31st May, 2017
When you feels sleepy at work
Share
Blog Link Copied
နေ့ခင်းဘက်ရောက်တာနဲ့ နေ့လယ်စာစားတာများသွားလို့ပဲဖြစ်ဖြစ်၊
ညဘက်ကောင်းကောင်း မအိပ်ခဲ့ရလို့ပဲဖြစ်ဖြစ် လေးလံထိုင်းမှိုင်းပြီး အိပ်ငိုက်တာမျိုး
လူတိုင်းလိုလိုဖြစ်လေ့ရှိပါတယ်။
အဲ ဒီလိုဖြစ်လာရင်
လုပ်ချင်ကိုင်ချင် စိတ်တွေကုန်ခန်းပြီး အိပ်ဖို့ပဲစိတ်ရောက်နေတတ်တာမို့ အလုပ်ခွင်
မှာ ဒီလိုအခြေအနေကိုကျော်ဖြတ်နိုင်မယ့် နည်းလမ်းလေးတွေကို
မျှဝေပေးလိုက်ပါတယ်။
ရေများများသောက်ပါ
ရေကလူကိုနိုးကြားတက်ကြွစေနိုင်စွမ်းရှိပါတယ်။
ထိုင်းမှိုင်းပြီး အိပ်ချင်လာတာနဲ့ ရေတစ်ဖန်ခွက် လောက် သောက်လိုက်တဲ့အခါ
လန်းဆန်းတက်ကြွစေရုံသာမက ကျန်းမာရေးအတွက်ပါထောက်ကူပေးပါတယ်။
လမ်းခဏလျှောက်ပါ
ထိုင်ခုံမှာ
တစ်ချိန်လုံးထိုင်ပြီး အကြာကြီးအလုပ်လုပ်ရတာကလည်း ထိုင်းမှိုင်းပြီး
အိပ်ချင်စိတ်ကို ပိုဖြစ်စေတာမို့ အပြင်လေးဘာလေးထွက်
လမ်းလျှောက်တာမျိုးလုပ်ပေးသင့်ပါတယ်။ ရုံးကအပြင် ထွက်ဖို့ခွင့်မပြုရင်တော့
ရုံးထဲဟိုနား ဒီနားလမ်းလျှောက်တာမျိုး လုပ်ပေးပါ။
လက်ဖက်ရည် (သို့)
ကော်ဖီသောက်ပါ
ခပ်ပြင်းပြင်းကော်ဖီ၊ လက်
ဖက်ရည်သောက်ပေးတာက လူ ကိုအမြန်ဆုံးလန်းစေတဲ့နည်းပါ။
မျက်နှာသစ်ပါ
ရေအေးအေးလေးနဲ့ မျက်
နှာသစ်လိုက်တာက အေးမြလန်းဆန်းပြီး စိတ်ကိုကြည်စေပါတယ်။
စကားပြောပါ
အွန်လိုင်းက ချက်တင်လုပ်တာမျိုးမဟုတ်ဘဲ
လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်နဲ့ လူချင်းတွေ့ပြီး ခဏတာစကားစမြည် ပြောလိုက်ပါ။
ဒီလိုစကား ခဏပြောလိုက်တဲ့အခါ အိပ်ချင်တာပျောက်ပြီး အလုပ်မှာပြန်ပြီး
အာရုံစိုက်နိုင်လာပါလိမ့်မယ်။
Ref: healthmeup
CREDIT : 7day daily