27th April, 2017

The Right Man For The Job

‘‘အတွင်းလူကို ယူမလား’’ဆိုတဲ့ မေးခွန်းကိုမေးရတာကဒီလိုပါ။ ကုမ္ပဏီ အဖွဲ့အစည်းမှာ ငယ်မွေးခြံပေါက်ပုဂ္ဂိုလ် တွေရှိတတ်တယ်။ သူတို့ဟာ ကုမ္ပဏီ အဝန်းအဝိုင်းမှာ လုပ်ငန်းတာဝန်တွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေပါ။ တချို့ကတက်တက်ြွကြွကနဲ့ လုပ်ငန်း တွေလုပ်ကိုင်ဆောင်ရွက်နေတဲ့သူရှိ သလို တချို့ကလည်း ပေးတဲ့ငွေနဲ့တန် အောင်လုပ်တတ်တဲ့သူတွေလည်းရှိ လိမ့်မယ်။ တချို့ကတော့ နွားနှင်တံနဲ့ ဖင်ကိုထိုးပြီး လုပ်ငန်းကိုလုပ်ခိုင်းရတဲ့ လူမျိုးတွေလည်းရှိလိမ့်မယ်။ လူအမျိုး မျိုး၊ စရိုက်အမျိုးမျိုးနဲ့ပါပဲ။        
ဒီလူတွေကိုဘာကြောင့်အလုပ် ပေးခဲ့သလဲ၊ ဘာကြောင့် ကုမ္ပဏီရဲ့ အတွင်းလူတွေဖြစ်လာရသလဲဆိုတာ တော့ပြောရခက်လိမ့်မယ်။ အမျိုးမျိုး သောအကြောင်းတွေကြောင့် သူတို့ ဟာ ကုမ္ပဏီရဲ့အတွင်းလူဖြစ်လာခဲ့ရ တာပါ။ ဆွေမျိုးသားချင်းတွေဖြစ်လို့၊ တာဝန်ရှိတဲ့လူကြီးတွေနဲ့ မကင်းရာ မကင်းကြောင်းမို့ သူတို့တစ်တွေကို သူများထက်ပိုပြီး အတွင်းလူအဖြစ်သုံး တာဖြစ်လိမ့်မယ်။        
ဒါပေမဲ့ အတွင်းလူဖြစ်လာကြတဲ့ သူတို့ဟာ တခြားလူတွေထက် အတွင်း ကိစ္စတွေကိုသိကြရတယ်။ တခြားလူ တွေမသိတဲ့၊ မစွမ်းဆောင်နိုင်တဲ့ကိစ္စ တွေမှာ တတ်သိနားလည်ပြီး စွမ်းဆောင် ရည်ရှိကြတဲ့လူတွေဖြစ်နေဖို့တော့လို လိမ့်မယ်။ ဒါမှသာ တာဝန်ရှိသူ ဘာ လုပ်ချင်သလဲ၊ ဘာလိုချင်သလဲဆိုတာ ကို ‘‘ချက်ဆိုရင် နားခွက်ကမီးတောက်’’ ကြလိမ့်မယ်။ ဒီတော့ ရှေ့ကိုလုပ်ကိုင် ဆောင်ရွက်မယ့် လုပ်ငန်းအသီးသီးနဲ့ ပတ်သက်ရင် သိရှိနားလည်ကြမှာ အသေအချာပါပဲ။        အတွင်းလူတွေရှိနေတဲ့အတွက် ကိုယ့်လုပ်ငန်းကိုပိရိသေချာစွာ ဆောင် ရွက်နိုင်လိမ့်မယ်လို့ ကုမ္ပဏီရဲ့တာဝန် ရှိသူတိုင်းပဲ တွေးထင်တတ်ကြတယ်။ အတွင်းလူဆိုတာ တခြားသူတွေထက် ကုမ္ပဏီရဲ့အရေးအရာကိစ္စတွေကို ပိုပြီး သိရှိနားလည်တတ်ကြတယ်မဟုတ် လား၊ ဒီတော့ ကုမ္ပဏီကိုတိုးချဲ့တာ၊ လုပ်ငန်းတွေကိုတိုးချဲ့တာတွေကို လုပ် ကိုင်ဆောင်ရွက်ကြဖို့လိုအပ်လာတဲ့ အချိန်မှာ ဘယ်သူမဆိုအတွင်းလူဖြစ် နေပြီဖြစ်တဲ့သူတို့ကိုပဲ ပြေးပြီးမြင်တတ် ကြတယ်။ 

