16th June, 2017

Push or Pull

ကိုယ်လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ အလုပ်တစ်ခုအောင်မြင်မှုရစေဖို့ အတွက် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လုပ် ကိုင်ဆောင်ရွက်ရပါတယ်။ ကိုယ်ကျင့် သုံးဆောင်ရွက်လိုက်တဲ့နည်းနာဟာ သေနင်္ဂဗျူဟာမြောက်တယ်ဆိုရင် ရည်မှန်းချက်အောင်မြင်တတ်ပြီး ကိုယ့် ရဲ့ဗျူဟာအနေနဲ့ အားနည်းချို့ယွင်းမှု ရှိနေတယ်ဆိုရင်တော့ ကိုယ်မျှော်မှန်း ထားတဲ့မျှော်မှန်းချက်နဲ့ လွဲချော်နေ တတ်တာဓမ္မတာပဲ။ အောင်မြင်မှု မရတာ၊ ထိခိုက်နစ်နာတယ်ဆိုတာ ကလည်း တစ်စုံတစ်ရာအတိုင်းအတာ တွေရှိတတ်တယ်။      
 
ကာယကံရှင်အနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုမျိုးကို ကြုံတွေ့ရတာမျိုး မဟုတ်ဘဲ အတော်အတန်ထိခိုက်တာ မျိုးဆိုရင် မထောင်းတာလှပေမဲ့ ဘ၀ ပျက်မတတ်ဆုံးရှုံးနစ်နာရတဲ့ ဆုံးရှုံးမှု မျိုးတွေကိုလည်း ဘ၀မှာကြုံတွေ့ရ တတ်တယ်။ လဲပြိုလုနီးနီးဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ ကာယကံရှင် များရဲ့ဘ၀ကိုတောင် လှည့်ပြောင်းပစ် တတ်ပါတယ်။ အင်မတန်ကြောက်စရာ ကောင်းတယ်။      
 
ဒီတော့ ကိုယ်လုပ်ကိုင်ဆောင် ရွက်နေတဲ့အလုပ်တွေ အောင်မြင်မှုရှိ စေဖို့အတွက် ဘယ်လိုလုပ်ကိုင်မလဲဆို တာ အသေအချာလေ့လာဆန်းစစ်ဖို့ လိုလိမ့်မယ်။ ဒီတော့ လုပ်မယ့်လုပ်ငန်း ကို အထောက်အကူဖြစ်စေမယ့်ကိစ္စ တွေကို ကြိုးစားလေ့လာရတော့တယ်။ ဒီတော့လည်း ပညာရှိပေါင်းစုံရဲ့ မြား မြောင်လှတဲ့ အတွေ့အကြုံတွေ၊ နည်း နာနိဿယတွေကို သွားပြီးတွေ့ရ တယ်။ အဲဒါတွေက ကိုယ်လုပ်ကိုင် ဆောင်ရွက်မယ့်လုပ်ငန်းနဲ့ အပ်စပ်မှု ရှိ၊ မရှိ စမ်းသပ်လုပ်ကိုင်ဆောင်ရွက်ဖို့ တော်မတော်၊ သင့်မသင့်ဆိုတာကို စဉ်းစားဖို့လိုလိမ့်မယ်။ ကိုယ်နဲ့အနီး စပ်ဆုံးရှိတာကိုရွေးချယ်ပြီး ဆောင် ရွက်မယ်ဆိုရင် ကိုယ့်လုပ်ငန်းတွေ အောင်မြင်နိုင်တတ်ပါတယ်။       
 
တစ်ခါတစ်ခါမှာ လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခု၊ လူ့ကမ္ဘာကြီး ဟာ မျှော်မှန်းထားတာထက်ပိုမိုပြီး ရွေ့ လျားပြောင်းလဲနေတတ်တယ်။ အခြေ အနေတွေပြောင်းလဲမှုက အလွန်မြန် တယ်။ လိုက်လို့မမီအောင်တောင် ဖြစ် တတ်တာအမှန်ပါ။ လူတစ်ယောက်ရဲ့ အတွေး၊ အဲဒီအတွေးကနေ လျင်မြန် တဲ့ ပြုပြင်ပြောင်းလဲမှု၊ တစ်စုံတစ်ရာ ရွေ့လျားသွားတဲ့လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေဟာ မျှော်မှန်းထားတာ ထက်ပိုမိုလျင့်မြန်တတ်တယ်။ မှီဖို့ခက် တယ်။ ဒီတော့ အဲဒီပြောင်းလဲမှုတွေ ထက် ပိုမိုလျင်မြန်သွက်လက်နေဖို့ ကိုယ့်ရဲ့လုပ်ရပ်တွေ၊ လုပ်ဟန်တွေဟာ သွက်လက်နေဖို့လိုလိမ့်မယ်။        
 

