ကျွန်တော်တို့
ဟင်နရီဖို့ဒ်ဆိုတဲ့ ပုဂ္ဂိုလ် ကြီးအကြောင်းကိုတော့ မမေ့ပျောက်သင့်ပါ။
မပျောက်သင့်ရုံမျှမက မကြာခဏ သတိရရှိနေသင့်ပါတယ်။ ဟင်နရီဖို့ဒ်ဟာ စီးပွားရေးလောကနဲ့
နယ်ပယ်အသီးသီးမှာ အောင်မြင်ထွန်းပေါက်လိုသူတိုင်း အတုယူ လေ့လာသင့်တဲ့
ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ ဟာ အောက်ခြေကနေပြီး ထိပ်ဆုံးရောက် အောင် ကြိုးစားမှုနဲ့
တက်လှမ်းလာသူဖြစ် ပါတယ်။ သူဟာ ဆင်းရဲတွင်းနက်လှပြီး စာမတတ်ပေမတတ်ဖြစ်ခဲ့ရဖူးပါတယ်။
သို့ တိုင် သူ့ရဲ့ကြီးမားတဲ့အောင်မြင်မှုနဲ့ စက်မှု ပညာရှင်ကြီးဖြစ်လာဖို့ လက်တွေ့ကျင့်ကြံ
အားထုတ်ခဲ့ပုံကို လူတချို့သာသိပါတယ်။
သူဟာကိုယ်ပိုင်ဆုံးဖြတ်မှု၊ အားထုတ် လုံးပမ်းမှုနဲ့အတူ အောင်မြင်မှုရရှိအောင်
ကြိုးစားနိုင်ခဲ့ရုံမက ရရှိပြီးသားအောင်မြင် မှုကို ဘယ်နည်းဘယ်ပုံ ထိန်းသိမ်းရမလဲ
ဆိုတာကိုလည်း သိမြင်ထင်ရှားစေသူဖြစ် ပါတယ်။
ပညာတတ်ဆိုတာ မိမိလုပ်ဖော်ကိုင်ဖက်
ဘ၀တူတွေကို မထိခိုက်စေဘဲ မိမိရဲ့လိုလားချက်ကို ရအောင်ယူနိုင်သူဖြစ် ပါတယ်။
လူတိုင်းဟာ မိမိရင်ထဲ၊ နှလုံးထဲ ကပညာကို ရုန်းကန်လှုပ်ရှားမှု၊ ကြိုးပမ်း အားထုတ်မှု၊
တွေးခေါ်မြော်မြင်မှုတို့နဲ့ နိုးကြားလာစေနိုင်ပါတယ်။ ဟင်နရီဖို့ဒ်ဟာ လောကအကြောင်း၊ လူအကြောင်းကို
ကောင်းကောင်းသိသူ၊ ပညာဗဟုသုတနှံ့စပ်သိမြင်သူလည်း ဖြစ်ပါ တယ်။ ဟင်နရီဖို့ဒ်နည်းတူ
ထင်ပေါ်ကျော်ကြားတဲ့ အောင်မြင်မှုသရဖူဆောင်းသူတိုင်း ဟာ လူသားတွေရဲ့ဘ၀ခရီးမှာရှိတဲ့
အတား အခက်အခဲများကို ဘယ်လိုကျော်လွှား ဖြတ်သန်းရမလဲဆိုတာကို ကောင်းကောင်း
သိမြင်ကြပါတယ်။
ဟင်နရီဖို့ဒ်ဟာ
ရည်မှန်းချက်တိကျ ပြတ်သားသူဖြစ်ပါတယ်။ ဘ၀ရည်မှန်းချက် တစ်ရပ်ချမှတ်ပြီး
ဒီရည်မှန်းချက်အောင် မြင်ဖို့ စူးစိုက်ကြိုးပမ်းမှုပြင်းထန်တာနဲ့အမျှ
တခြားသောရည်မှန်းချက်တွေက သာမန် အဆင့်ကို ရောက်ရှိသွားပါတယ်။ မစ္စတာဖို့ဒ်ရဲ့ရင်ထဲအသည်းထဲမှာ
နှစ်ပေါင်းအစိတ်ကြာအောင် စွဲမြဲနေတဲ့ တိကျတဲ့ရည်မှန်းချက်တစ်ရပ်ရှိပါတယ်။
အဲဒါကတော့ အလုပ်သမား၊ လယ်သမား တွေကအစ ဝယ်ယူအသုံးပြုနိုင်တဲ့ မော်တော်ကားတစ်စီးထုတ်လုပ်ဖို့ပဲဖြစ်ပါတယ်။ ဟင်နရီဖို့ဒ်အကြောင်းကို ဖတ်ဖူး၊
ကြားဖူးသူတိုင်း သူ့ရဲ့ရည်မှန်းချက်ကြီးမား ပြင်းထန်ပုံကို သတိပြုမိကြမယ်ထင်ပါတယ်။
