23rd March, 2017

To become the Better Employee

လူတိုင်းလူတိုင်း ဝန်ထမ်းဘ၀မှာ ကိုယ့်အတွက် တိုးတက်လမ်းရှိမယ်ထင်တဲ့ နေရာ၊ ကိုယ့်အတွက်အခွင့်အလမ်းပိုများ မယ့်နေရာ၊ ကိုယ့်အတွက် ဝင်ငွေပိုမို ကောင်းမွန်မယ့်နေရာ၊ ကိုယ့်အနာဂတ် ခိုင်မာသေချာတဲ့နေရာစတာတွေကို ရွေး ချယ်ပြီး တစ်နေရာကနေ တစ်နေရာ ပြောင်းရွှေ့ကြပါတယ်။

 

အဲဒီအခါမှာ လက် ရှိအလုပ်မှာ ဝန်ထမ်းကောင်းတစ်ယောက် ဆိုတဲ့ ဂုဏ်ကို ချန်ထားခဲ့မလား၊ ဒါမှမဟုတ် ဒီလူကတော့ သူ့ဘာသာသူထွက်သွားတာ လည်းကောင်းတာပဲ။ အလုပ်မှာ ကြိုးစားမှု မရှိသလို အလုပ်အတွက်လည်း အားကိုး အားထားမပြုရဘူးစတဲ့ မကောင်းတဲ့ ဂုဏ်သတင်းကို ချန်ထားခဲ့မလား။ ဒါက ကိုယ်ကိုယ်တိုင်ရဲ့ လက်ထဲမှာရှိနေပါတယ်။ 

 

ကိုယ့်ရဲ့ ဂုဏ်သတင်းကို ကိုယ့်ရဲ့ အလုပ်ရှင်ကိုယ်တိုင်က အသိအမှတ်ပြုပေး ချင်လာအောင်၊ ထောက်ခံပေးချင်လာ အောင်ကြိုးစားသင့်ပါတယ်။ ‘‘ဒီဝန်ထမ်း ကတော့ ငါ့ဆီမှာ လုပ်ခဲ့ဖူးတယ်။ သူက အလွန်ပဲ တော်တဲ့သူတစ်ယောက်ပါ၊ သူက တာဝန်ယူတတ်တဲ့ သူတစ်ယောက်  ဖြစ်ပြီး တာဝန်ကိုလည်း ကျေပွန်အောင် ဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတယ်’’ စသဖြင့် ကိုယ့်ရဲ့ အကြီးအကဲ၊ ခေါင်း ဆောင်ဆိုသူတွေရဲ့ အထက်ပါ မှတ်ချက် စကားကို ရရှိဖို့ ကိုယ်ကိုယ်တိုင်လည်း ပေးဆပ်အနစ်နာခံရတာတွေ ရှိမှရရှိလာမှာ ဖြစ်ပါတယ်။  ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို ကိုယ်တိုင် ပဲ တည်ဆောက်ယူရပါမယ်။ ဝန်ထမ်းကောင်းအမှတ်တံဆိပ်ကို ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်အချက်တွေက ဝန် ထမ်းကောင်းအမှတ်တံဆိပ်လဲဆိုတာ ဒီတစ်ပတ်မှာ ဖော်ပြပေးချင်ပါတယ်။ 

 

အသက်မွေးမှုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု  ဝန်ထမ်းကောင်းတံဆိပ်ခပ်နှိပ်ခံရ ဖို့အတွက် ဒီအချက်ကလည်း အရေးကြီး တဲ့ အချက်တစ်ခုအဖြစ် ပါဝင်ပါတယ်။ အခုခေတ်မှာ ကျွမ်းကျင်ဝန်ထမ်းတွေရှား ပါးလာတယ်လို့ ကုမ္ပဏီကြီးတွေက ဝန် ထမ်းခန့်ထားရေးတာဝန်ရှိသူတွေရဲ့ ပြော ဆိုသံတွေ မကြာခဏကြားလာရပါတယ်။ နယ်ပယ်အသီးသီး၊ လုပ်ငန်းဌာနအသီးသီး မှာ ကျွမ်းကျင်ဝန်ထမ်းများ အလိုရှိနေကြ ပါတယ်။ ကျွမ်းကျင်ဝန်ထမ်းဈေးကွက် အတွက် အပြိုင်အဆိုင်အလုအယက် ကမ်း လှမ်းမှုအသီးသီးလုပ်နေကြရပါတယ်။ ရာထူး၊ ငွေကြေး၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့် စသဖြင့် ကျွမ်းကျင်ဝန်ထမ်းဈေးကွက် အတွက် ကမ်းလှမ်းနေကြရပါတယ်။  ကိုယ့်ရဲ့ အသက်မွေးမှုပညာမှာ Professional အဆင့်ကျွမ်းကျင်အောင် တတ်မြောက်ထားတာက ကိုယ့်ရဲ့ ဝန်ထမ်း ကောင်းတံဆိပ်ကို တည်ဆောက်ခြင်းနဲ့ အတူတူပါပဲ။ အဲဒီလိုတည်ဆောက်မှု ကြောင့် ဘယ်နေရာမှာမဆို ကိုယ့်ကို လို အပ်နေသူတွေ၊ ကမ်းလှမ်းနေသူတွေရှိနေ မှာ အသေအချာပါပဲ။ 

