ဒီနေ့ဟာဆိုရင်
ကျွန်မတို့မြို့မှာ ပထမဆုံး ကျောင်းစဖွင့်တဲ့ရက်ပေါ့။ ဒီလိုမဟုတ်ဘဲ
ကျောင်းသားမိဘတွေနေရာက ပြောရမယ်ဆိုရင် နှစ်တစ်နှစ်ရဲ့ အံ့သြပျော်ရွှင်ဖွယ်ရာ
အကောင်းဆုံးနေ့တစ်နေ့လို့ ပြောရမှာပေါ့။ မိဘတွေဟာ သူတို့ရဲ့ရင်နှစ်သည်းချာတွေကို
ကျောင်းတော်ကြီးဆီ ပထမဆုံးအကြိမ်အနေနဲ့ လိုက်ပို့ပြီးတဲ့အချိန်မှာ ကလေးရဲ့ဆရာ၊
ဆရာမတွေဟာ ကျောင်းသားတစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေ ပြုလုပ်တတ်စေဖို့ ပြင်ဆင်ပေးရုံသာမက
သိပ်ပြီးကွာဝေးသေးတယ်ဆိုပေမဲ့ ကလေးရဲ့ရည်မှန်းချက်တစ်ခုအတွက် (အသက်မွေးဝမ်းကျောင်း
လုပ်ငန်းအတွက်)ပါ ပြင်ဆင်ပေးကြလိမ့်မယ်လို့ မျှော်လင့်မိမှာပါပဲ။
ဒါပေမဲ့
အကောင်းဆုံးဆိုတဲ့ ကျောင်းတွေကတောင် သင်ဖြတ်သန်းရမယ့် လုပ်ငန်းခွင်အတွက်
ပြီးပြည့်စုံအောင် ပြင်ဆင်မပေးလိုက်နိုင်ပါဘူး။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့
အလုပ်နဲ့ကျောင်း နှိုင်းယှဉ်ပြီး စဉ်းစားတဲ့အခါ
မှာ အဓိကကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။
သင်မလုပ်နိုင်ဘူးဆိုရင် ထွက်ပါ…
ကျောင်းမှာဆိုရင်တော့ သင့်ကို ကူညီပေးဖို့ ကျွမ်းကျင်သူတွေ ခေါ်ပေးကြမှာပေါ့။
ပြီးတော့ မိဘတွေကလည်း သင့်ရဲ့ အဆင့်တက်လာဖို့ သေမလို ရှင်မလိုဖြစ်တဲ့အထိ
လုပ်ကူကြမှာပေါ့။ ခပ်ဆိုးဆိုး မိဘတချို့ကတော့ ကျောင်းကအဆင့် တစ်ခုကို ပြောင်းပေးပါ
ဒါမှသာ သူတို့ရဲ့ ချစ်စရာကလေးလေးက မကောင်းတဲ့ အကျိုးဆက်တွေ ကို
ဘာမှမခံစားရတော့မှာဆိုပြီး ပေါ်ပေါ်တင်တင်ပဲ တောင်းဆိုကြမယ်။ လုပ်ငန်းခွင်မှာတော့
ဒီလိုကူညီမယ့်သူတွေ တပုံတပင် မရှိနိုင်ပါဘူး။ အလုပ်ခွင်မှာ မလုပ်နိုင်ဘူးဆိုရင်
အလွယ်တကူပဲ အလုပ်ဖြုတ်ခံရပါလိမ့်မယ်။ တစ်ခါတရံမှာတော့ ရက် ၉၀အတွင်း
လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာမှုအစီအစဉ်တွေ ပေးချင်ပေးပါမယ်။ ဒါပေမယ့် ဒါ့အပြင်
မရှိနိုင်ပါဘူး။
၂။ အလုပ်ခွင်မှာ
အကဲဖြတ်အမှတ်ပေးစနစ်ကို သုံးပါတယ်…
ဆိုလိုတာကတော့ လုပ်ငန်းရှင်တွေဟာ လုပ်ငန်းခွင်မှာ အဆင့်အေရနိုင်တဲ့ လူအရေအ
တွက်ကို ကန့်သတ်ထားပါတယ်။ တစ်ခါတရံမှာ သင်ဟာ ထူးချွန်တဲ့ ၀န်ထမ်းဖြစ်နေပေမယ့်
