6th June, 2017

Tips for Marketing Presentation

ပြီးခဲ့တဲ့အပတ်က Presentation တစ်ခုကို ပြင်ဆင်ဆောင်ရွက်ပုံ အသေး စိတ်ကို ရေးသားတင်ပြခဲ့ပြီးပြီဖြစ်တဲ့အတွက် ယခုတစ်ပတ်မှာ Presentation အတွက် ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်း ဆောင်တာများကို ဆက်လက်ရေးသား တင်ပြသွားပါမယ်။

 

သင့်ရဲ့ တင်ဆက်ပြောဆိုမှု (Presentation) အတွက် ပြင်ဆင်ဆောင်ရွက် နေချိန်မှာ သင့်အနေနဲ့ နားလည်သဘော ပေါက်ထားဖို့က သင့်ရဲ့ Presentation ကို ပရိသတ်တွေကို တင်ဆက်ပြောဆိုတဲ့ နေရာမှာ ပရိသတ်တွေက သင့်ရဲ့ Presentation ကနေ သင်ယူ (learning) လုပ်တဲ့ နည်းလမ်း (၃)ခုရှိတယ်ဆိုတာ ပါပဲ။        

အဲ့ဒီနည်းလမ်းတွေကတော့..       

 

(၁) ကြား၍သင်ယူခြင်း (Learn by Hearing)   

(၂) မြင်၍သင်ယူခြင်း (Learn by Seeing) (သင့်ရဲ့ PowerPoint သို့မဟုတ် ရုပ်ပုံကားချပ်၊ သရုပ်ပြသမှုများမှ သင်ယူ ခြင်း)   

(၃) အတွေ့အကြုံမှတစ်ဆင့်သင်ယူ ခြင်း (Learn by a touchy-feely atmosphere)  တို့ဖြစ်ပါတယ်။

 

ပရိသတ်အမျိုးအစား ပေါ်မူတည်ပြီး ဒီသင်ယူမှုပုံစံတွေ ကွဲပြားနိုင် တဲ့အတွက် ထူးချွန်တဲ့တင်ဆက်ပြောဆိုသူ တွေဟာ သူတို့ရဲ့ တင်ဆက်ပြောဆိုမှုထဲမှာ ဒီနည်းလမ်း (၃)ခုစလုံးကို အနည်းငယ်စီ ရောမွှေပြင်ဆင်ထားလေ့ရှိကြပါတယ်။ အဓိကကတော့ တင်ဆင်ပြောဆိုသူအနေနဲ့ ဘယ်နေရာမှာဘယ်လိုနည်းလမ်းကို အသုံးပြုပြီး တင်ဆက်ပြောဆိုရမယ်ဆိုတာ ကို ကောင်းမွန်စွာ နားလည်သဘောပေါက် ဖို့ပါပဲ။   ဒီနေရာမှာ PowerPoint Presentation တစ်ခုကို ကောင်းမွန်စွာ ပြင်ဆင်တတ်မှု အတတ်ပညာဟာလည်း အရေးပါလာမှာဖြစ်ပါတယ်။         ပြောဆိုသူ (Speaker) ရဲ့ လက်ဟန် ခြေဟန် (Body Language) အသုံးပြု တတ်မှုဟာလည်း Presentation ကို များစွာ ပံ့ပိုးမှုဖြစ်စေပါတယ်။ တချို့ တင်ဆက်ပြောဆိုသူများဟာ သူတို့ရဲ့ လက်ဟန် ခြေဟန် များက သူတို့ရဲ့ပရိသတ် တွေအပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှု ရှိသလဲဆိုတာကို စနစ်တကျ လေ့လာထား ကြပါတယ်။        

ကဲ.. အခုဆိုရင် သင့်ရဲ့ Presentation အတွက် အကောင်းဆုံးပြင်ဆင်ပြီးပြီ ဆိုတော့ စနစ်တကျချက်ပြုတ်ပြင်ဆင်ပြီး သင့်ရဲ့ပရိသတ်တွေဆီကို ပို့ဆောင်ပေးဖို့ပဲ လိုပါတော့တယ်။        

 

သင့်ရဲ့ Presentation ကို ဖွယ်ဖွယ် ရာရာဖြစ်အောင် ဘယ်လိုပြင်ဆင် မလဲ   

- ကြိုတင်လေ့ကျင့်ပြင်ဆင်ပါ (Practice, practice, practice)   

- သင့်ရဲ့ပရိသတ်တွေကိုချစ်ပါ။ (Love your audience)   

