26th March, 2017

Things to care at An Internship

သူငယ်ချင်းတစ်ယောက်က ပြောဖူးတဲ့စကားလေးရှိပါတယ်။ အလုပ်စဝင်တဲ့နေ့ဟာ ကျောင်းစ တက်တဲ့နေ့လိုမျိုးပဲတဲ့။ ဘယ်လို အဝတ်အစားမျိုးဝတ်သွားရမလဲ၊ အသိမိတ်ဆွေတစ်ယောက်မှမရှိဘူး၊ နောက်ပြီးတော့ တလွဲတွေလုပ်နေမိ မှဖြင့်ဒုက္ခ စတဲ့အချက်တွေဟာ အလုပ်စဝင်သူတစ်ယောက်ရဲ့ ခံစား ချက်အစစ်အမှန်တွေပါပဲ။    ဒါကြောင့် ဒီတစ်ပတ်မှာတော့ အလုပ်သစ်စဝင်သူတွေအတွက် သတိ ထားသင့်တဲ့အချက်တွေကို စုစည်း တင်ပြပေးလိုက်ပါတယ်။   


 (၁) ကိုယ့်ကိုယ်ကိုယ်မိတ်မဆက်တာ   

ဒီအချက်က အလုပ်သစ်စဝင်တဲ့ သူတစ်ယောက်အတွက် အရေးအကြီး ဆုံးအချက်လည်းဖြစ်ပါတယ်။ အလုပ် သစ်တစ်ခုကိုရောက်တဲ့အခါ ကိုယ်နဲ့ မရင်းနှီးတဲ့မျက်နှာစိမ်းတွေ အများကြီး တွေ့ရလေ့ရှိပါတယ်။ ဒီအခြေအနေ မှာ အလုပ်သစ်စဝင်တဲ့သူတော်တော် များများက ကိုယ့်နာမည်ကိုမိတ်ဆက် ရမှာရှက်တာ၊ ကြောက်တာ၊ မပြောရဲ တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အလုပ်စဝင်တဲ့ကိုယ့်အနေနဲ့ ရှက် ကြောက်တာတွေ စိတ်ထဲမထားဘဲ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးဖို့ လိုပါ တယ်။ ဒီလိုလုပ်တာဟာ သူတို့အပေါ် စိတ်ဝင်စားရာရောက်သလို ကိုယ့် အတွက် အကူအညီလိုအပ်တဲ့အခါမှာ လည်း အနည်းနဲ့အများတော့ အကူ အညီရစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အမှားလုပ်မိတဲ့အခါ၊ ပြဿနာတစ်ရပ် ကိုဖြေရှင်းရတဲ့အခါမှာလည်း လိုအပ်  တဲ့အကြံဉာဏ်ကောင်းတွေကိုလည်း ရရှိစေနိုင်ပါတယ်။     ဒါကြောင့် အလုပ်သစ်စဝင်တဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါ။ မရှက်၊ မကြောက်ကြပါနဲ့လို့ အကြံပြု လိုက်ပါရစေ။  

 