ကျွန်တော်တို့ရဲ့ အကဲဖြတ်သုံးသပ်မှုမှာတော့ အဆင့်နိမ့်ကျနေပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သင်ဟာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်လောက် မတော်သေးလို့ပါ။
ရာထူးတိုးပေးဖို့အတွက်ဆိုရင် တစ်ဦးတစ်ယောက်တည်းကသာ အခွင့်အရေးရရှိပါမယ်။
ဒါကြောင့် သင်ဟာ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ နှိုင်းယှဉ်ခံရပါမယ်။ ဒါဟာ သင်ဘယ်လောက်ကောင်းကောင်း
လုပ်လဲဆိုရုံတင်မက အခြားသူများထက် ဘယ်လောက်ပိုကောင်းအောင် လုပ်သလဲဆိုတာပဲ
ဖြစ်ပါတယ်။
၃။ အလုပ်ခွင်ဟာ
ကျောင်းထက်ပိုပြီး အမျိုးအစား စုံစုံလင်လင်ရှိပါတယ်… အများနှင့်ဆိုင်တဲ့ အဓိက အချက်က ဘာပါလဲ။
အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းတွေဟာ အရမ်းကို ကွဲပြားခြားနားကြတာကြောင့်
လူတိုင်းအတွက် အလုပ်တစ်စုံတရာတော့ ရှိနေတာပါပဲ။ ဆိုလိုတာကဘာလဲ။ သင်ဟာ ညဘက်မှ ပဲ တက်တက်ကြွကြွဖန်တီးမှုတွေ
လုပ်ဆောင်နိုင်တဲ့သူဆိုရင် သင့်အတွက် အလုပ်ရှိပါတယ်။ သင်ဟာနံနက် စောစောမှာ
တက်တက်ကြွကြွ အလုပ်လုပ်တတ်တဲ့သူ ဆိုရင်လည်း သင့်အတွက် အလုပ်ရှိတာပါပဲ။ သင်ဟာ
တီထွင်ဖန်တီးတတ်တဲ့ သူ ဖြစ်ခဲ့မယ်ဆိုရင်
ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ ရှိနေပါတယ်။ သင်ဟာ ဖန်တီးတီထွင်တတ်သူ
မဟုတ်ဘူးဆိုရင်လည်း အလုပ်ခွင်မှာတော့ သင့်အတွက် အခွင့်အလမ်းတွေ ရှိနေတာပါပဲ။
တချို့ကိစ္စတွေကလွဲပြီး လူတိုင်းအတွက် အခွင့် အလမ်းတစ်စုံတစ်ခုတော့ ရှိနေပါတယ်။
၎။ အလုပ်ခွင်ဟာ
လူပျင်းတွေကို မုန်းပါတယ် … သင်ဟာ
ပျင်းရိတဲ့သူဖြစ်တဲ့အပြင် အဲဒီသဘောထားကိုပြောင်းဖို့ ဆန္ဒမရှိဘူးဆိုရင်တော့
အများနဲ့စုပေါင်းလုပ်ရတဲ့ အလုပ်ခွင်ကို မလာသင့်ပါဘူး။ အလုပ်ခွင်မှာ
အဲဒီ့လိုလူအတွက် နေရာမရှိပါဘူး။ ကျောင်းမှာတော့ သင့်မိဘကိုခေါ်ပြီး အစည်းအဝေးထိုင်ပေး၊ ပြီးတော့ သင့်ကို
လူပျင်းလေး မဖြစ်အောင် ကူညီဖို့အစီအစဉ်တွေ ရေးဆွဲပေးမယ့် ဆရာတစ်ယောက်ကို
ရှာတွေ့နိုင်ပါတယ်။ ဒါကိုတော့ ကျောင်းကနေထွက်မလာခင်မှာ
သေချာစဉ်းစားထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ခွင်ဟာ ကျောင်းလောက် သင့်ကို
ဖေးမပေးမှာ မဟုတ်လို့ပါ။
