Share
Blog Link Copied
ကိစ္စတော်တော် များများဟာ
လျင်မြန်စွာ ယိုယွင်းပျက်စီးလာပြီးတဲ့ နောက်မှာ စိတ်ဖိစီးမှုတွေဟာ အတိုင်းအတာ
တစ်ခုထိ တိုးပွားလာတယ်” လို့ American Institute of Stress ရဲ့ ဥက္ကဌ ဖြစ်တဲ့ Paul
J.Rosch က ဆိုပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ဟာ မတူညီတဲ့ စိတ်ဖိစီးမှု ပမာဏ အမျိုးမျိုးကို
ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၊ စိတ်ဖိစီးမှုတွေဟာ တိုးပွားလာနိုင်တဲ့
အရာတွေပါ။ လူတိုင်းမှာ စိတ်ဖိစီးမှုတွေကို ခံနိုင်တဲ့ အတိုင်းအတာတွေ ရှိပါတယ်။
ဒါကြောင့် အလုပ်ကြောင့် ရရှိလာတဲ့ စိတ်ဖိစီးမှု ပမာဏတွေ တစ်စတစ်စ မကြီးထွားလာခင်
လျော့ကျသွားစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
၁။ အဓိက နဲ့ သာမည
ကိုခွဲခြားပါ
သင့်ဆီမှာ အလုပ်တွေ
စုပုံနေတယ်။ ဒါတွေကို အချိန်မီ ပြီးမှရမယ်။ ဒါပေမယ့် အခုထိ တစ်ခုမှ
မပြီးဆုံးနိုင်သေးဘူး။ ပိုအရေးကြီးတဲ့ အလုပ်အတွက် ပိုစိတ်ဖိစီးမယ်။ ဒါဆိုရင်တော့
သင်ဟာ ဘာကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတာလဲ။ သင်ဘာအတွက် အလုပ်လုပ်နေတာလဲ။
အောင်မြင်မှု အတွက်လား။ ဒါဆို အောင်မြင်မှုကို ပိုမိုရရှိစေမယ့် အလုပ်ကို
အရင်လုပ်လိုက်ပါ။ ဒါကြောင့် သင်ဖြစ်ချင်တဲ့ အဓိက အရာကို သိဖို့တော့ လိုပါတယ်။
၂။ အစီအစဉ်ဆွဲပါ ၊
အစီအစဉ်တကျ လုပ်ပါ
ကိစ္စရပ်တိုင်းကို
အောင်မြင်စွာ ပြီးစီးစေဖို့အတွက် နည်းဗျူဟာတွေတော့ လိုပါလိမ့်မယ်။ သင့်ဆီမှာလည်း
အလုပ်တွေ စုပုံနေတဲ့အခါ ဘယ်က စလုပ်ရမယ်မှန်းမသိ ၊ ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်နေမိမှာပါ။ ဒါဆိုရင် တော့ စာမေးပွဲဖြေခါနီး စာကျက်သလိုပဲ အစီအစဉ်လေးတစ်ခုကို
ရေးဆွဲလိုက်ပါ။ ဘယ်နေ့မှာ ဘယ်အလုပ်ကို လုပ်မယ်ဆိုတဲ့ အချိန်ဇယားမျိုးလေးပါ။
ပြီးရင်တော့ ကိုယ်တိုင် ရေးဆွဲထားတဲ့ အစီအစဉ်ကို ကိုယ်တိုင် လိုက်နာပါ။
၃။ ခဏတဖြုတ်နားပါ
သင့်ဆီမှာ အလုပ်တွေ
စုပုံနေတယ်ဆိုတိုင်း မနားမနေ လုပ်မှ ပြီးစီးနိုင်မှာ မဟုတ်ပါဘူး။ မနားမနေ
အလုပ်လုပ်ခြင်းဟာ စိတ်ဖိစီးမှုတွေကို မလျော့ကျစေတဲ့ အပြင် ပိုမို
ဆိုးရွားလာစေပါတယ်။ ဒါကြောင့် အလုပ်လုပ်ပါ။ ပြီးရင်တော့ ခဏတဖြုတ် အနားယူပေးပါ။
၎။ ပြောင်းလဲတတ်ရပါမယ်
သင့်တစ်နေ့တာ အတွက်
အချိန်ဇယားရေးဆွဲတဲ့အခါ ၂ ခုလောက်ဆွဲနိုင်အောင် ကြိုးစားပါ။ အရာရာဟာ
ပုံသေတွက်ချက်လို့ မရနိုင်ပါဘူး။ သင်မမျှော်လင့်ထားပေမယ့်လည်း တစ်ကယ်တမ်း အရေးပေါ်
ကြုံကြိုက်လာတဲ့အခါမှာ မူလအစီအစဉ်ထက်ပိုမို သင့်တော်မယ့် အစီအစဉ်သစ် ကို
ပြောင်းလဲရဲရပါမယ်။
၅။ မနိုင်ဝန်မထမ်းပါနဲ့ ၊
ဝေမျှပေးလိုက်ပါ
အလုပ်တွေများလာတဲ့အခါမှာ
အားလုံးကို ငါတစ်ယောက်တည်း လုပ်ပြီး ချီးကျူးမှု ကို ငါတစ်ယောက်တည်း ခံယူမယ်ဆိုတဲ့
မာနမျိုးတော့ မထားကောင်းပါဘူး။ အရာရာဟာ အသင်းအဖွဲ့နဲ့ ဆောင်ရွက် ရင်ပိုမို
မြန်ဆန်စွာ အောင်မြင်နိုင်ပါတယ်။ ဒါကြောင့် လက်အောက်ငယ်သားတွေကို တာဝန်တွေ
ဝေမျှပေးလိုက်ပါ။ ဒါမှမဟုတ်လည်း အထက်အရာရှိကို အကူအညီတောင်းကြည့်ပါ။
သင်ဟာ သင့်ရဲ့
အလုပ်တာဝန်တွေကို အခုလို စီမံခန့်ခွဲလိုက်ခြင်းကြောင့် အလုပ်ကြောင့်ရတဲ့
စိတ်ဖိစီးမှုတွေ လျော့ကျသွားပါလိမ့်မယ်။
Credit : Trend.com.mm