သင့်ရဲ့အလုပ်နဲ့ပတ်သက်ပြီး
သင်လုပ်နေရတာတွေကို မကျေမနပ်တဲ့ စိတ် ဖြစ်ပေါ်နေပါသလား။ အဖြေကတော့
သင်တတ်နိုင်တဲ့ဝန်ထက် ပိုပြီးလုပ်နေရလို့ပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့
အသက်မွေးဝမ်းကြောင်းကို ပုံမှန်လုပ်နေကျ အနေအထားထက် ပိုပြီး သည်းသည်းထန်ထန်
လုပ်နေကြတာ တွေ့ရပါတယ်။ လူတွေပြောလေ့ရှိကြတာ မှန်ကန်တဲ့လမ်းက
အမြဲတမ်းခက်ခဲပါတယ်တဲ့။ ဒါပေမယ့် သေချာ စဉ်းစားရမှာက ခက်ခဲတိုင်းလည်း မှန်တယ်လို့
ပြောလို့ မရပါဘူး။ အလုပ်မှာ နာရီနှစ်ဆယ်လောက်နေပြီး အလုပ်လုပ်တာက သင့်ကို
ကောင်းတဲ့အရာ ဘာတစ်ခုမှ ယူဆောင်လာပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အလုပ်ကို
ဘာကြောင့် ပြင်းပြင်းထန်ထန် လုပ်ဖို့ မလိုကြောင်း အကြောင်းပြချက်တချို့နဲ့
ရှင်းပြပါရစေ။
(၁) အရေအတွက်နဲ့ အရည်အချင်းကြား ဗျာများရခြင်း
အများစုမှာကြုံနေရတဲ့
ပြဿနာက အရေအတွက်နဲ့ အရည်အချင်းကြား မျှခြေဖြစ်အောင် ရုန်းကန်နေရတာပါပဲ။
အရေအတွက်များများရဖို့ ဦးတည်ချက်ထားပြီး အာရုံစိုက်လေလေ အကောင်းဆုံး
အရည်အသွေးတွေရဖို့ အခွင့်အရေးနည်းလေလေပါပဲ။
(၂) အိပ်ချိန်
ချို့တဲ့ခြင်း
(၂၄)နာရီထဲမှာ သင်တကယ်
အလုပ်လုပ်နိုင်တဲ့ အချိန်အပိုင်းအခြားဆိုတာ ရှိပါတယ်။ အောင်မြင်မှုကို အိပ်ချိန်ထဲက
လိုက်ခိုးယူတာကတော့ မဖြစ်သင့်တဲ့ အရာပါပဲ။ အိပ်ချိန် မလုံလောက်ခြင်းဟာ သင့်ကို
မောပန်းနွမ်းလျမှု ၊ မျက်တွင်းဟောက်ပက် ဖြစ်မှုတို့ကိုသာ ပေးပါတယ်။ ကျန်တဲ့
ဘာအောင်မြင်မှုမှ မယူဆောင်ပေးနိုင်ပါဘူး။
(၃) အရေးကြုံပါက
သက်လုံမကောင်းနိုင်ခြင်း
မလိုအပ်တဲ့ presentation
တစ်ခုအတွက် အချိန်တွေ အချဉ်းနှီးအဖြစ်ခံပြီး ကြိုးစားထားသမျှ တကယ်တမ်း
ရောင်းချရတော့မယ်ဆိုတော့ သင့်ဦးနှောက်ထဲ ဘာတီထွင်ဆန်းသစ်မှုမှ
မကျန်နိုင်တော့ပါဘူး။ ဦးနှောက်ခွန်အားမှန်သမျှ အာဏာ ကုန်ခိုင်းစေထားတဲ့အတွက်
စိတ်ကူးဥာဏ်ကွန့်မြူးဖို့ဆိုတာ အိမ်မက်မက်မှပဲ ရတော့မယ့်အဖြစ်မျိုး ကြုံရတတ်ပါတယ်။
(၄) စိတ်ဆိုး
