ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချ မှတ်ပြီး အောင်မြင်မှုရတဲ့အထိ ဇွဲရှိရှိနဲ့ လုပ်ဆောင်ရာမှာ ဟင်နရီဖို့ဒ်ထက် သာ လွန်သူမတွေ့ရသေးပါ။ လူတိုင်းမှာစိတ်ကူးကောင်းလေး တွေ ရံဖန်ရံခါထွက်ပေါ်လာတတ်ပြီး စိတ်ကူးကောင်းလေးတွေကို အကောင် အထည်ဖော်ဆောင်ဖို့ ရည်မှန်းချက်ရှိ ကောင်းရှိမှာဖြစ်ကြတယ်။ ရည်မှန်းချက် မခိုင်မာ၊ မပြတ်သားတာ၊ စိတ်ရှည်သည်းခံ မှု ‘‘ဇွဲ’’မရှိတာတွေကြောင့် သူတို့မှာဘာမှ ဖြစ်မလာကြပါ။
လူတိုင်းဟာ အယူအဆသစ်တစ်ရပ် ကို အလွယ်တကူလက်မခံနိုင်ပေ။ အသစ် ဖန်တီးသူကို စိတ်ဓာတ်ကျဆင်းအောင် လုပ်ဆောင်တတ်ကြပါတယ်။ ဇွဲမရှိသူ ဝေဖန်မခံနိုင်သူဟာ ရည်မှန်းချက်မပြည့်ဝ ခင်မှာပဲ လက်လျှော့ထွက်ပြေးတတ်ကြပါ တယ်။ ဇွဲမှာသတ္တိရှိဖို့လိုပါတယ်။ အကြံ အစည်ကောင်းမရှိပေမဲ့ ဇွဲရှိသူဟာ အကြံ အစည်ကောင်းရှိပြီး ဇွဲမရှိသူထက် ပိုပြီး သာလွန်နိုင်ပါသည်။ ယာယီရှုံးနိမ့်မှုဟာ ထာဝရအောင်မြင်မှုရဲ့ လှေကားထစ်တွေ ဖြစ်ပါတယ်။
ကျွန်တော်တို့ကို ‘ ဇွဲ ’ရဲ့တန်ဖိုးသိရှိနားလည်ဖို့ ဟင်နရီဖို့ဒ်က သင်ကြားပေးခဲ့ ပါတယ်။ သူဟာအခက်အခဲများကို ကျော်လွှားပြီး ဆန့်ကျင်ဘက်များကို ရင် ဆိုင်ဖြေရှင်းခဲ့ပါတယ်။ သူဟာဆင်းရဲ နွမ်းပါးမှု၊ အတန်းပညာမတတ်မြောက်မှု၊ မိုက်မဲမှုတို့နဲ့ စော်ကားပုတ်ခတ်မှုအမျိုးမျိုး ကို ရင်ဆိုင်ခဲ့ရပါတယ်။ ‘ ဇွဲ ’ မရှိရင် အခက် အခဲကို မကျော်လွှားနိုင်ပါဘူး။
ဟင်နရီဖိုဒ်ဟာ ရည်မှန်းချက်ကြီးမား ပြီး ရည်မှန်းချက်ကိုအောင်မြင်အောင် ဇွဲ ရှိရှိနဲ့ ဆောင်ရွက်သူဖြစ်ပါတယ်။ သူဟာဇွဲ ရှိသူပါ။ သူရဲ့ဇွဲက သာမန်ဇွဲတော့ဖြင့် မဟုတ်ပါ။ ဒီဇွဲက ဆုံးရှုံးမှုနဲ့တွေ့ဦးတော့ အပြုံးမပျက်ပါ။ ဆုံးဖြတ်ချက်ကို လျင်မြန် စွာချမှတ်ပြီး ဒီဆုံးဖြတ်ချက်ကို အောင်မြင် သည်အထိ ဇွဲနဲ့ဆောင်ရွက်ရာမှာ သူ့ထက် သာလွန်သူမရှိပါ။
မစ္စတာဂျော့အက်စ်ပတ်ကားဟာ ‘ပတ်ကားဖောင်တိန်’ ထုတ်လုပ်သူဖြစ်ပါ တယ်။ သူဟာဒတ်ထရွိက်ုရှိ ‘‘ဖို့ဒ်’’ ကုမ္ပဏီ ရဲ့အင်ဂျင်နီယာချုပ်ဖြစ်ခဲ့ပါတယ်။ သူဟာ ဟင်နရီဖို့ဒ်အကြောင်းကိုပြောပြရာမှာ ဟင်နရီဖို့ဒ်ရဲ့ အင်ဂျင်နီယာတွေက ကားပုံစံတစ်ခုတီထွင်ဖို့ ဒီဇိုင်းရေးဆွဲပြီး မစ္စတာဖို့ဒ်ကို ခေါ်ပြပါတယ်။