(၂) ဟန်ဆောင်တတ်တာ   

အလုပ်သစ်စဝင်သူတွေအများစုဟာ မသိဘူး၊ မလုပ်တတ်ဘူးလို့ ပြောရမှာ ရှက်ရွံ့တတ်ကြပါတယ်။ တကယ်တော့ ဒီလိုအတွေးဟာ မှားပါ တယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခုဟာ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ရိုးလုပ် စဉ်တွေ ဘယ်နည်းနဲ့မှ မတူညီကြ ပါဘူး။ တကယ်လို့ ကိုယ်က ဝန်ထမ်း အသစ်လည်းဖြစ်မယ်။ ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း အားလုံးနားလည်သဘောမပေါက်သေးတဲ့ အခြေအနေလည်းရှိမယ်ဆိုရင်တော့ ကိုယ့်ကိုခိုင်းလိုက်တဲ့ကိစ္စရပ်အပေါ်မှာ အဆင်ပြေပြေနဲ့ ပြီးအောင်လုပ်နိုင် မလား၊ ဘယ်လောက်အထိ အထစ် အငေါ့လေးတွေရှိမလဲဆိုတာကို သေချာစဉ်းစားချင့်ချိန်ဖို့လိုပါတယ်။    အဆင်ပြေပြေနဲ့ ပြီးဆုံးသွားမယ် ဆိုရင် ကိစ္စမရှိပေမဲ့ လွဲချော်မှုတွေနဲ့ ပြီးဆုံးသွားခဲ့မယ်ဆိုရင် အထင်အမြင် သေးတဲ့အကြည့်တွေကိုခံရမှာဖြစ်ပါ တယ်။ အဲဒါက ပိုပြီးရှက်စရာကောင်း ပါတယ်။ ဒါကြောင့် မသိဘူး၊ မလုပ် တတ်ဘူးလို့ပြောရမှာကိုရှက်ပြီး ဟန် ဆောင်မနေပါနဲ့လို့ အကြံပြုလိုက် ပါရစေ။   

 

(၃) မေးမြန်းရမှာစိုးရွံ့တာ   

မေးဖန်များစကားရဆိုသလိုပါ ပဲ။ ကိုယ်ကမသိသေးတဲ့အရာကို မေးလို့သိသွားတဲ့အခါ ကိုယ့်အတွက် အသိတစ်ခုတိုးပွားသွားတာပါပဲ။ ကိုယ်က သင်ယူနေဆဲသူတစ်ဦးဆိုရင်   တော့ သိချင်တာကိုမေးမြန်းဖို့ ဘယ် တော့မှဝန်မလေးလိုက်ပါနဲ့။ သိပြီးသား ဖြစ်ပေမဲ့ ကိုယ်ကဝန်ထမ်းအသစ်ဖြစ် မယ်ဆိုရင်လည်း ကုမ္ပဏီရဲ့ Rules and Regulations တွေကို လေ့လာ ဖို့လိုပါတယ်။ ဒါကလည်း ရှိပြီးသား ဝန်ထမ်းတွေကို ကိုယ်သိချင်တာတွေ မေးမြန်းပြီးမှ လေ့လာနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် အလုပ်သစ်စဝင်တဲ့ သူတစ်ယောက်အနေနဲ့ မေးမြန်းရမှာ ကို စိုးရွံ့တဲ့စိတ်မထားပါနဲ့။   

 

(၄) အရင်ကကိုယ့်ရဲ့အလုပ်ဟောင်း တွေအကြောင်းပြောပြတာ   

အလုပ်အသစ်မှာ ကိုယ်နဲ့ဘယ် လောက်ပဲခင်ခင် အဲဒီလူကို ကိုယ့်ရဲ့ အရင်ကဖြတ်သန်းခဲ့ဖူးတဲ့ အလုပ် ဟောင်းတွေအကြောင်း ပြောမပြသင့်ပါဘူး။ ဒါဟာ လက်ရှိချစ်သူကို အရင် ရည်းစားဟောင်းအကြောင်း ပြောပြ တာမျိုးနဲ့တူပြီး အန္တရာယ်များတဲ့ကိစ္စ လည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့အကြောင်း တွေကိုသိထားတဲ့အတွက် တစ်ချိန်ချိန် မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့အား နည်းချက်တွေ၊ ပျော့ကွက်တွေကို အသုံးချသွားနိုင်ပါတယ်။    ဒါကြောင့် အလုပ်သစ်မှာရှိတဲ့ ဘယ်သူ့ကိုမှ အရင်အလုပ်ဟောင်း တွေအကြောင်း အထူးသဖြင့် ဘာ ကြောင့်အလုပ်ထွက်ခဲ့သလဲဆိုတဲ့ အကြောင်းကို လုံးဝမပြောပြလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။   

 