၅။ အလုပ်ခွင်မှာ
အသိအမှတ်ပြုခံရဖို့ သင့်အ နေနဲ့ ကြိုးစားရပါမယ်…
အတွေးကမ္ဘာထဲမှာတော့ အလုပ်ခွင်ဟာ လူတိုင်းကို ဂရုတစိုက်
အကဲဖြတ်သုံးသပ်မှုတွေလုပ်ပြီး သင်နဲ့ထိုက်တန်တဲ့ ရာထူး၊ အခွင့်အလမ်းသစ်တွေကို
ကမ်းလှမ်းပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ လူတိုင်းဟာ အမှန် တကယ်ကိုပဲ
အလုပ်များကြပါတယ်။ ပြီးတော့လူအများအပြားကလည်း မတူညီတဲ့ အရာတွေကို အများကြီး
လုပ်ချင်ကြပါတယ်။ အကယ်၍ သင်သွားချင်တဲ့ လမ်းကြောင်းရှိခဲ့မယ်ဆိုရင် ပညာသားပါပါ
ဖွင့်ဟတောင်းဆိုပါ။
၆။ အလုပ်ခွင်မှာ သင့်ကို
သင့်လျော်စွာရေးတတ်စေလိုပါတယ်… ဆရာ၊
ဆရာမများခင်ဗျာ ကျေးဇူးပြုပြီး သင့်တပည့်တွေကို သင့်လျော်စွာရေးတတ်ဖို့
ဦးစားပေးအနေနဲ့ သင်ပေးလိုက်စေလိုပါတယ်။ ဆရာတွေကတော့ မှင်နီလေးတွေနဲ့ ဘာကမှားတယ်၊
ဘာကမှန်တယ်ဆိုတာ သင်ပေးလိုက်မှာပါပဲ။ ဒါကို
သေချာစွဲမြဲမထားဘူးဆိုရင် အလုပ်ခွင်ရောက်မှ အရေးအသားမတော်လို့
သူများကထောက်ပြမှ ကိုယ့်ကိုယ်ကို ဒေါသအမျက်ချောင်းချောင်း ထွက်နေရပါလိမ့်မယ်။
အလုပ်ခွင်ရောက်မှ ဒီအခြေခံအချက်မပြည့်စုံခဲ့ရင်တော့ သင်ဟာ ဝေဖန်မှုတွေနဲ့
ထိုက်တန်ပါတယ်။ ၇။ အလုပ်ခွင်ဟာ ခင်ဗျားတို့ကို သင်္ချာလည်းကျွမ်းကျင်စေချင်တယ်ဗျ၊ တကယ်ပြောတာပါ… သချာင်္တွက်တယ်လို့ဆိုတာနဲ့ သင်ကြောက်တဲ့ တြီဂိုနိုမေတြီပုစ္ဆာတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်အနေနဲ့ ကိန်းဂဏန်းတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာရယ် ပြီးတော့ သင်္ချာရဲ့နောက်ကွယ်က ယုတ္တိဗေဒတွေရယ်ကို နားလည်ထားစေချင်တာပါ။ ဟုတ်ပါတယ်။ သင်ဖြတ်သန်း လုပ်ကိုင်ခဲ့တဲ့ အသက်မွေးမှု လုပ်ငန်းတစ်ခုလုံးမှာ ယူကလစ်ရဲ့ဂျီသြမေတြီပုစ္ဆာတွေကို အသုံးမပြုခဲ့ရတာဖြစ်နိုင်ပေမဲ့ ကောင်းမွန်တဲ့ အသက်မွေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်ဖို့ဆိုရင်တော့ ယုတ္တိရှိရှိစဉ်းစားနိုင်စွမ်းမရှိလို့ မရပါဘူး။ လုပ်ငန်းအများစုဟာ သချာင်္မလိုအပ်ပါဘူး ယုတ္တိဗေဒနည်းအရ နည်းလမ်းကျကျ စဉ်းစားတွေးခေါ်တတ်ဖို့တော့ လိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင်တော့အတွက် အချက်ပညာဖြစ်တဲ့ သင်္ချာက သင့်ကိုအကူအညီ ဖြစ်စေပါလိမ့်မယ်။
