောက်ထားသူတွေအနေနဲ့ အလုပ်ခေါ်ယူနေတဲ့ကုမ္ပဏီတွေက ကိုယ့်ရဲ့အရည်အချင်းတွေကို ကြိုက်နှစ်သက်ပြီးလက်ခံခေါ်ယူလာအောင် ပြုလုပ်ဖို့အလွန်အရေးကြီးပါတယ်။ အဲဒီလို ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေကို သူတို့သတိထားသိမြင်လာအောင်ပြုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ ကိုယ့်ရဲ့ JobNet Profile မှာလက်ရှိဆက်သွယ်လို့ရမယ့်လိပ်စာ၊ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်း၊ အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း၊ အခြားအလုပ်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံဖြည့်စွက်ထားဖို့ပါပဲ။

ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းအသစ်ရှာဖွေမှုမှာ အထောက်အကူဖြစ်စေတဲ့ JobSeeker Profile ကို ဘာကြောင့်ပြည့်ပြည့်စုံစုံဖြည့်စွက်သင့်သလဲဆိုတဲ့ အရေးကြီးတဲ့အချက် ၃ ချက်ကို အောက်မှာဆက်လက်ဖတ်ရှုပါ။

၁။ ကုမ္ပဏီတွေဟာ လစ်လပ်ရာထူးတွေကို အပြင်မှာထုတ်ပြီး မကြော်ငြာခင် သူတို့ရဲ့သိမ်းဆည်းထားတဲ့ဒေတာတွေထဲမှာ ကိုက်ညီတဲ့သူကိုတွေ့မလားဆိုပြီး အရင်ဆုံးရှာဖွေလေ့ရှိကြပါတယ်။ အများစုကတော့ ဒါကိုသတိမထားမိကြပါဘူး။ JobNet အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ကို အသုံးပြုတဲ့ကုမ္ပဏီတွေကတော့ JobNet မှာ သူတို့စုဆောင်းထားတဲ့အလုပ်လျှောက်ထားသူစာရင်းကို အရင်ဆုံးကြည့်ရှုစစ်ဆေးပြီး သူတို့ခေါ်ယူနေတဲ့အလုပ်တွေနဲ့ ကိုက်ညီမှုရှိတဲ့အရည်အချင်းရှိကြသလားနဲ့ အဲဒီအလုပ်လျှောက်ထားသူကရော သူတို့ဆီမှာအလုပ်လုပ်ဖို့ စိတ်ဝင်စားသလားဆိုတာကို အရင်ဆုံးပြုလုပ်ကြပါတယ်။

၂။ နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ JobNet JobSeeker Profile မှာဖြည့်စွက်ထားတဲ့လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အရည်အချင်းတွေနဲ့ ကိုက်ညီစစ်မှန်တဲ့အလုပ်အကိုင်သတင်း (JobAlerts) တွေကိုလည်း ပေးပို့ပေးပါတယ်။ အခုအချိန်အထိလုပ်ခဲ့ဖူးတဲ့အလုပ်အကိုင်တွေ၊ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်းတွေ၊ ကိုယ်ရဲ့အလုပ်အကိုင်လမ်းကြောင်းမှာ ကိုယ်သွားချင်တဲ့ဦးတည်ချက် အစရှိတာတွေကို ကိုယ့် Profile မှာ ပြည့်ပြည့်စုံစုံဖြည့်စွက်ထားသ၍ ကိုယ်နဲ့သင့်တော်အကိုက်ညီဆုံးအလုပ်အကိုင်တွေကို ပေးပို့ပေးမှာဖြစ်ပါတယ်။ ရှာစရာမလိုဘဲနဲ့ အလုပ်တွေကကိုယ့်ဆီကို ရောက်ရှိလာမှာပါ။

၃။ နောက်ဆုံးအနေနဲ့ ကိုယ့် Profile ကိုပြည့်ပြည့်စုံစုံဖြည့်စွက်ထားခြင်းဖြင့် ကုမ္ပဏီတစ်ခုနဲ့ အလုပ်အင်တာဗျူးလုပ်ဖို့ အဆင့်ရောက်တဲ့အခါမှာ လုပ်ငန်းပိုင်းဆိုင်ရာအားထုတ်ကြိုးစားမှုနဲ့ ကျွမ်းကျင်မှုတို့ကို စနစ်တကျပြသနိုင်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ JobSeeker Profile မှာလတ်တလောလုပ်ငန်းအကြောင်းမဖြည့်စွက်မီ အလုပ်အင်တာဗျုးခေါ်ဆိုခံရပြီး အဲဒီအင်တာဗျူးမှာ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံကိုမေးမြန်းခံခဲ့ရမယ်ဆိုရင် ကိုယ့်ရဲ့အဖြေက ကိုယ့်ရဲ့ Profile နဲ့ ကိုက်ညီမှုရှိနေမှာမဟုတ်ပါဘူး။ အဲဒီအခါမှာ အလုပ်ရှင်ဘက်ကလည်း ကိုယ့်ကိုသေချာပြင်ဆင်မှုမရှိတဲ့သူလို့ ထင်မြင်နိုင်ပြီး အလုပ်ခေါ်ယူဖို့စဉ်းစားတဲ့နေရာမှာ အတားအဆီးတွေဖြစ်သွားနိုင်ပါတယ်။

ကိုယ့်ရဲ့ Profile ကိုအမြဲမပြတ်ပြည့်ပြည့်စုံစုံပြုလုပ်နေခြင်းဟာ ကောင်းမွန်တဲ့ Strategy တစ်ခုဖြစ်ပါတယ်။ ဒါဟာဘယ်တော့မှ ကိုယ့်ရဲ့အလုပ်ရှာဖွေမှုကို လမ်းမချော်သွားစေပါဘူး။ အရေးကြီးတဲ့အချက်တော့ အခုချိန်မှာ ကိုယ့်ရဲ့ JobNet JobSeeker Profile ကို ပြည့်ပြည့်စုံစုံပြုလုပ်ဖို့အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ အားလပ်ရက် အိမ်မှာနေပြီး အနာဂတ်အတွက်သေချာပြင်ဆင်ဖို့စဉ်းစားထားတယ်ဆိုရင် ကိုယ့် JobNet Profile ကိုပြည့်ပြည့်စုံစုံဖြည့်စွက်ပြီး  အလုပ်တွေရှာဖွေလျှောက်ထားတော့မယ်ဆိုရင်တော့ မှတ်ထားသင့်တဲ့အချက်တွေကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

JobNet JobSeeker Profile ကို ဘယ်လိုဖန်တီးရမလဲဆိုတာ သိလိုပါသလား။ အောက်ပါဗီဒီယိုကိုကြည့်ပါ။