ဒီတော့ အင်မတန်လျင်မြန်တဲ့ အရွေ့တွေကိုမီဖို့၊ ကျော်လွှားနိုင်ဖို့ဆို တာ ကိုယ့်ရဲ့လုပ်ရှားမှုအားလုံးကလည်း ရှေ့ကရောက်နေဖို့လိုလိမ့်မယ်။ ‘‘နှာ တစ်ဖျား’’တောင် နောက်မကျဖို့လို လိမ့်မယ်။ ဒီတော့ ကိုယ့်အလုပ်တွေ အမြဲပဲမှန်ကန်မြန်ဆန်နေဖို့အတွက် ‘‘တွန်းမလား’’ ‘‘ဆွဲမလား’’ဆိုတဲ့ ကိစ္စ နှစ်ခုကို စဉ်းစားရတော့မယ်။ သာမန် ထက်ပိုမိုလျင်မြန်ဖို့၊ ပိုမိုသွက်လက်ဖို့၊ ပိုမိုရှေ့တန်းရောက်ဖို့အတွက် အဲဒီ ကိစ္စနှစ်ခုကို မသိကျိုးကျွန်လုပ်လို့မရ ဘူးဆိုတာ သတိထားရတော့မယ်။        
 
အလုပ်တွေပိုမိုလျင်မြန်စွာ ရွေ့ လျားနိုင်ဖို့အတွက် တွန်းတာနဲ့ ဆွဲတာ နှစ်ခုထဲက တစ်ခုခုကိုဦးစားပေးပြီး ဆောင်ရွက်ရလိမ့်မယ်။ တွန်းတာကို အရင်လုပ်ကြည့်မလား၊ ဆွဲတာကို အရင်လုပ်ကြည့်မလား မှန်မှန်ကန်ကန်  ဆုံးဖြတ်ပြီး ဆောင်ရွက်ရလိမ့်မယ်။ ဆုံးဖြတ်ချက်မှားသွားရင် လုပ်ရပ်တွေ၊ အလုပ်တွေမှားသွားပြီး အောင်မြင်မှု ရဖို့ခက်တတ်တယ်။ ရွေ့ဖို့အတွက် တွန်းတာရော၊ ဆွဲတာရော သက်ဆိုင် ပါတယ်။ ဒါပေမဲ့ အခြေအနေအချိန်  အခါအရ ဆောင်ရွက်လုပ်ကိုင်ရတဲ့ကိစ္စ တွေက ကွဲပြားခြားနားလေတော့ ဆွဲ ရမယ့်နေရာမှာ တွန်းနေမိရင် ခရီး မရောက်သလို တွန်းရမယ့်အချိန်မှာ ဆွဲယူနေတာမျိုးကလည်း အောင်မြင် မယ်မထင်ဘူး။
 
အပ်ချည်ကြိုးလေးတစ်ချောင်းရှိ တယ်။ သေတ္တာတို့၊ ဗီရိုတို့ကိုခတ်တဲ့ သော့တစ်လုံးလည်းရှိတယ်။ အဲဒီတော့  ကိုယ်ရောက်နေတဲ့နေရာကနေ ရှေ့ သုံးပေလောက်ရောက်အောင် အဲဒီ အပ်ချည်နဲ့တွန်းယူမယ်ဆိုပါတော့။ အင်မတန်ခက်ခဲလိမ့်မယ်။ အပ်ချည် တစ်ချောင်းရဲ့တောင့်ပြီးတွန်းထုတ်နိုင် တဲ့အင်အားနဲ့ စွမ်းဆောင်နိုင်မှုဟာ အဲဒီသော့ခလောက်ကို ရွေ့လျားစေ မှာမဟုတ်ဘူး။ အပ်ချည်ကြိုးသာ တွန့် လိမ်ပြီး အနေအထားပျက်သွားတာ ကို တွေ့ရလိမ့်မယ်။ ဆိုလိုတာက အဲဒီ အပ်ချည်ဟာ သော့ခလောက်ရှေ့ကို ရောက်အောင်တွန်းနိုင်တာမျိုးမှ မဟုတ်တာ။
 

