21st March, 2017
Teamwork makes the dream work
Share
Blog Link Copied
လူတွေက ပြောကြပါတယ်
ခရီးဝေးဝေးကို မြန်မြန်ရောက်ချင်ရင် တယောက်ထဲ လမ်းလျှောက်ပါလို့ ဆိုကြတယ်
တကယ်တမ်းတော့ အဖွဲ့လိုက်သွားကြည့်ပါ ပိုပြီးတော့ မြန်မြန်ရောက်မယ့်အပြင်
အောင်မြင်မှုကို အလွယ်တကူ ရရှိမှာဖြစ်ပါတယ်။ တချို့ကတော့ တယောက်ထဲ လုံလောက်တယ်လို့
ထင်ကြပါတယ် သူတို့ရဲ့ ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုက မြင့်မားနေချိန်မှာ
အဲ့ဒီလို ထင်မိကြပါတယ်။ အသင်းအဖွဲ့လိုက် ကြိုးစားမှုရဲ့ ရလဒ်တွေကတော့
၁.သူတို့ရဲ့ စွမ်းအားနဲ့
သူတို့ရဲ့ ကျွမ်းကျင်မှု့ပေါ်မူတည်ပြီး အလုပ်တာဝန်ခွဲဝေပေးခြင်း
သူတို့မှာ
ကိုယ်ပိုင်ကျွမ်းကျင်မှု့နှင့် နှစ်သက်မှု့များ ရှိပါတယ်။ ထိုကျွမ်းကျင်မှုများကို
မှန်ကန်တဲ့ အလုပ်တာဝန် ပေးအပ်ပြီး မြန်ဆန်တဲ့ အောင်မြင်မှုကို ရယူနိုင်ပါတယ်။
သူတို့ရဲ့ အကောင်ထည်ဖော်မှု၊ တီထွင်ကြံစမှု့က အလုပ်ပတ်ဝန်းကျင်ကို သိသာစွာ
တိုးတက်ပြောင်းလဲစေတယ်။
၂. အငြင်းပွားခြင်းထက်
ပိုဆွေးနွေးပါ
အသင်းအဖွဲ့အစည်းတွင်
အငြင်းပွားခြင်းထက် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဆွေးနွေးခြင်းက ပိုပြီးစည်းလုံး
စေပါတယ်။ တစ်ဦးနှင့်တစ်ဦး အလေးထားပြီး နားလည်မှု ရရှိစေသည်။
၃. ကြားနေခြင်းထက်
နားထောင်ပေးပါ တစ်ဦးနှင့်တစ်ဦး နားလည်မှု
ရရှိစေခြင်း
အပြင် တဖက်သူ
ပြောသမျှကိုလည်း ဂရုစိုက် နားထောင်ပေးခြင်းကလည်း အသင်းအဖွဲ့အစည်းရဲ့
စည်းလုံးခြင်းကို ဖေါ်ပြနေတယ်။
၎. ပရမ်းပတာ ဖြစ်ခြင်း
နှင့် ပေါင်းစပ် တီထွင်မှုများကို လက်ခံနိုင်ရမည်
သင့်တင့် မျှတမှုရှိပါ
လိုက်လျောညီထွေစွာနေပါ။ သူတို့ရဲ့ တီထွင်မှုအင်အားကို ခွင့်ပြုပေးလိုက်ပါ အဲ့ဒီအရာက
အောင်မြင်တဲ့ တီထွင်ဆန်းသစ် မှု့ကိုယူဆောင် ပေးမှာပါ။
၅. အမှားကို လက်ခံပြီး
သင်ယူပါ
အတွေ့အကြုံအတွက်
အကောင်းဆုံး အထောက်အပံ့က သင်ယူခြင်းဖြစ်တယ်။ အမှားကို လက်ခံသင်ယူ ခြင်းက သင့်အတွက်
အကောင်းမွန်ဆုံး တွေ့အကြုံ အထောက်အပံ့ ဖြစ်တယ်။ သင်တွင်သာမက သင့်ရဲ့
အသင်းအဖွဲ့စည်းတွင် ပါဝင်သော တစ်ဦးတစ်ယောက်ချင်းစီတွင်လည်း တာဝန်ရှိပါတယ်။
၆. အောင်မြင်မှုကို အမိအရ
ဖမ်းဆုပ်ပါ
သင့်ရဲ့ အသင်းအဖွဲ့အစည်းက
သတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရရှိရမည်ဟု စွဲမှတ်ပြီး ကြိုးစားပါက
အဆင်ပြေချောမွေ့စွာ ပန်းတိုင်ကို ရောက်ရှိမည် ဖြစ်သည်။ ထိုကဲ့သို့သော အချက်ကိုမှ
နားမလည်ပဲ ပန်းတိုင်ကို အရောက်သွား ဖို့မဖြစ်နိုင်ပါ။ ပန်းတိုင်ဆိုတာကလည်း
အားလုံးကို စိတ်ဝင်စားစေပြီး စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေဖို့လည်း
ရေးကြီးပါတယ်။
JobNet.com.mm