2nd July, 2017

What type of employee are you?

‘လူအမျိုးမျိုး၊ စိတ်အထွေထွေ’ဆိုတဲ့ မြန်မာစကားရှိပါတယ်။ အခုကတော့ ဝန်ထမ်းအမျိုးမျိုးရဲ့ စိတ်အထွေထွေပဲဖြစ် ပါတယ်။ တစ်အူထုံ့ဆင်းညီအစ်ကိုမောင် နှမများပင်စိတ်ဓာတ်ချင်း၊ အမူအကျင့် ချင်း၊ ပါရမီချင်းမတူညီကြတာမျိုးရှိပါ တယ်။ ဘာမှမတော်စပ်တဲ့ သွေးမတော် သားမစပ်လူမျိုးဆိုရင်တော့ စိတ်ဓာတ်ချင်း၊ ပါရမီဓာတ်ခံရှိတာခြင်း တူညီဖို့ပိုလို့ဝေးပါ သေးတယ်။ 
 
ကိုယ့်ရဲ့အမူအကျင့်စရိုက်တွေက နေ ကိုယ်ကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ယေဘုယျသုံးသပ်လို့ရနိုင်ပါတယ်။ ဒီတစ် ပတ်မှာတော့ ဝန်ထမ်းတွေရဲ့စိတ်နေသ ဘောထားနဲ့ အမူအကျင့်တွေကနေပြော နေတဲ့ စရိုက်လက်ခဏာတွေကိုဖော်ပြပေး သွားချင်ပါတယ်။ ကိုယ်ကဘယ်လိုဝန်ထမ်း အမျိုးအစားထဲပါဝင်မလဲ ဖတ်ကြည့်ကြရ အောင်ပါ။
 
လုပ်ငန်းခွင်ကိုချစ်မြတ်နိုးသူ
ဒါကတော့ကိုယ့်ရဲ့စိတ်ကူးထဲကအ လုပ်နဲ့ လက်တွေ့လုပ်ငန်းခွင်ကိုက်ညီသူ တွေပဲဖြစ်ပါတယ်။ သူတို့ရဲ့အလုပ်ကို ယုံ ကြည်တယ်၊ ချစ်မြတ်နိုးတယ်၊ ရူးသွပ်တယ် ဆိုတဲ့လူမျိုးတွေပဲဖြစ်ပါတယ်။ အလုပ်ခွင် အတွင်းမှာရှိနေရင်ကို ပျော်ရွငှ်နေတဲ့လူ မျိုးတွေဖြစ်ပါတယ်။ ကိုယ်ဝါသနာပါရာ အလုပ်ကိုတစိုက်မတ်မတ်နဲ့ကြိုးစားလုပ်ကိုင် သူများဖြစ်ပါတယ်။ အလုပ်ကသူတို့ရဲ့ ဝိညာဉ်၊ သူတို့ရဲ့နှလုံးသားအဖြစ်သတ်မှတ် ထားတဲ့သူတွေပါ။သူတို့ရဲ့အဖွဲ့အစည်း၊ ကုမ္ပဏီအတွက် သစ္စာစောင့်စည်းကြသူတွေဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းတာဝန်မဆိုအကောင်းဆုံး လုပ်ဆောင်ကြတဲ့အတွက် သူတို့ရဲ့လုပ် ဖော်ကိုင်ဖက်တွေရဲ့ စိတ်ဓာတ်တက်ြွကမှု တွေကိုလှုံ့ဆော်ပေးကြသူတွေလည်းဖြစ်ပါ တယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေအ တွက် အလုပ်ရှင်တွေဆီက အသိအမှတ် ပြုမခံရဘူးဆိုရင်တောင်မှ ကိုယ်ယုံကြည် ရာအလုပ်ကိုချစ်မြတ်နိုးကြသူတွေဖြစ်ပါ တယ်။
 

အမိန့်အတိုင်းတစ်သဝေမတိမ်းလိုက်နာသူ
ဒီနေရာမှာ စစ်တပ်ထဲကစကားတစ် ခွန်းကို ခဏငှားပြောချင်ပါတယ်။ ‘တစ် သွေး၊ တစ်သံ၊ တစ်မိန့်’ဆိုတာပါ။ အလုပ်ခွင် ထဲမှာ စစ်တပ်ထဲကအတိုင်း အမိန့်နာခံသူတွေလည်းရှိတတ်ပါတယ်။ အထက်လူကြီး ခိုင်းတာမှန်သမျှ‘‘ဤ’’ ‘‘သည်’’မရွေးစာအုပ် ကြီးအတိုင်းလုပ်တတ်သူတွေပါ။ သူတို့က ကုမ္ပဏီအပေါ်၊ အထက်လူကြီးအပေါ်မှာ အလွန်သစ္စာစောင့်သိကြပါတယ်။ စစ်သား နဲ့တူတဲ့ဝန်ထမ်းတွေက အကောင်းဆုံွးနှော ဏူပေနမျ တွေဖြစ်ကြပေမဲ့ ခေါင်း ဆောင်မှုမှာတော့အားနည်းတတ်ကြပါ တယ်။
 