အင်ဂျင်နီယာတွေက တစ်ဦးပြီးတစ် ဦးရှင်းပြသမျှကို သူကစိတ်ရှည်လက်ရှည် နားထောင်ခဲ့ပါတယ်။ နောက်ဆုံးအင်ဂျင်နီယာရဲ့ပြောပြချက်ကိုနားထောင်ပြီး မစ္စတာဖို့ဒ်က အခုလိုပြောခဲ့ပါတယ်။
‘‘ မိတ်ဆွေတို့ အခုနေခါမှာ ကားတွေ ကို ရောင်းအားရှိသလောက် ကျွန်တော်တို့ မထုတ်လုပ်နိုင်ကြဘူး။ ကျွန်တော်တို့လည်း အချိန်ပြည့်အလုပ်လုပ်နေကြတာပဲ၊ ဒီလို အခြေအနေမျိုးမှာ နောက်ထပ်ပုံစံသစ် တစ်မျိုးတီထွင်ဖို့ မလိုအပ်သေးပါဘူး၊ ‘‘ဖို့ဒ်’’ မော်တော်ကားတွေကိုလည်း ပြောင်းလဲဖို့ မလိုသေးပါဘူး။’’
ဆွေးနွေးပွဲပြီးဆုံးတာနဲ့ မစ္စတာဖို့ဒ် လည်း အခန်းထဲကထွက်ခွာသွားပါတော့ တယ်။ ဒီအပြုမူက မစ္စတာဖို့ဒ်ဟာ ဘယ် လောက်ထိရည်မှန်းချက်ပြင်းပြခိုင်မာသူ ဖြစ်ကြောင်း၊ ဦးတည်ချက်တိကျသူဖြစ် ကြောင်း ပြသလိုက်တာပဲမဟုတ်ပါလား။
နောက်ပိုင်းနှစ်ကာလတွေမှာ ဟင်န ရီဖို့ဒ်ဟာ ပြိုင်ဘက်တွေ့ရဲ့ယှဉ်ပြိုင်မှုကို တွေ့လာရပါတယ်။ ဒါပေမဲ့သူက ပြောင်း လဲမှုကို ဖြည်းဖြည်းညင်သာစွာပြုလုပ်လေ့ ရှိပါတယ်။ သုံးစွဲသူပရိသတ်က ပြောင်းလဲမှု ကိုတောင်းဆိုလာချိန်မှာတော့ သူဟာ ပြောင်းလဲမှုကိုလျင်လျင်မြန်မြန်ပဲ ပြုလုပ် တတ်ပါတယ်။ မစ္စတာဖို့ဒ်ဟာ အတိုက် အခံတွေ့လို့ လက်လျှော့၊ အားပျော့သွား တာမျိုးမလုပ်ပါ။ သူဟာဝေဖန်မှုကြောင့် လည်း အလွယ်တကူတုန်လှုပ်တတ်သူ မဟုတ်ပါ။
ဇွဲရှိဖို့ဆိုတာ သတ္တိလိုပါတယ်။ အထူး သဖြင့် အယူအဆသစ်တစ်ခုကိုအခြေခံလို ပါတယ်။ လူတိုင်းနီးပါး အယူအဆသစ် တစ်ရပ်ကိုဖြုန်းခနဲလက်ခံဖို့မလွယ်ကူ လှပါ။ ဒါတင်မက လူတွေအနေနဲ့အသစ် ဖန်တီးသူတွေအပေါ် စိတ်ဓာတ်ကျဆင်း အောင်လည်း လုပ်ဆောင်တတ်ကြပါတယ်။ ဇွဲလည်းမရှိ ဝေဖန်မှုကိုလည်း ကြံ့ကြံ့မခံနိုင် ကြတဲ့ လူပုဂ္ဂိုလ်တော်တော်များများဟာ လုပ်ငန်းမအောင်မြင်ခင်မှာပဲ ရည်မှန်းချက် ကိုလက်လွတှ်ပြီး ထွက်ပြေးတတ်ကြပါ တယ်။
၁၉၀၈ ခုနှစ်မှာရွိုက်ညီနောင်က သူ တို့တီထွင်တဲ့လေယာဉ်ပျံကို ကောင်းကင် ပျံတက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အကြိမ် ကြိမ်အခါခါထပ်တလဲလဲကြိုးစားပြီးမှ သူတို့ ဟာ လေယာဉ်ကို ဝေဟင်မှာလွတှ်တင်နိုင် ခဲ့ကြပါတယ်။ လေယာဉ်ဟာ လေထဲမှာ နှစ်ကြိမ်၊ သုံးကြိမ်လည်ပတ်ပြီး မြေပေါ်ကို ဂျွန်းထိုးမှောက်ခုံကျခဲ့ပါတယ်။