 

တာဝန်ယူစိတ်ရှိမှု  ၊ဒီအချက်က ကိုယ့်ရဲ့ဝန်ထမ်းကောင်း တံဆိပ်တည်ဆောက်မှုအတွက် အရေးကြီး ဆုံးသော အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ့် ရဲ့ အလုပ်အပေါ်မှာ၊ ကိုယ့်ရဲ့ တာဝန်ရှိမှု အပေါ်မှာ တာဝန်ယူစိတ်ရှိဖို့က အလွန် အရေးကြီးပါတယ်။ တာဝန်ယူစိတ်ရှိတဲ့သူ ဆိုတာ အောင်မြင်မှုကို အသိအမှတ်ပြုသ လို၊ ရှုံးနိမ့်မှုကိုလည်း လက်ခံနိုင်တဲ့သူမျိုးပါ။  တချို့တွေက အောင်မြင်မှုကို အသိ အမှတ်ပြုပေမဲ့ ရှုံးနိမ့်မှုကျရင် သူနဲ့မဆိုင် သလိုမျိုး ခေါင်းရှောင်တတ်ပါတယ်။ ကိုယ့် ရဲ့ ဝန်ထမ်းကောင်းအမှတ်တံဆိပ်ကို တည် ဆောက်ချင်တယ်ဆိုရင်တော့ ကိုယ်က တာဝန်ရှိမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ အဓိကလိုအပ်ပါ တယ်။  အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်မှု  အကျင့်စာရိတ္တပိုင်းဆိုင်ရာကောင်း မွန်မှုကတော့ ဘယ်နေရာမှာပဲရောက်နေ ရောက်နေ လူတစ်ဦးမှာ မရှိမဖြစ်ရှိရမယ့် အရာပဲဖြစ်ပါတယ်။ အလုပ်ခွင်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ရဲ့ အကျင့်စာရိတ္တိကို မှတ်ကျောက်တင်နိုင်တဲ့ သူမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။

 

လုပ်ငန်းခွင် အတွင်းမှာလည်း အကျင့်စာရိတ္တကအရေး ကြီးပါတယ်။ စာရိတ္တမကောင်းတဲ့ သူတစ် ယောက်က အလုပ်ရရှိဖို့ ခက်ခဲသလို၊ အလုပ်ခွင်အတွင်းရောက်ရှိနေရင်လည်း သူ့ရဲ့ အကျင့်စာရိတ္တအမှန်ပေါ်ပေါက်လာ ခဲ့ရင် လူအများရဲ့ ရှောင်ကျဉ်ခြင်းကို ခံရတတ်ပါတယ်။  ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ် ငန်းခွင်အတွင်းမှာ ငွေကြေးဆိုင်ရာအလွဲ သုံးစားလုပ်မှု၊ ယုံကြည်မှုဆိုင်ရာချိုးဖောက် မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုစတဲ့ အချက်တွေက ဝန်ထမ်းကောင်းအမှတ်တံဆိပ်ကို ပျက်စီးစေပါတယ်။ အဲဒီအကြောင်းအချက်တွေ ကျူးလွန်မှုကြောင့် အလုပ်ကထွက်ခဲ့ရရင် ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းက မကောင်း တဲ့ အမည်းစက်နဲ့ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။   

 

