MMR
Myanmar
5th June, 2017
Is a tea break at work good for productivity?
အလုပ်ခွင်တွေတိုင်းမှာ သူဌေးတွေဟာ သူတို့ရဲ့ ၀န်ထမ်းတွေ လက်ဖက်ရည်သောက် နားကြတာကို အချိန်ဖြုန်းနေတယ်လို့ ထင်နေတာဟာ မှားယွင်းတယ်လို့ သုတေသနတစ်ခုက အခိုင်အမာ ငြင်းဆိုလိုက်ပါတယ်။
လက်ဖက်ရည်တစ်ခွက်ဟာ သူတို့ရဲ့ ကိန်းအောင်းနေတဲ့ လုပ်နိုင်စွမ်းတွေကို လမ်းဖွင့်ပေးလိုက်ရာ ရောက်တယ်လို့ သုတေသန တစ်ခုအရ သိရပါတယ်။ ထို သုတေသန အရ လက်ဖက်ရည် တစ်ခွက် သောက်သုံးခြင်းဟာ သူတို့ရဲ့ ခံစားမှုကို အရှိန်မြှင့်တင်ပေးပြီး ပြသနာတွေကို ဖြေရှင်းနိုင်စေတဲ့အပြင် ဖန်တီးနိုင်စွမ်းတွေကို ရရှိစေနိုင်တယ်လို့သိရပါတယ်။
ဒါ့အပြင် လက်ဖက်ရည်မှာပါဝင်တဲ့ ကဖိန်းဓါတ်နဲ့ သီနိုင်းဓါတ် တွေဟာ လန်းဆန်းတက်ကြွမှုကို ဖြစ်စေတဲ့ အမိုင်နို အက်ဆစ်ကို ပေးနိုင်ပါတယ် ။
ဟော်လန်နိုင်ငံ မှာရှိတဲ့ ပုံမှန်လက်ဖက်ရည်သောက်သုံးသူ ၁၅၀ ယောက်ကို ကို လေ့လာခဲ့တဲ့အခါမှာ လက်ဖက်ရည်သောက်သုံးသူတွေဟာ အောင်မြင်မှုအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီး ဖြေရှင်းရခက်တဲ့ ပြသနာတွေကြုံတဲ့အခါ မြန်ဆန်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
Ref:dailymail.co.uk
Credit : trend.com.mm
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us