1st May, 2017

What Color Suit to Wear to a Job Interview

အလုပ်အင်တာဗျူးနဲ့ ကြိုတင်ပြင်ဆင်မှုက အမြဲဒွန်တွဲနေတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ အင်တာဗျူးခန်းထဲ ဝင်ပြီး hello လို့ နှုတ်ဆက်တဲ့ အချိန်ကနေ ပြန်မထွက်ခွာမီ နှုတ်ဆက်စကားပြောဆိုချိန်အထိ အဲဒီအချိန် အတောအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာတွေဟာ ကောင်းမွန်တဲ့ ကစားကွက်တစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ မိမိအရည်အချင်းတွေ၊ အတွေ့အကြုံများသာမက အရည်အချင်းနဲ့ အတွေ့အကြုံတွေ ဘယ်လိုပုံစံ ချမြမလဲဆိုတာလည်း ပါဝင်နေပါတယ်။ အင်တာဗျူးဝင်ပြီး မိမိကိုယ် အလုပ်ခန့်အပ်ပါ ဆိုတဲ့ လက္ခဏာမျိုး လုပ်ပြနိုင်ရင် သူတို့ သင့်ကို ခန့်အပ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနည်းက အနည်းငယ် ကြောင်တောင်တောင် နိုင်လွန်းတာမို့ ဒီနည်းကို မေ့ထားပြီး ပညာသားပါတဲ့ နည်းလေးတစ်ခု လေ့လာကြရအောင်။

 

အင်တာဗျူးမှာ ကောင်းဆုံးရလဒ်ရရှိဖို့ အဓိကသော့ချက်က မိမိကိုယ်ကိုယ် ယုံကြည်မှုကို ထုတ်ဖော်ပြသရန် ဖြစ်ပါတယ်။ ဗြိတိသျှ တီရှပ်အကျီင်္ကုမ္ပဏီတစ်ခုမှ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ယင်းလေ့လာမှုမှာ customer အယောက် ၁,၀၀၀ ကို ဘယ်အကျီင်္အရောင်က မိမိကိုယ်ကိုယ်ယုံကြည်မှု အဖြစ်စေဆုံးလဲဆိုတာ မေးမြန်းခဲ့ပါတယ်။ အမျိုးသမီး ၄၈% နဲ့ အမျိုးသား ၆၄% တို့ရဲ့ ပြောဆိုချက်အရ မိမိကိုယ်ကိုယ်ယုံကြည်မှု ဖြစ်စေတဲ့အရောင်က ရိုးရိုးတည်ကြည်သော အရောင်အဆင်းတစ်ခုဖြစ်တဲ့ အနက်ရောင် ဖြစ်ကြောင်း သိရပါတယ်။

 

ဒီအရောင်က ဘယ်ချိန်ဖြစ်ဖြစ် အဆင်ပြေပြီး လေ့လာမှုအရ တည်ကြည်လေးနက်မှုရှိကာ ယုံကြည်စိတ်ချသူလို့ ထင်မှတ်ခံရစေကြောင်း သိရပါတယ်။ အထူးသဖြင့် လုပ်ငန်းရှင်သူဌေးသစ်တစ်ဦး သဘောကျ စိတ်ဝင်စားမှု ရလိုတဲ့အချိန်မှာ ပိုအရေးကြီးပါတယ်။ ကဲ ဒီလောက်ဆို သင်အင်တာဗျူးဖြေဆိုဖို့ သွားတော့မယ်ဆို အနက်ရောင်ကိုတော့ မဖြစ်မနေထည့်ပြီး ဆင်မြန်းသင့်ကြောင်း သိလောက်ပါပြီနော်။

 

Credit - Trend Myanmar