ကတိကဝတ် ခိုင်မာမှု  လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူတစ်ယောက်ရဲ့ တန်ဖိုးက သူပေးတဲ့ ကတိကို တည်အောင်ထိန်းသိမ်းနိုင်မှုနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ကတိ တွေပေးတယ်၊ ဒါပေမဲ့ ကတိမတည်ဘူး။ဒါဆိုရင်တော့ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင် ကျဆင်းအောင်လုပ်နေတာပါ။ ကိုယ်ပေး နိုင်တဲ့ ကတိကိုသာပေးပါ။ ကိုယ်မလုပ် နိုင်တဲ့ ကတိကဝတ်ကို မပေးမိပါစေနဲ့။ မတည်နိုင်တဲ့ ကတိကဝတ်ကို ပေးမိတာက ကိုယ်တည်ဆောက်ထားတဲ့ ကိုယ့်ရဲ့ ဂုဏ် သိက္ခာကို တစ်ကြိမ်တည်းနဲ့ ဖျက်စီးလိုက် တာပါပဲ။  ဒီဝန်ထမ်းကတော့ ပြောတဲ့အတိုင်း ဖြစ် အောင်လုပ်တဲ့သူပဲ။ သူပေးတဲ့ကတိ ကို သူတည်အောင် ကြိုးစားနိုင်တယ်။ ဒါက ကိုယ်တည်ဆောက်လိုက်တဲ့ ဝန်ထမ်း ကောင်းအမှတ်တံဆိပ်ပါပဲ။ လူတစ်ယောက်က ကိုယ့်ရဲ့ နာမည်ကိုကြားလိုက် တာနဲ့ ဒီလူနဲ့ ငါရင်းရင်းနှီးနှီးသိတယ်၊ ဒီလူ သိပ်ကို ကတိတည်တဲ့သူပဲစသဖြင့် မှတ်ချက်ပြုနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ 

 

လူအများနဲ့ ဆက်ဆံရေးကောင်းမွန်မှု  လုပ်ငန်းခွင်အတွင်းမှာ လူအများနဲ့ ဆက်ဆံရေးကောင်းမွန်မှုကလည်း အထူး လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် လူချစ် လူခင်ပေါများတာက ကိုယ့်ရဲ့ အားသာ ချက်ပါပဲ။ အဆင့်အတန်းမရွေး၊ ရာထူးကြီး ငယ်မရွေး အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်တဲ့ အရည်အချင်းကလည်း သူတစ်ပါးထက် တစ်ပန်းသာတဲ့အရည် အချင်းပါပဲ။ ကိုယ်က လက်ရှိအလုပ်ကနေ တခြားအလုပ်ကိုသာ ပြောင်းသွားတယ်၊ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက် အရာရှိတွေရဲ့ စိတ်ထဲမှာ ကိုယ်က ဝန်ထမ်း ကောင်းအဖြစ်တံဆိပ်ခတ်နှိပ်ပြီးဖြစ်နေပါ တယ်။ ကိုယ့်ရဲ့ ဝန်ထမ်းကောင်းအမှတ်တံ ဆိပ်တည်ဆောက်ရာမှာ လူအများနဲ့ အဆင်ပြေပြေဆက်ဆံနိုင်တာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။    

 

ဝန်ထမ်းတစ်ယောက် အလုပ်ထွက် တဲ့အခါ ခွဲခွာခြင်းနှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်မျိုးက ကိုယ်ထွက်လိုက်တဲ့ အလုပ်က ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကြီး အကဲတွေကို ကောင်းသော ခွဲခွာ ခြင်းမျိုးနဲ့ နှုတ်ဆက်တာနဲ့၊ ဒုတိယအမျိုး အစားကတော့ မျက်နှာပျက်စရာအဖြစ် အပျက်အမျိုးမျိုးနဲ့ နှုတ်ဆက်လမ်းခွဲရတာ ပါပဲ။ ဝန်ထမ်းတိုင်း ကောင်းသောနှုတ် ဆက်ခြင်းမျိုးနဲ့ ကိုယ့်ရဲ့ ကုမ္ပဏီ၊ ကိုယ့်ရဲ့ အဖွဲ့အစည်း၊ ကိုယ့်ရဲ့ဌာနကို နှုတ်ဆက်နိုင် ကြပါစေ။ 

 

REF: The Opportunity Journal