သူတို့ဟာ ကုမ္ပဏီရဲ့လုပ်ငန်းတွေ နဲ့ လက်ပွန်းတတီးရှိနေတာ၊ ရှေ့လုပ် ငန်းစဉ်တွေကို တစ်စုံတစ်ရာနားလည် ခွင့်ရရှိနိုင်တာ၊ အတွင်းလူမို့ ကုမ္ပဏီ အတွက် ယုံကြည်စိတ်ချစွာတာဝန်ပေး နိုင်တာစသဖြင့် တွေးထင်တတ်ကြ တယ်။ ကုမ္ပဏီရဲ့ဌာနတစ်ခုတိုးချဲ့တာ၊ တိုးချဲ့မယ့်ဌာနတွေမှာ သူတို့ကိုပဲ တာ ဝန်ပေးခန့်ထားဖို့ အလေးထားဦးစား ပေးကြမှာဓမ္မတာပါပဲ။ အတွင်းလူဆို တာ အပြင်လူထက်အစစအရာရာ စိတ်ချယုံကြည်ရတယ်ဆိုတဲ့အစွဲက ရှိ နေကြတယ်မဟုတ်လား။        ဒါပေမဲ့ အတွင်းလူတော်တော် များများကို တိုးချဲ့မယ့်အလုပ်တွေမှာ ခန့်ထားတာမျိုးဟာ မထင်မှတ်ဘဲ အန္တရာယ်ရှိတတ်တယ်ဆိုတာကိုတော့ တွေးမိတဲ့လူက နည်းပါတယ်။ တကယ် က အတွင်းလူဆိုတာက ‘‘ငယ်မွေးခြံ ပေါက်’’လိုဖြစ်နေတာကများတယ်။ ဒီတော့ တွေးမှု၊ မြင်မှု၊ လုပ်ကိုင်မှုတွေ ဟာ အသစ်အဆန်းမရှိဘူး၊ သူတို့တစ် တွေရဲ့ Culture က တစ်ခုတည်းဖြစ် နေလိမ့်မယ်။ ပုံစံခွက်ထဲကမထွက်နိုင် ကြဖို့များတယ်။ အသစ်အဆန်းတွေ၊ အတွေးအယူသစ်လွင်မှုတွေ အင်မတန် နည်းလိမ့်မယ်။ ပုံစံခွက်အတွင်းက အရုပ်တွေနဲ့တူနေတတ်တယ်။ ဒီတော့ ဘယ်မှာ သူများထက်နှာတစ်ဖျားသာ နိုင်ပါတော့မလဲ။        
အတွင်းလူတွေများနေရင် အရင် တုန်းကတွေးသလိုလုပ်လိမ့်မယ်။ အရင် တုန်းကလုပ်ခဲ့တာနဲ့ နောက်လုပ်မယ့် အလုပ်တွေဟာ ထပ်တူထပ်မျှဖြစ်ပြီး  ဆန်းသစ်မှုလည်း အလွန်ပဲနည်းလိမ့် မယ်။ ဒီတော့ ကိုယ့်ရဲ့လုပ်ငန်းဟာ ကြီးလာတာကလွဲလို့ ပိုပြီးဆန်းသစ်လာ စရာမရှိဘူး။ လူများလို့ပွဲမစည်ဘဲဖြစ် နေလိမ့်မယ်။ အရင်ကလိုတွေး၊ အရင် ကလိုလုပ်ခဲ့လေတော့ အရင်အတိုင်းပဲ တွေ့ကြုံခံစားနေရလိမ့်မယ်။ ဘာတစ်  ခုမှ ထူးခြားဆန်းသစ်လာမှာမဟုတ် ဘူး။        ယှဉ်ပြိုင်မှုတွေပြင်းထန်နေတဲ့ ဒီနေ့လိုကာလမျိုးမှာ ဘယ်သူမဆို ကိုယ့်ရဲ့ပြိုင်ဘက်ထက် နှာတစ်ဖျား တော့သာနေမှဖြစ်လိမ့်မယ်။ လူများပြီး ပွဲမစည်လို့တော့မဖြစ်ဘူး။ အခုဆောင် ရွက်နေတဲ့အလုပ်ဟာ တိုးချဲ့ဆောင် ရွက်မယ့်အလုပ်ဖြစ်တာကြောင့် အောင် မြင်မှဖြစ်လိမ့်မယ်။ အောင်မြင်အောင် လည်းကြိုးစားရလိမ့်မယ်။ လူသစ်တွေ ထက် လူဟောင်းတွေကို အမာခံထား ပြီးဆောင်ရွက်တာဖြစ်လို့ ပိုမိုအောင် မြင်သင့်တာပေါ့။        
ဒါပေမဲ့ လုပ်ငန်းရှင်ဟာ သူမျှော် မှန်းသလိုလုပ်ကိုင်ချင်မှ လုပ်ကိုင်နိုင် လိမ့်မယ်။