ဒေါသထွက်လွယ်လာခြင်း
အလုပ်ကို မတန်တဆ
လုပ်လာတဲ့အခါ သင့်စိတ်က အလိုလို မကြည်မသာနဲ့ ရှုပ်ထွေးနေတတ် ပါတယ်။
အချိန်ကြာကြာစိတ်က ကောင်းတဲ့အခြေအနေမှာ ရှိမနေတဲ့အခါ အလိုလိုစိတ်တိုနေတတ်ပြီး
ဘာမဆို ကြိုတင်ဒေါသထွက်ဖို့ ပြင်ထားပြီးသား ဖြစ်နေတတ်ပါတယ်။
(၅) ရှေ့ဆောင်လမ်းပြကောင်း
မဖြစ်ခြင်း
သင့်ကို
စောင့်ကြည့်နေတဲ့သူတွေရဲ့ အလုပ်နဲ့ဘ၀ကို ရှေ့ဆောင်လမ်းပြနေရသူတစ်ယောက် ဆိုရင်တော့
သင်နည်းလမ်း အမှားတွေကို ချပြနေမိပါပြီ။ သင့်အတုကိုယူပြီး နောက်ကလိုက်လုပ်မယ့်
တပည့်တွေနဲ့ပါဆိုရင် သင်တို့အလုပ်ခွင်ကြီးက ခက်ခဲတဲ့ အခြေအနေတစ်ခု မကြာခင်
ကြုံရပါလိမ့်မယ်။
(၆) သင်တကယ်လိုအပ်တဲ့ အရာတွေနဲ့
တဖြည်းဖြည်းဝေးကွာလာခြင်း
အလုပ်ဇောကပ်နေတဲ့
သင့်အတွက် ပတ်ဝန်းကျင်ကို သတိပြုမိဖို့လည်း အချိန်မရပါဘူး။ သင့်ဘ၀အတွက်
တကယ်အရေးပါတဲ့ မိသားစုဆိုတာကြီးကို မေ့လျော့နေမိတတ်ပါတယ်။ ပိုက်ဆံတစ်မျိုးတည်း နဲ့
ဖြည့်ဆည်းပေး လို့မရတဲ့ အရာတွေ အများကြီးရှိနေသေးတာကိုလည်း သင် သတိရဖို့လိုပါတယ်။
ဒီလိုနဲ့ သင့်အတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ တဖြည်းဖြည်းဝေးကွာသွားတတ်ပါတယ်။
(၇) သင်ထင်ထားသလောက်
အရေးကြီးတဲ့အရာ လောကကြီးမှာ မရှိခြင်း
ဒီအချိန်မှာ သင့်အတွက်
ကမ္ဘာပျက်မတတ် အရေးကြီးနေတဲ့အရာဟာ နောက် (၅)နှစ်လောက် အကြာမှာ ရယ်စရာတစ်ခု
ဖြစ်ချင်ဖြစ်သွားနိုင်တာမျိုးပါ။ ဒါကြောင့် ပြဿနာတစ်ခုကို အေးအေးဆေးဆေး
ဖြေရှင်းနိုင်အောင်နဲ့ သည်းသည်းထန်ထန် အရေးတကြီး မလုပ်ဖြစ်ဖို့ကြိုးစားပါ။
ပူပန်မှုကြောင့် ရှုပ်ထွေးသွားတဲ့ သင့်စိတ်ဟာ ဆုံးဖြတ်ချက် အမှားတွေကို
ချမိတတ်ပါတယ်။ ဒါကြောင့် ဘ၀ကို
ရှင်းလင်းစွာမြင်တတ်ပြီး အရေးကြီးတဲ့အရာနဲ့ အရေးမကြီးတဲ့ အရာတွေကို ခွဲခြား
သိနိုင်ပါစေ။ ဒါမှသာ မလိုအပ်ဘဲ သင့်အင်အားတွေကို အချည်းနှီးဖြုန်းတီးနေခြင်းမှ
ကင်းဝေးပြီး အောင်မြင်မှု အစစ်အမှန်ကို နည်းမှန်လမ်းမှန်နဲ့ ဆွတ်ခူးနိုင်မှာပါ။
REF: TREND MYANMAR