အပ်ချည်ကြိုးနဲ့ အဲဒီသော့ ခလောက်ကိုတွန်းထုတ်ပြီး ရွေ့လျား အောင်မလုပ်နိုင်ပေမဲ့ အဲဒီသော့ ခလောက်ကိုပဲ အပ်ချည်နဲ့တွဲပြီး ရှေ့ ကိုရောက်အောင် ဆွဲယူသွားတော့ ရပြန်ပါတယ်။ အဲဒီသော့ခလောက်နဲ့ အဲဒီအပ်ချည်ပါပဲ။ တွန်းမှုနဲ့ ဆွဲမှုရဲ့ ကွားခြားတတ်တဲ့သဘောကို တွေ့ကြ ရတယ်။ ဒီတော့ ဘယ်ကိစ္စမဆို ပုံသေ နည်းတစ်ခုတည်းထားပြီး လုပ်လို့မရ ဘူး။ မတူတဲ့အခြေအနေနဲ့ အချိန် အခါများအရ တွန်းတာနဲ့ဆွဲတာကို ခွဲခြားအသုံးချကြတယ်ဆိုတာကို သိ ကြရလိမ့်မယ်။        တချို့က ဒီလိုမဟုတ်ဘူး။ ပုံသေ တွေးတောစဉ်းစားပြီး လုပ်ကိုင်ဆောင် ရွက်လေ့ရှိကြတယ်။ ဒီတော့ အလုပ် တွေဟာ ထင်သလောက် အောင်မြင် မှုမရကြဘူး။ တစ်ခါတလေမှာဆိုရင် ဆိုးကျိုးတွေကိုတောင် ရင်ဆိုင်ကြုံတွေ့ ကြရတယ်။ စာအုပ်ကြီးအတိုင်းပြော ဆိုလုပ်ကိုင်တတ်တာတွေဟာ အောင် မြင်မှုအမြဲရှိနေတတ်တာမျိုးမဟုတ်ဘူး။ တစ်ခါတလေ လူတွေတွေးထင်မထား တဲ့ကိစ္စမျိုးတွေက မထင်မှတ်ဘဲ ပေါ် လာတတ်တာမို့ နားလည်ထားတဲ့ပုံ သေနည်းတွေက လွဲချော်သွားတတ် တာမျိုးတွေရှိတတ်တယ်။
 
လောကမှာ လူတိုင်းပဲအလုပ် လုပ်ကြပြီး မိမိတို့ရည်မှန်းရာအရောက် ချီတက်နေကြရတယ်။ တချို့က ခက် ခက်ခဲခဲတွန်းနေရပြီး တချို့ကပင်ပင် ပန်းပန်းဆွဲနေကြရတယ်။ တစ်ခါတလေ လုပ်မှားကိုင်မှားတာတွေကြောင့် တွန်း ရမှာကိုဆွဲမိကြသလို ဆွဲရမှာကိုလည်း တွန်းနေကြတာတွေလည်းရှိလိမ့်မယ်။ အဲဒါကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့လူ အလွန် နည်းတယ်။ သုံးသပ်ပြီး ပြင်ဆင်လိုက် နိုင်တဲ့လူလည်း ထိုနည်းလည်းကောင်း ပဲ။ အလွဲတွေကြောင့်မအောင်မြင်ရတဲ့ လုပ်ငန်းတွေ၊ ဆုံးရှုံးနစ်နာခဲ့ရတဲ့လုပ် ငန်းတွေအတွက် ကောင်းကောင်းနိဂုံး မချုပ်နိုင်ကြတဲ့လူတွေများတယ်။ မြင်၊ သိ၊ ပြုပြင်နိုင်တဲ့လူ အလွန်နည်းတယ်။
 
ဘယ်သူမဆို တွန်းသင့်တဲ့နေရာ မှာတွန်းပြီး ခရီးရောက်အောင်လုပ်သင့် သလို ဆွဲသင့်တဲ့နေရာမှာဆွဲပြီးတော့ လည်း ခရီးရောက်အောင်လုပ်သင့်ပါ တယ်။ ဆွဲသင့်တဲ့နေရာမှာ တွန်းနေပြီး တွန်းရမယ့်နေရာမှာ ဆွဲနေတာမျိုးက အရာရောက်မှာမဟုတ်ဘူး။ နေရာလွဲ နေတာကိုး။ သတိထားရမှာက နေရာ မလွဲကြဖို့ပဲ။ နေရာလွဲပြီး မလုပ်မိ၊ မကိုင်မိကြဖို့ပဲ။ နေရာလွဲနေတဲ့အလုပ် တွေဟာ အောင်မြင်ဖို့အလွန်ခက် တတ်တယ်။ ကမ္ဘာတစ်ခုလုံးမှာ အဲဒီ လိုအဖြစ်အပျက်တွေအများကြီး မဟုတ်လား။ 
 
မိတ်ဆွေများခင်ဗျား၊ နေရာမလွဲ ပါစေနဲ့။ သူ့နေရာနဲ့သူ နေသားတကျ ရှိပါစေ။ တွန်းသင့်တဲ့ကိစ္စတွေကို တွန်းကြပါစေ၊ ဆွဲသင့်တဲ့ကိစ္စကိုဆွဲ ကြပါစေ။
 
Credit : ထက်ကျော် 
Credit:theopportunityjournal