ရှေးဆန်တဲ့ ရှေးအဖိုးကြီးတစ်ယောက်က ကောင်းကင်ဘုံရှိဘုရားသခင်က ခွင့် မပြုလို့ အခုလိုမအောင်မမြင်ဖြစ်တာလို့ ပြောပါတယ်။ ဒါပေမဲ့ ဟင်နရီဖို့ဒ်ကတော့ ဇွဲမလျှော့ပါ။ အခုလိုဆုံးရှုံးမှုဟာ ယာယီ သာဖြစ်ကြောင်း သဘောပေါက်ပြီးဖြစ်ပါ တယ်။
သီအိုဒီရုစဗဲ့ကိုပနားမားတူးမြောင်း ဖောက်လုပ်ရေးအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရှိလူအများစုက ကဲ့ရဲ့ဝေဖန်ခဲ့ကြပါတယ်။ သူရဲ့တွေးခေါ် မှုကို အရူးထတာလို့တွေးမြင်ကြပါတယ်။ အရင်ကြိုးပမ်းမှု (၂) ခုကလည်း မအောင် မမြင်ဖြစ်ခဲ့တဲ့အတွက် ငွေကုန်ရကျိုးမနပ် တဲ့အလုပ်လို့ဆိုကြပါတယ်။ ငွေကုန်လူပမ်း အချည်းအနှီးအလုပ်အဖြစ် တိုက်ခိုက်ဝေ ဖန်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်ဂိုသာရဲ့ ညွနှ်ကြားမှုနဲ့ ပနားမားတူးမြောင်းကြီးကို ဇွဲကြီးကြီးနဲ့ရဲရဲရင့်ရင့်ဆောက်လုပ်နိုင်ခဲ့ ကြပါတယ်။ ဒီအရင်အနှီးဟာ အကောင်း ဆုံးမြှုပ်နှံမှုဆိုတာ အခုတော့အားလုံး သဘောပေါက်နားလည်ကြပြီးဖြစ်ပါတယ်။ ဇွဲရှိခြင်းဟာ ခေါင်းဆောင်တို့ရဲ့ဂုဏ် အင်္ဂါတစ်ရပ်လည်းဖြစ်ပါတယ်။ ဇွဲမရှိတဲ့ ခေါင်းဆောင်မှုတစ်ရပ်ဟာ မအောင်မြင် နိုင်ပါ။ ဇွဲမှာ ခေါင်းဆောင်မှုစွမ်းရည်နဲ့ သည်းခံတတ်ခြင်းတို့ ပူးပေါင်းပါဝင်ပါ တယ်။
အကြံအစည်ကောင်းမရှိပေမဲ့ ဇွဲရှိသူနဲ့ စိတ်ကူးအကြံအစည်ကောင်းရှိသူနှစ် ယောက်မှာ ပထမလူကသာ အောင်မြင်မှု ကိုရရှိနိုင်ပါတယ်။ ဇွဲရှိခြင်းက ဟင်နရီဖို့ဒ် ရဲ့ အကောင်းဆုံးနဲ့ အထင်ရှားဆုံးအရည် အချင်းဖြစ်ပါတယ်။ သူဟာအခက်အခဲနဲ့ ရင်ဆိုင်ရတိုင်း ဒီနည်းကိုအသုံးချလေ့ရှိပါ တယ်။
ယာယီဆုံးရှုံးမှု၊ ရှုံးနိမ့်မှုဆိုတာ အောင်မြင်ခြင်းဆီကိုတက်လှမ်းရာမှာ လှေကား ထစ်ပမာဖြစ်ပါတယ်။ ဇွဲမရှိသူတွေအနေနဲ့ ဒီအသိဉာဏ်မျိုးမရနိုင်ပါ။ သူတို့ဟာ ယာယီရှုံးနိမ့်ခြင်းအပေါ် အဖြေမပေါ်ခင် လမ်းတစ်ဝက်ကထွက်ပြေးတတ်ကြပါ တယ်။
Credit: အောင်သစ်
Credit:The Opportunity Journal