MMR
Myanmar
25th March, 2017
Research states Staff should start work at 10am
ကုမ္ပဏီဝန်ထမ်းတွေရဲ့ ကျန်းမာရေးပိုမိုကောင်းမွန်လာစေဖို့အတွက် အလုပ်ချိန်ကို မနက် ၁၀ နာရီမှသာ စတင်သင့်ကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ သုတေသီတွေ လေ့လာချက်က ဖော်ထုတ်လိုက်ပါတယ်။
ဝန်ထမ်းတွေကို အများအားဖြင့် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်ချိန်သတ်မှတ်ထားခြင်းဟာ ကောင်းမွန်တဲ့ စံနှုန်းသတ်မှတ်ချက် မဟုတ်ဘူးလို့ လေ့လာချက်က ထောက်ပြထားပါတယ်။ ဝန်ထမ်းတွေကို မနက် ၉ နာရီအလုပ်ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အခါ အများအားဖြင့် အိပ်ရေးပျက်ခြင်းဖြစ်တက်ပြီး နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးမကောင်းတာတွေ၊ ဖိအားပိုများလာမှုတွေ နဲ့ ပင်ပန်းလွယ်တာတွေဖြစ်လာတတ်ပါတယ်။
ဝန်ထမ်းတွေကျန်းမာရေး မကောင်းတဲ့အခါ လုပ်ငန်းခွင်ရဲ့ အလုပ်တွေလည်း အကောင်းဆုံး လုပ်နိုင်မှာမဟုတ်လို့ ဒါဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အလုပ်ချိန် မနက် ၁၀ နာရီသတ်မှတ်လိုက်ခြင်းဟာ ဝန်ထမ်းအများစုကို ပိုမိုအိပ်ရေးဝစေမှာဖြစ်ပြီး စွမ်းဆောင်ရည်လည်း ပိုတိုးတက်လာစေလိမ့်မယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ အိပ်ရေးမဝခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာလည်း ကြီးကြီးမားမား ထိခိုက်စေတဲ့ အရာဖြစ်ပါတယ်။
ဒီလေ့လာချက်ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာကယ်လီက သူကျောင်းအုပ်လုပ်ခဲ့တဲ့ အခါတုန်းကဆိုရင် ကျောင်းချိန်ကို မနက် ၈း၃၀ နာရီကနေ မနက် ၁၀ နာရီကို ပြောင်းလဲလိုက်တဲ့အခါ ကလေးငယ်တွေရဲ့ လအလိုက်စွမ်းရည် အတော်လေးတိုးတက်လာတယ်လို့ ပြောပါတယ်။ တက္ကသိုလ်ကျောင်းတွေဆိုရင် မနက်ကျောင်းချိန်ကို ၁၁ နာရီမှသာ စသင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းတွေလိုချင်တယ်ဆိုရင် အလုပ်ချိန်သတ်မှတ်မှုကို စဉ်းစားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ အိပ်ရေးမဝပဲ တွန်းအားတစ်ခုခုကြောင့် စောစောထရတာဟာ ကြီးမားတဲ့ လူ့အဖွဲ့အစည်းပြဿနာတစ်ရပ်လို့ ဒေါက်တာကယ်လီက ထောက်ပြပါတယ်။
REF: Planet
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us