၈။ ဒုတိယအကြိမ်အဖြစ် ပြောပါမယ်။ အလုပ်ခွင်ဟာ သင့်ကို တကယ်ကိုပဲ တွက်တတ်ချက် တတ်စေချင်ပါတယ်… ကျွန်တော်တို့ဟာ သင်္ချာကို အဆင့်မြင့်မြင့် တွက်ချက်တတ်တဲ့ ပုဂ္ဂိုလ်တွေကို လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အင်ဂျင်နီယာတွေ၊ ကွန်ပျူတာ ပရိုဂရမ်မာတွေနဲ့ စာရင်းအင်းပညာရှင်တွေကို လိုအပ်ပါတယ်။ ထပ်လောင်းပြီးပြော ဆိုရမယ်ဆိုရင်တော့ သင့်အနေနဲ့ သင်္ချာတွက်နိုင်ပြီး ကောင်းကောင်းရေးနိုင်မယ်ဆိုရင် သင့်ရဲ့ ထမင်းစားလက်မှတ်ကို သင်ကိုယ်တိုင်ပဲ လက်တွေ့ကျကျ ရေးနိုင်ပြါ
၉။ သင့်ကိုယ်သင် ဘယ်လောက်တန်ဖိုးထားလဲဆိုတာကို အလုပ်ခွင်က ဂရုမစိုက်ပါဘူး… ၀မ်းနည်းပါတယ်။ အလုပ်ခွင်ဟာ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ဖို့ကိုပဲ အလေးထားပါတယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သင်ဟာ ဘယ်အရာတွေကို ဘယ်လိုခံစားတတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်အထက်လူကြီး ဆီက ဘာမှမျှော်လင့်လို့မရပါဘူး။ အလုပ်ခွင်ဟာ သင့်ရဲ့ အဆုံးသတ်ရလဒ်ကိုပဲ ဂရုစိုက်ပါတယ်။
၁၀။ သင်ဟာ အလုပ်ခွင်အတွက် ငွေရှာမပေးနိုင်ဘူးဆိုရင်တော့ သင့်ကိုဆက်ပြီး အလုပ်ခန့်ထားမှာ မဟုတ်ပါဘူး… အလုပ်ခွင်ဟာ လူအများကြီးကို အခွင့်အရေး ပေးဖို့ အလုပ်ခန့်ထားတာ မဟုတ်ပါဘူး။ တစ်ခါတရံမှာ လိုအပ်ချက်အတွက် ရည်ရွယ်ပြီး သင့်ကိုငှားရမ်းတာဖြစ်ပေမဲ့ လေ့ကျင့်သင်ကြားပေးဖို့ အတွက် အလုပ်ခန့်ထားတာ မဟုတ်ပါဘူး။ လူအ များကြီးကို ငှားရမ်းထားရခြင်းက ငွေများများ ရှာနိုင်ဖို့အတွက်ပါပဲ။ လုပ်ငန်းတစ်ခုကို ငွေများများရှာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သင့်အနေနဲ့ ရှင်းပြနိုင်မယ်ဆိုရင် သင့်ကိုအလုပ်ခန့်ထားဖို့ အလုပ်ခွင်က စိတ်ဝင်စားပါတယ်။ (ဒီအပိုင်း မှာ ငွေကြေးချွေတာခြင်းဆိုတာလည်း ပါဝင်တာပေါ့။ တချို့သော လုပ်ငန်းတာဝန်တွေဟာ ၀င်ငွေရှာမပေးနိုင်ပေမဲ့လည်း လုပ်ငန်းအကြောင်းပြချက်များအရ ဒါမှမဟုတ် ဥပဒေအရ လိုအပ်တာတော့ ရှိပါတယ်။)
Ref : 10 ways school is different than the working world By Suzanne Lucas
CREDIT : People Magazine