Share
Blog Link Copied
သင်စဉ်းစားဖူးပါသလား…….
သင်နဲ့ သင့်လုပ်ငန်းခွင်မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အထွေထွေ ပြသနာ ပေါင်းများစွာ နဲ့ သင် ဘယ်လို ပတ်သက်မူ ရှိပါသလဲ?
ပြသနာဟေ့ဆိုရင် ဝေးလေကောင်းလေပဲလား၊ ကိုယ်နဲ့ မဆိုင် အသာထိုင်ကြည့်နေရမှာလား၊ သင့် ကုမ္မဏီ က သင့် ကို ဘာလို့ အလုပ်ခန့်ထားပါသလဲ….??? ကုမ္မဏီက သင့်ကို အလုပ်ခန့်အပ်သော ရည်ရွယ်ချက်သည်…
၁။ ပြသနာကို ဖြေရှင်းရန်ဖြစ်သည်။ ပြသနာကို ဖန်တီးရန်မဟုတ်ပါ။
၂။ ပြသနာကို သင်တွေ့အောင် မရှာဖွေနိုင်တာပဲ ဖြစ်ဖြစ်၊ မဖြေရှင်းနိုင်တာပဲဖြစ်ဖြစ် သင်ကိုယ်တိုင်ပြသနာ စဖြစ်နေပါပြီ။ ၃။ ပြသနာ ကြီးကြီး ဖြေရှင်းနိုင်လေ သင်ရာထူးကြီးလေ ဖြစ်သည်။
၎။ ပြသနာ မျာများ ဖြေရှင်းနိုင်လေလေ သင်လုပ်ခ ကောင်းလေလေဖြစ်သည်။
၅။ ပြသနာ ဖြေရှင်းနိုင်တဲ့လူ ရာထူးတက်မည်။ ပြသနာ ဖန်တီးတဲ့လူ နေရာဖယ်ပေးရမည်။ ထိုင်ပြီး ဝေဖန်တဲ့လူ အလုပ် မှ အနားပေးသင့်သည်။
၆။ အမှန်တော့ အလုပ်ခွင်၏ ပြသနာသည် သင်၏အခွင့်အရေးဖြစ်သည်။
၇။ စားသုံးသူ ၏ ပြသနာသည် သင်ဝန်ဆောင်မူ ပေးနိုင်သောအခွင့်အရေးဖြစ်သည်။
၈။ မိမိ ၏ ပြသနာ သည် မိမိ တိုးတက်ရင့်ကျက်ရန် အခွင့်အရေးဖြစ်သည်။
၉။ လုပ်ဖေါ်ကိုင်ဘက် ၏ ပြသနာသည် သင်ကူညီပံပိုးရန် အခွင့်အရေးဖြစ်သည်။
၁၀။ ခေါင်းဆောင်ပိုင်း ၏ ပြသနာသည် သင် ယုံကြည်မူ တည်ဆောက်ရန် အခွင့်အရေးဖြစ်သည်။
၁၁။ ပြိုင်ဘက် ၏ ပြသနာသည် သင်ပိုမို အားကောင်းစေသော အခွင့်အရေး ဖြစ်သည်။
ပြသနာ အ ပေါင်းတို့ ကို အခွင့်အရေး အဖြစ်သို့ ဖန်တီးနိုင်ကြပါစေကုန်သတည်း…..
Credit: Sayar Aung Ko Latt