ဘ၀ရည်မှန်းချက်တိကျပြတ်သားရမယ်ဆို တဲ့ ဘ၀သင်ခန်းစာတစ်ခုတည်းနဲ့တင် ဟင်နရီဖို့ဒ်ကို
ကျွန်တော်တို့ကျေးဇူးတင် ထိုက်နေပါပြီ။ ဟင်နရီဖို့ဒ်ရဲ့ ဘ၀ရည်မှန်း
ချက်ပြင်းထန်မှု၊ ဇွဲလုံ့လကြီးကြီးနဲ့ အခက် အခဲကို တောင်းခံနိုင်မှုဟာ ဘ၀အောင်
မြင်မှုလိုလားသူတိုင်း အတုယူသင့်လှပါ တယ်။
မစ္စတာဖို့ဒ်နည်းတူ
ဒေါက်တာအလက် ဇန်းဒါးကရေဟမ်ဘဲလ်၊ ဒေါက်တာ အယ်လ်မာ၊ အာရ်ဂိတ်၊ သောမတ်အက်ဒီ ဆင်၊
ဘုသာဘာဆင့်စသူတို့ဟာ မသိစိတ် မှာ မြုပ်ကွယ်နေတဲ့ ကိုယ်ပိုင်စွမ်းရည်ကို
ထုတ်ဖော်နိုင်သူတွေဖြစ်ကြပါတယ်။
လူတိုင်းရဲ့မသိစိတ်ထဲမှာ ပုန်းလျှိုး ကွယ်လျှိုးပုန်းအောင်းတိမ်မြုပ်နေတဲ့
ကိုယ် ပိုင်စွမ်းရည်တွေ ကိုယ်စီကိုယ်ငှရှိကြပါ တယ်။ ဒီစွမ်းအားဟာ အလွန်လည်း ထက်
မြက်လှပါတယ်။ တိကျတဲ့ဘ၀ရည်မှန်းချက်
ခိုင်ခိုင်မာ မာချမှတ်မွေးမြူထားတဲ့လူတစ်ယောက်ရဲ့
စိတ်မှာ ဘယ်နည်းဘယ်ပုံ ခံစားချက်ရှိ ကြောင်းကို ဖော်ပြချင်ပါတယ်။
(၁) တိကျတဲ့ရည်မှန်းချက်ရှိသူဟာ
မိမိ စိတ်ကူးကြံဆချက် အကောင်အထည် ဖော်ဆောင်နိုင်ဖို့ အချိန်ပြည့်ကြိုးစား
ချင်စိတ်ကို ထိုးဆွပေးပါတယ်။
(၂) ဒီရည်မှန်းချက်ကို
မသိစိတ်က လက် ခံမွေးမြူလိုက်တာနဲ့ ‘‘မိမိရဲ့ကိုယ်ပိုင် စွမ်းရည်’’အဖြစ်
ထွက်ပေါ်လာစေ ပါတယ်။ ရည်မှန်းချက်ပြင်းထန်ထက် မြက်လာလေလေ၊ မလျော့သောဇွဲ လုံ့လနဲ့
ရည်မှန်းချက်အကောင် အထည်ပေါ်အောင် ဆောင်ရွက် လေလေပါပဲ။
(၃)
တိကျတဲ့ရည်မှန်းချက်အပေါ် ယုံကြည် မှုရှိပြီး အကောင်အထည်ဖော်ဖို့ စေ့ ဆော်ရာမှာ
တိကျတဲ့ပြဋ္ဌာန်းစိတ်က အမူအရာကို လုပ်ဆောင်ချက်ဖြစ် ပေါ်လာစေပါတယ်။
(၄)
မသိစိတ်ထဲရောက်ရှိလာတဲ့ ဆန္ဒပြင်း ပြမှုက ယုံကြည်ချက်လှုပ်ရှားမှုနဲ့ ပေါင်းစပ်မိပြီး
ဖြစ်ချင်တာဖြစ်လာဖို့ တောင်းဆိုမှုပေါ်ပေါက်လာပါတယ်။
(၅)
တိကျတဲ့ရည်မှန်းချက်ဟာ ယုံကြည် စိတ်ပြည့်ဝနေတဲ့ မသိစိတ်ထဲကို ဝင် ရောက်သွားတဲ့အခါ
အကောင် အထည်ဖော်လိုမှုဖြစ်ပေါ်လာပါတယ်။
(၆) စိတ်ခံစားချက်က
ဖြစ်ပေါ်လာတဲ့ ဆန္ဒကြောင့် ဗဟိဒ်ဓိကိုယ်ခန်ဓာက အကောင်အထည်ဖော်ဆောင်ပေးရ တဲ့အတွက်
စိတ်နဲ့ကိုယ်ပါ လုပ်ဆောင် မှုတွေလည်း ဟန်ချက်ညီညီဖြစ်ပေါ် စေပါတယ်။
(၇)
တိကျတဲ့ရည်မှန်းချက်ဟာ ရည်မှန်း ချက်နဲ့ပေါင်းစပ်မိပြီး အကောင်အထည် ဖော်ဆောင်ကာ ပြီးမြောက်အောင် မြင်မှုဆီ
