Share
Blog Link Copied
အဓိကအချက်ကတော့
ကိုယ်ပြောတဲ့အရာကို ကိုယ်ကိုယ်တိုင်ယုံကြည်နေဖို့အရေးကြီးပါတယ်။
၁ - မျက်လုံးချင်း
လူတွေနဲ့မျက်လုံးချင်း
ဆုံပေးပါ။ ဒါပေမဲ့ တစ်ယောက်တည်းကိုပဲ စိုက်ကြည့်မနေပါနဲ့။
၂ - သက်ဆိုင်တာကိုပဲ
ပြောပါ
သင်ပြောမယ့်အကြောင်းအရာနဲ့ပက်သက်တာကိုပဲ
ပြောပါ။ စကားလမ်းကြောင်းချော်သွားရင်ထိန်းပါ။
၃ - ရှင်းရှင်းလင်းလင်း
မသဲမကွဲနဲ့
မြန်မြန်ဆန်ဆန် ပြောတာမျိုးရှောင်ပါ။ ရှင်းရှင်းလင်းလင်းနဲ့
ခပ်မှန်မှန်ပြောတာအကောင်းဆုံးပါ။
၎ - နားထောင်သူအလိုက်
ကိုယ်ပြောမယ့်နယ်ပယ်နဲ့
သက်ဆိုင်တဲ့စကားအသုံးမျိုးတွေကိုသုံးမယ်ဆိုရင် သတိထားပါ။ ပရိသတ်က
ဒီနယ်ပယ်ထဲကလူတွေဆို ကိစ္စမရှိပေမဲ့ နယ်ပယ်အသီးသီးကလူတွေဆို သူတို့အတွက်
နားလည်ရခက်ပါမယ်။ ဒါပေမဲ့ သူငယ်တန်းကလေးတွေကို ရှင်းပြသလိုမျိုးလည်း
မဖြစ်သင့်ပါဘူး။
၅ - အတက်အကျမရှိ
အတက်အကျမရှိတဲ့
အသံမျိုးနဲ့ပြောတာဟာ နားထောင်သူကို အလွန်ငြီးငွေ့စေပါတယ်။ အသံကို
မြှင့်စရာရှိတဲ့နေရာမှာ မြှင့်ပြီး နှိမ့်စရာရှိတဲ့နေရာမှာ နှိမ့်ပါ။
၆ - စာသင်သလို
နားထောင်သူတွေကို
ဘာမှမသိတဲ့ တုံးတုံးအအလူတွေလို မဆက်ဆံပါနဲ့။ သင်ဟာ ရိုင်းသလိုဖြစ်လာပြီး
သင်ပြောနေတဲ့အဓိကအကြောင်းအရာနဲ့လည်း ဝေးသွားပါတယ်။
၇ - ကြိုတင်ပြင်ဆင်
ပြောမယ့်အကြောင်းအရာကို
စာရွက်နဲ့ချရေးပြီး အကြမ်းဖျင်းပြင်ဆင်ထားသင့်ပါတယ်။ အဓိကအချက်နဲ့ ဒီအဓိကအချက်ကို
ထောက်ပံ့ပေးမယ့်အကြောင်းအရာတွေကို အကြမ်းဖျင်းရေးသင့်ပါတယ်။
၈ - အမူအရာ
လက်နဲ့မျက်နှာဟန်အမူအရာတွေကိုလည်း
အသုံးချပါ။
*** အဓိကအချက်ကတော့
ကိုယ်ပြောတဲ့အရာကို ကိုယ်ကိုယ်တိုင်ယုံကြည်နေဖို့အရေးကြီးပါတယ်။
Credit - Duwun