အတွေ့အကြုံတွေနဲ့ လူ ဟောင်းတွေကိုပဲ ရာထူးတိုးမြှင့်ခန့် ထားခဲ့ရင် အသေအချာအောင်မြင်လိမ့် မယ်ဆိုတဲ့အတွေးနဲ့လုပ်ခဲ့ပေမဲ့ ထင် သလိုဖြစ်ချင်မှဖြစ်လိမ့်မယ်။ လူဟောင်း ဖြစ်လို့ ဘာမဆို ပုံစံခွက်အဟောင်းထဲ ကပဲတွေးတောလုပ်ကိုင်တတ်ကြတယ်။ ဒီတော့တကယ့်အခြေအနေနဲ့ ကင်း ကွာသွားပြီး အောင်မြင်မှုရသင့်သ လောက် ရချင်မှရလိမ့်မယ်။        လူသစ်ကိုခန့်ရတာက တစ်စုံတစ် ရာစွန့်စားကောင်းစွန့်စားရလိမ့်မယ်။ သူတို့တစ်တွေရဲ့ လုပ်စွမ်းရည်ဘယ် လောက်ရှိတယ်ဆိုတာကို အတိအကျ  မသိရလေတော့၊လွဲချော်မှုတွေရှိနေမှာ အမှန်ပဲ။ ဒါကိုနားလည်နိုင်တယ်၊ ဒါပေမဲ့ လူသစ်တွေမှာ မထင်မှတ်တဲ့ တွေးခေါ်မှုအသစ်တွေရှိနေတတ်တယ်။ သူတို့ရဲ့ Thinkingတွေဟာ လူဟောင်း တွေနဲ့မတူ ကွာခြားကောင်းမွန်နေ တတ်ပါတယ်။ ဒီတော့ လူဟောင်း (အတွင်းလူ)တွေနဲ့ လူသစ်တွေကို တွဲ ပြီးသုံးတာက လူဟောင်းကိုပဲသုံးတာ ထက်ပိုမိုအကျိုးရှိနိုင်တာအမှန်ပဲ။        အပြင်ကလူကိုခန့်တာထက် လူ ဟောင်းတွေကိုပဲ ရွေးချယ်ခန့်အပ်တာ ဟာ ပိုမိုစိတ်ချရပြီး ပိုမိုကောင်းမွန်လိမ့် မယ်လို့ တာဝန်ရှိသူတော်တော်များများ  ကတွေးထင်တတ်ကြတယ်။ လူဟောင်း များမှာ ကောင်းတာရှိသလို လူသစ် များဆီမှာလည်း တွေးထင်မထားတဲ့ တော်မှုတတ်မှု အတွေ့အကြုံ အသစ် တွေရှိတတ်ပါတယ်။ ဒီတော့ အတွင်း လူကိုယူတာပဲဖြစ်ဖြစ် လူသစ်တွေ ကိုသုံးတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့လုပ်ငန်း အောင်မြင်တိုးတက်မှုကသာ အဓိက ဖြစ်လိမ့်မယ်။        
အတွင်းလူလို့ခေါ်တဲ့ ကိုယ်နဲ့နီးစပ် ကျွမ်းဝင်ပြီးသားလူတွေဟာ လူတော် လူကောင်းတွေဟုတ်ချင်မှဟုတ်လိမ့် မယ်။ ဟုတ်ချင်လည်းဟုတ်နိုင်ပါတယ်။ ဒါပေမဲ့  နောက်မှရောက်လာကြတဲ့လူ တွေကလည်း သူတို့လိုပဲတော်တဲ့၊ တတ်တဲ့သူတွေရှိနိုင်ပါတယ်။ ဒါကို တာဝန်ရှိတဲ့လူက အခြေအနေကို ကြည့်ပြီး လုပ်ငန်းတိုးတက်အောင်မြင် ဖို့အတွက် ဆောင်ရွက်သွားကြဖို့ပဲဖြစ် ပါလိမ့်မယ်။ ဒီတော့ ‘‘အတွင်းလူကို ယူမလား’’ဆိုရင် ခေါင်းညိတ်ရမှာဖြစ် သလို လူသစ်ကိုသုံးမလားဆိုရင်လည်း သုံးသင့်တာကိုသုံးရမှာပါပဲ။  
      
Credit: ထက်ကျော်    Credit:opportunityjournal