တွန်းပို့ပြီး ဆန္ဒပြည့်ဝစေပါ တယ်။
(၈) မည်သည့်အတွေးအခေါ်မှ
စိတ်တွင်း ခံစားချက်နဲ့ မပေါင်းဆုံမိဘဲ အဆိုပါ အတွေးအခေါ်ဟာ မသိစိတ်ရဲ့ အသိ
အမှတ်ပြုခြင်းကို မခံယူနိုင်ပါ။
တွေးခေါ်မှုဆိုတာ စိတ်နှလုံးငြိမ်းအေး ချမ်းသာမှုထဲကသာ ဖြစ်ပေါ်လာနိုင် ပါတယ်။
စိတ်နှလုံးငြိမ်းအေးချမ်းသာ မှုမရှိဘဲ ကောင်းမွန်ထက်မြက်တဲ့
အတွေးအခေါ်များဖြစ်ပေါ်လာနိုင် ပါသည်။
ဒီအချက်တွေအားလုံးဟာ
ဟင်နရီ ဖို့ဒ်ထဲက လေ့လာသင်ယူနိုင်တဲ့အချက် တွေအပေါ်မှာ အခြေခံကြောင်း လေ့လာ
တွေ့ရှိရပါတယ်။ ဟင်နရီဖို့ဒ်ရဲ့
စီးပွားရေးလုပ်ငန်း အောင်မြင်မှုဟာ ကံကောင်းထောက်မလို့ မဟုတ်သလို စိုင်ကော်လို့ချုံပေါ်ရောက်တာမျိုးလည်းမဟုတ်ပါ။
တခြားသူတွေရဲ့ နည်းလမ်းပေါင်းများစွာကို အတုယူရာက
ကြီးပွားလာတာမျိုးလည်းမဟုတ်ပါ။ သူဟာ
အများသူငါလျှောက်ခဲ့တဲ့ လမ်းအိုဟောင်းကြီးအတိုင်း ဆက်လျှောက် သူမဟုတ်ပါ။ သူဟာ
တခြားဘယ်သူမှ မလျှောက်ခဲ့ဖူးသေးတဲ့လမ်းကြောင်းသစ် ကို ကိုယ့်ဘာသာထွင်ပြီး လမ်းသစ်ဖောက်
ခဲ့သူ၊ လမ်းသစ်လျှောက်ခဲ့သူဖြစ်ပါတယ်။
ဘ၀မှာ
ရည်မှန်းချက်ပြတ်သားမှုမရှိခဲ့ဘူး ဆိုရင် ဘယ်လောက်ပဲတော်နေ ထူးချွန်နေ
ပါစေအောင်မြင်မှုမရှိနိုင်ပါ။
လူတစ်ယောက်အတွက် ကြီးပွား အောင်မြင်ဖို့ဆိုရင် တိကျတဲ့ရည်မှန်းချက်
ရှိဖို့လိုပါတယ်။ ရည်မှန်းချက်တွေ ထွေပြား ဝေဝါးနေမယ်ဆိုရင် ဘယ်အရာကိုမှ ထိ
ရောက်အောင်မြင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပါ။ ဒီအချက်ကို မသိတဲ့အတွက်
လူတော်တော်များများဟာ ဆုံးရှုံးမှုကို ရင် ဆိုင်ရသည့်တိုင် အဖြစ်မှန်ကို နားလည်နိုင်
ကြပါသည်။ တိကျတဲ့ပန်းတိုင်တစ်ခုအတွက်
ခိုင် မာတဲ့ဆုံးဖြတ်ချက်တစ်ခုဟာ အောင်မြင် ခြင်းဆီ လက်တစ်ကမ်းအလိုသို့ ပို့ဆောင်
ပေးနိုင်ပါတယ်။ တကယ်လို့ မိမိအနေနဲ့
ကြိုးစားအား ထုတ်မှုရှိသည့်တိုင် ရှုံးနိမ့်ခဲ့ရပြီဆိုရင် ဒါမှ မဟုတ်
စီမံကိန်းရေးဆွဲပြီး စီမံကိန်းများ ပျက်ဆီးခဲ့ရပြီဆိုရင် ကမ္ဘာ့ရာဇဝင်မှာ အောင်မြင်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကျော်တိုင်း ဟာ သတ္တိကို
ထုတ်လုပ်ပေးသူတွေဖြစ် ကြောင်း သတိရပါ။
သတ္တိဟာ ဆင်းရဲခြင်းပုခက်တွင်းမှ မွေးဖွားလာတဲ့အရာဖြစ်ပါတယ်။
REF: the opportunity
journal