(၅) ကတိလွယ်လွယ်ပေးလွန်းတာ   

အလုပ်အသစ်မှာ ကိုယ့်ကိုပေး တဲ့တာဝန်ကို ဖြစ်နိုင်၊ မဖြစ်နိုင် နောက်ပြီး သတ်မှတ်ပေးထားတဲ့ အချိန်ကာလအတွင်း ပြီးနိုင်၊ မပြီးနိုင် စတာတွေကို သေချာတွက်ဆထားဖို့ လိုပါတယ်။ ဒါ့အပြင် ပြီးနိုင်ရင်ပြီး တယ်၊ မပြီးနိုင်ရင်မပြီးဘူးဆိုတာကို လည်း အချက်အလက်ခိုင်လုံစွာနဲ့ တင်ပြပြီး ငြင်းပယ်သင့်ရင် ငြင်းပယ်ရဲ ရပါမယ်။ ကတိဆိုတာ ပေးပြီးရင် တည်မှကောင်းတဲ့အရာမျိုးဖြစ်ပြီး လွယ်လွယ်မပေးလိုက်ဖို့လည်း အရေး ကြီးပါတယ်။    ကတိလွယ်လွယ်ပေးလိုက်ပြီးမှ မလုပ်နိုင်တာထက် ကတိကို လွယ် လွယ်မပေးသလို ပေးပြီးသားကတိကို လည်းတည်အောင်လုပ်နိုင်တာက ပို တန်ဖိုးရှိပါတယ်။ အဲဒီလိုလူမျိုးကို ဘယ်အလုပ်ရှင်ပဲဖြစ်ဖြစ် နှစ်သက် သဘောကျမှာကတော့ အသေအချာ ပါပဲ။   

 

(၆) သင့်တင့်လျောက်ပတ်စွာ မဝတ် စားတတ်တာ    အလုပ်အသစ်ကို စဝင်တဲ့အခါ ကိုယ်လုပ်တဲ့အလုပ်နဲ့ သင့်တင့် လျောက်ပတ်စွာဝတ်စားတတ်ဖို့လည်း အဓိကကျပါတယ်။ ဥပမာအားဖြင့် ကိုယ်က ဖက်ရှင်ဒီဇိုင်းကုမ္ပဏီမှာ အလုပ်လုပ်တယ်ဆိုရင် ကိုယ်ရွေးချယ် ဝတ်ဆင်ဖြစ်တဲ့ အဝတ်အစားတွေက ဆန်းသစ်နေဖို့လိုပါတယ်။ ဒီနေရာမှာ အလုပ်ရှင်က ကိုယ့်ရဲ့ skill ပိုင်းထက် ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံကို ပိုပြီး အလေးထားစောင့်ကြည့်သင့်တယ်ဆို တာကိုလည်း နားလည်ထားရပါမယ်။    ဒီလို ကိုယ့်အလုပ်နဲ့ အဆင်ပြေ ပြေဝတ်စားနိုင်ဖို့ဆိုတာ ကိုယ့်ရဲ့စူးစမ်း နိုင်စွမ်း၊ အကဲခတ်သုံးသပ်နိုင်စွမ်းတွေ ပေါ်မှာလည်း အများကြီးမူတည်ပါ တယ်။ ဥပမာ အင်တာဗျူးတဲ့နေ့က တည်းက အဲဒီကုမ္ပဏီမှာရှိတဲ့ဝန်ထမ်း တွေရဲ့ ဝတ်စားဆင်ယင်မှုကို တစေ့ တစောင်းအကဲခတ်ထားရမှာပါ။   

 

အခု တင်ပြပေးခဲ့တာတွေက တော့ အလုပ်အသစ်စတင်ဝင်ရောက် ရမယ့်သူတွေအတွက် ရှောင်ရန်၊ ဆောင်ရန် သတိထားစရာလေးတွေ ပါပဲ။ ဖတ်ရှုမှတ်သားပြီး အလုပ်သစ် မှာ အဆင်ပြေကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။ 

 

REF:The Opportunity Journal