- လိုက်လျောညီထွေ၊ သင့်လျော်စွာ ၀တ်ဆင်ပါ။   

- သင့်ရဲ့အကြောင်းအရာ၊ ခေါင်းစဉ်၊ ဘာသာရပ်ကို တင်ဆက်ပြောဆိုနေစဉ်မှာ ပရိသတ်များက သင့်ကို ကျွမ်းကျင်သူ (Expert) အဖြစ် ရှုမြင်လာအောင် တင်ဆက်ပြောဆိုပါ။   

- မိုက်ခရိုဖုန်း၊ အရည်အသွေးမြင့် Projector ၊ LCD/LED စခရင်၊ Handouts စာရွက်စာတမ်း စသည်တို့ကို လိုအပ်သလို ထိရောက်စွာသုံးစွဲပါ။   

- သင့်ရဲ့ Presentation ကို ဗီဒီယိုရိုက်ကူး ထားပြီး CD ၊ Online တို့မှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်အောင် ကြိုးစားပါ။

        

မေးခွန်းအမေးအဖြေ (Question & Answer)    

Presentation တစ်ခုမှာ မေးခွန်း အမေးအဖြေကဏ္ဍ (Q & A) ကလည်း အရေးကြီးပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ ခေါင်းစဉ် အကြောင်းအရာနဲ့ ပတ်သက်တဲ့ မေးနိုင်တဲ့ မေးခွန်းအတော် များများရဲ့ အဖြေတွေကို ကြိုတင်ပြင်ဆင် ထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့.. ဒီနေရာ  မှာ တစ်ခုသတိထားရမှာက သင့်အနေနဲ့ မေးခွန်းအားလုံးရဲ့အဖြေကို သိရှိရမယ်လို့ ..ဘယ်တော့မှာ ကိုယ့်ကိုယ်ကိုယ် မမျှော် လင့်ထားပါနဲ့။ တစ်ခါတစ်ရံ ပရိသတ်တွေ က သင်မသိတဲ့ မေးခွန်းတစ်ခုခုကိုမေးလိုက် တဲ့အခါ ရိုးသားစွာ မသိရှိကြောင်းဝန်ခံပြီး နောင်မှာ ပြန်လည်ရှာဖွေဖြေကြားပေးဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ရိုးသားမှုဟာ သင့်ရဲ့ တင်ဆက် ပြောဆိုမှုကို ပိုမိုတောက် ပြောင်စေနိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။        

 

ပရိသတ်နဲ့ထိတွေ့ပါ (Keeping-in-touch)   

မားကက်တင်းဆိုင်ရာ Presentation တွေနဲ့ သာမန် Presentation တွေက မတူညီကွဲပြားခြားနားတဲ့ အဓိက အချက်က ပရိသတ်နဲ့ ထိတွေ့ဆက်ဆံမှုပါ။ ဟုတ်ပါတယ်.. မားကက်တင်းဆိုင်ရာ Presentation တွေရဲ့ အဓိကရည်ရွယ် ချက်က မိမိတို့ရဲ့ ကုန်အမှတ်တံဆိပ် (Brand)။ကုန်ပစ္စည်း/၀န်ဆောင်မှု စတာ တွေကို ပရိသတ်နဲ့ ပိုမိုရင်းနှီးထိတွေ့သွား စေလိုတာ ဖြစ်တဲ့အတွက်.. မိမိတို့ရဲ့ တင်ဆက်ပြောဆိုအပြီးမှာ ပရိသတ်နဲ့ အဲ့သလို ပိုမိုရင်းနှီး ထိတွေ့သွားစေနိုင်တဲ့ .. အစီအမံ (Keeping-in-touch Plan) တွေကို ကြိုတင်ရေးဆွဲပြင်ဆင်ထား ဖို့ လိုအပ်ပါတယ်။         Keeping-in-touch Plan လို့ဆိုတဲ့ နေရာမှာ မိမိရဲ့ Presentation ကို အခြေခံပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲလိုမျိုး ကျင်းပပြီး ဆုချီးမြှင့်ပေးခြင်း၊ မိမိရဲ့ကုန် ပစ္စည်းနဲ့ပတ်သက်တဲ့ အသိသုတ (Product Knowledge) ကို အခြေခံတဲ့ တင်ဆက်မှုဆိုင်ရာ စွမ်းရည်ပြိုင်ပွဲလေးတွေ ကျင်းပပြီး ဆုချီးမြှင့်ခြင်းစတာတွေကို ဆိုလိုတာဖြစ်ပါတယ်။        

 

မိမိရဲ့ Presentation ပြီးတဲ့အခါမှာ မိမိ Presentation နဲ့ပတ်သက်တဲ့ စစ်တမ်း (Survey) ကောက်ယူခြင်းမျိုး လည်း ပြုလုပ်နိုင်ပါတယ်။။        

 

Ref: Book Yourself Solid    By: Michael Port  

Credit :  လင်းသိုက်ညွန့် (မြန်မာ့မြေ) 

Credit : The opport