စိတ်ကူးစိတ်သန်းကောင်းသူ
လုပ်ငန်းခွင်မှာစိတ်ကူးသစ်တွေ၊ အိုင်ဒီယာသစ်တွေကိုအမြဲတမ်းစဉ်းစားနေ တတ်တဲ့သူမျိုးဖြစ်ပါတယ်။ သူကပင်ကို ဉာဏ်ပါရမီရှိတဲ့သူမျိုးဖြစ်ပါတယ်။ သူတို့တွေ ကသူများနဲ့မတူဘဲ တွေးခေါ်ရတာကိုနှစ် သက်သူတွေဖြစ်ပါတယ်။ အမြဲတမ်းတက် တက်ြွကြွကနဲ့ ဆန်းသစ်တဲ့အိုင်ဒီယာတွေ ကို တွေးတောနေတတ်ကြပါတယ်။သူများနဲ့မတူတဲ့ပါရမီကိုပိုင်ဆိုင်ထား ကြရသူတွေဖြစ်တယ်။ သူများတွေးသလို မတွေးမြင်ဘဲ ဆန်းသစ်တဲ့အတွေးတွေကို အမြဲတွေးမြင်နေသူတွေပါ။ ပုံမှန်လုပ်ရိုးလုပ် စဉ်ထဲကကွဲပြားခြားနားစွာ လုပ်ဆောင်နိုင် သူတွေပဲဖြစ်ပါတယ်။ တစ်ခါတလေ အများ သူငါတွေက သူတို့ကို ခပ်ကြောင်ကြောင် နိုင်သူ၊ လူထူးလူဆန်းလို့သတ်မှတ်ကြပါ တယ်။ ဒါပေမဲ့သူတို့ရဲ့တီထွင်ကြံဆမှုတွေ ကိုတော့ မလှောင်ပြောင်ရဲကြပါဘူး။
 
ရည်မှန်းချက်ကြီးမားသူ
သူကတော့ကိုယ်ရောက်ရှိနေတဲ့နေ ရာကနေမြင့်သထက်မြင့်အောင်ကြိုးစား တတ်လှမ်းနေသူပဲဖြစ်ပါတယ်။ တစ်ဆင့် ပြီးတစ်ဆင့်ထိပ်ဆုံးရောက်ဖို့ရည်ရွယ်ချက် မြင့်မားသူလည်းဖြစ်ပါတယ်။ စိန်ခေါ်မှု တွေ၊ ယှဉ်ပြိုင်မှုတွေကိုလိုလားသူတွေ လည်းဖြစ်ပါတယ်။ သူတို့အတွက်ပန်းတိုင် ဆိုတာမရှိပါဘူး။ မြင့်သထက်မြင့်အောင် ထပ်ထပ်တိုးဖို့ကိုပဲအချိန်ပြည့်စဉ်းစားနေ သူတွေပါ။အများနဲ့ပြိုင်ဆိုင်လိုစိတ်များပြီး ထိပ် ဆုံးရောက်ဖို့အတွက် ဘယ်လိုအရာမျိုးကို မဆိုတွန်းလှန်ကျော်လွှားဖို့ ဝန်မလေးတတ် ကြပါဘူး။ သူတို့ရဲ့ပြင်းထန်တဲ့ရည်ရွယ်ချက် နဲ့ကျားကုတ်ကျားခဲကြိုးစားမှုတွေကြောင့် ထိုက်တန်တဲ့နေရာတစ်ခုကိုရကြသူတွေဖြစ် ပါတယ်။
 

