MMR
Myanmar
31st March, 2017
Three ways of sleeping that cause stress
သင်ဟာ ညအိပ်ချိန်နည်းပါးမယ်၊ အိပ်ချိန်လည်း မမှန်ဘူးဆိုရင်တော့ ဒေါသမကြာခဏထွက်တာမျိုး၊ တစ်ခုခုဆို စိတ်တိုလွယ်တာမျိုး၊ စိတ်ဖိစီးမှုဒဏ်ခံရတာမျိုးတွေ ခံစားလာရပါလိမ့်မယ်လို့ သုတေသီတွေက ဖွင့်ဟလိုက်ပါတယ်။
ဒီလိုလူမျိုးတွေဟာ အိပ်ချိန်ပြည့်ဝသူတွေထက် ခုနပြောပြသွားတဲ့ အရာတွေကို ပိုခံစားကြရရုံသာမက မပြည့်မ၀အိပ်စက်ခြင်းဟာ လုံးဝမအိပ်ပဲ နေတာထက်တောင် ဒေါသထွက်လွယ်ပါတယ်တဲ့။ ဒီတော့ စိတ်တွေမူမမှန်မဖြစ်အောင်၊ စိတ်ဖိစီးမှုဒဏ်က ကင်းဝေဖို့ဆိုရင် သင်ပြုမူလုပ်ဆောင်ရမှာက
၁။ နှိုးစက်နာရီကို ပိတ်ရခြင်း အကြောင်းအရာ တကယ်တော့ နှိုးစက်ပေးထားတာမျိုးကလည်း သင့်အိပ်ခြင်းကို အနှောင့်အယှက် ဖြစ်စေတာပါပဲ။ တစ်ခါတစ်လေ နောက်ကျမှ အိပ်ယာဝင်ပြီး နှိုးစက်ပေးထားတာပဲ ဆိုတာမျိုးကို အားကိုးတတ်ကြပြန်ပါတယ်။ နှိုးစက်ကို နှစ်ခါ သုံးခါပေးပြီး နောက်ဆုံးမိနစ်လောက်ကျမှ အတင်းကုန်းရုန်းထ၊ ပြင်ဆင်ကြရတာမျိုးကတော့ သင့်ကို စိတ်ဖိစီးမှုစပေးတဲ့အပိုင်း ဖြစ်သွားပါပြီ။
၂။ အိပ်စက်တဲ့အချိန် အမျိုးမျိုး ပြောင်းလဲခြင်း သင်ဟာ ညအိပ်ယာဝင်ချိန်နဲ့ မနက်နိုးထတဲ့အချိန်တွေကို အမြဲပြောင်းလဲပစ်နေတာကလည်း သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါဟာ သင့်ခန္ဓာကိုယ်အတွက် အိပ်ချိန်တွေကိုပြောင်းလဲသတ်မှတ်နေတာမျိုးမို့ သင့်ခန္ဓာကိုယ်ဟာ အနားမရသလို ဖြစ်နေပါတယ်။ ဒီတော့ အိပ်ချိန်လေးကို ပုံမှန်သတ်မှတ်ဖို့ လိုကိုလိုပါတယ်။ ထတဲ့အချိန်ကိုလည်း ပုံမှန်လုပ်နိုင်ဖို့ကြိုးစားပါ။
၃။ အိပ်ချိန်ကို အရေးကြီးတဲ့ကဏ္ဍထဲ ထည့်မထားခြင်း တစ်ချို့ရက်တွေမှာ အလုပ်တွေရှုပ်နေလို့၊ တစ်ချို့ညတွေကျတော့လည်း သူငယ်ချင်းတွေနဲ့ night out လုပ်ရလို့၊ တစ်ချို့ညတွေကျ စာမေးပွဲအတွက် စာတွေလေ့လာနေရလို့ စသဖြင့် သင့်အိပ်ချိန်တွေဟာ ဖရိုဖရဲ ဖြစ်နေတယ်ဆိုရင် သင်ဟာ ကျန်းမာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ မလွယ်ကူပါဘူး။ အဲ့ဒီအစား စိတ်ပင်ပန်းပြီး ဖိစီးမှုအပြည့်နဲ့ နေ့ရက်တွေကိုသာ ဖြတ်သန်းနေရမယ်ဆိုတာ သိထားဖို့လိုပါတယ်။
REF : Trend Myanmar
Hot Topics
Top Employers
Recent Articles
အလုပ်နဲ့ဘဝကိုချိန်ညှိပြီးနေပျော်အောင်နေကြမယ်
အလုပ်အင်တာဗျူးမှာ မျှော်မှန်းလစာကိုမေးရင် ဒီလိုဖြေပါ
ပထမဆုံးအင်တာဗျူးမှာတင် အလုပ်ခန့်ချင်သွားအောင် ဒီလိုဖြေကြမယ်
ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အင်တာဗျူးမေးခွန်း (၁၅) ခု
ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တွေကို လွယ်လွယ်ကူကူနဲ့ဘယ်လိုရှာဖွေမလဲ
Follow us