ပြဿနာရှာတတ်သူ 
ဒါကတော့လုပ်ငန်းခွင်အတွင်းမှာမှ မဟုတ်ပါဘူး။ နေရာတိုင်းမှာရှိနေတတ်ပါ တယ်။ ဘယ်နေရာမှာပင်ရှိစေကာမူ လူ တိုင်းရဲ့ရှောင်ဖယ်တာမျိုးခံရတတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်မှာဆိုရင် အလုပ် လည်းမကြိုးစားဘူး၊ အလုပ်ကြိုးစားသူတွေ ကိုလည်းပြဿနာရှာတတ်ပါတယ်။ အလုပ် မှာလူတိုင်းက မလွဲသာလို့သာလုပ်ငန်း သ ဘောသဘာဝအရပတ်သက်ဆက်ဆံနေရ ပေမဲ့ လူတိုင်းကသတိထားပေါင်းသင်းရတဲ့ လူစားမျိုးဖြစ်ပါတယ်။‘‘ဒီလူကတော့ ပြဿနာကိုမီးခွက်ထွန်း ရှာတတ်တဲ့လူစားမျိုးဟေ့ ဝေးဝေးရှောင် ကြလို့’’ပြောသံကြားဖူးကြပါလိမ့်မယ်။ အစု အဖွဲ့နဲ့စုပေါင်းလုပ်ဆောင်ရတဲ့ကိစ္စရပ်တွေ မှာ ပြဿနာရှာတတ်တဲ့သူမျိုးပါဝင်လာမှာ ကိုအများက စိတ်ပူပန်တတ်ကြပါတယ်။ ပြဿနာရှာတတ်သူတွေကိုလူမှုပတ်ဝန်းကျင် မှာရော၊ အဖွဲ့အစည်း၊ အသင်းအပင်းတွေ မှာပါလက်မခံလိုကြပါဘူး။ အတတ်နိုင်ဆုံး ရှောင်ဖယ်ကြပါတယ်။ ပြဿနာရှာတတ်သူ အများစုကိုလေ့လာကြည့်မယ်ဆိုရင် ပင် ကိုဗီဇအဆိုးမြင်စိတ်ကြောင့်ရယ်၊ လော ကကြီးကိုမကျေနပ်တဲ့စိတ်ကြောင့်ရယ်၊ လူအများနဲ့အဆင်ပြေအောင်မပေါင်းသင်း နိုင်တဲ့စိတ်ကြောင့်ရယ်စတဲ့အချက်တွေကို အခြေခံပြီးနေထိုင်ကျင့်သုံးတာကြောင့် အခုလိုဖြစ်နေရတာဖြစ်ပါတယ်။ ကိုယ့် အနီးအနားပတ်ဝန်းကျင်မှာရော အဲဒီလို လူမျိုးရှိပါသလား။
 
နုံအသူ
လုပ်ငန်းခွင်အတွင်းမှာလူအမျိုးမျိုး ရှိတဲ့အနက်မှ နုံအသူကလည်းတစ်မျိုးအပါ အဝင်ဖြစ်ပါတယ်။ ရိုးသားတာနဲ့ နုံအတာ လုံးဝကွဲပြားပါတယ်။ သူတစ်ပါးပြောတိုင်းယုံ တတ်ပြီး အလွယ်တကူလိမ်ညာလို့ရတဲ့လူ အမျိုးအစားကိုတော့ နုံအတယ်လို့ခေါ်ကြ ပါတယ်။ ရိုးသားဖြူစင်လွန်းပြီး သူတစ်ပါး အပေါ်အယုံလွယ်တတ်သူတွေဖြစ်ပါတယ်။ တစ်ခုခုဆိုရင်အရိုးခံအတိုင်းတွေးတောစဉ်း စားတတ်ပါတယ်။သူတို့တွေကသူတစ်ပါးကိုကိုယ်ချင်း စာစိတ်ရှိကြပါတယ်။ ဒါပေမဲ့ပြောတိုင်း ယုံတဲ့စိတ်နဲ့ အရာရာကိုဝေဖန်ကြံဆနိုင် စွမ်း၊ လုပ်နိုင်စွမ်းမရှိတာတွေကြောင့် အများရဲ့အမြင်မှာ အသုံးမကျသူလို့အမြင် ခံရတတ်ပါတယ်။ အရာရာကိုပါးပါးနပ်နပ် မရှိတာကြောင့် အများရဲ့အလွယ်တကူ ချောက်တွန်းတာကိုလည်း မကြာခဏခံရ တတ်တဲ့သူတွေဖြစ်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးနေ တတ်ပြီး ဦးတည်ရာပျောက်ဆုံးနေတတ် သူများဖြစ်ပါတယ်။ ကိုယ်ကအထက်ပါ အတိုင်းသူတစ်ပါးကို အယုံကြည်လွယ်သူ၊ မကြာခဏအလိမ်ခံရတတ်သူ၊ သူတစ်ပါး ရဲ့ချောက်ချမှုကိုမကြာခဏခံရတတ်သူဆို ရင် ကိုယ့်ရဲ့အတွေးအမြင်တွေကိုပြောင်းလဲ ပစ်ဖို့ စာများများဖတ်ဖို့လိုအပ်ပါတယ်။ များများတွေးဖို့လိုပါတယ်။ ဒီအချက်က တော့မှန်နိုင်မမှန်နိုင်ဝေဖန်သုံးသပ်ပြီးမှ ယုံကြည်သင့်ပါတယ်။
 
Credit : opportunity.com.mmCredit : ကျော့ကေခိုင်