19th November, 2015

Why you should really learn a foreign

နိုင်ငံခြားစကား တစ်မျိုး မျိုးကို သင်ကြားလေ့လာခြင်းသည် လူတို့ စဉ်းစားဉာဏ်ကို   တိုးတက်စေကြောင်း သုတေသန အများအပြားက ညွှန်ပြ လျက်ရှိသည်။ 

သို့သော် ဇန်န၀ါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် သုတေသန အသစ်က ဘာသာမျိုးခြား စာစကား  ကို ကလေးဘ၀ အလယ်အရွယ် ကတည်း က စတင်သင်ယူသူများအတွက် ထိရောက်မှုပိုရှိ  ကြောင်း ဖော်ပြခဲ့သည်။ 

 

၁၀ နှစ်အရွယ်ခန့်တွင် အင်္ဂလိပ်စာ ကို စတင်သင်ယူပြီး နေ့စဉ် နားထောင်၊ အသုံးပြုကာ ဘာသာ  စကားတွင် နစ်မြုပ် နေသူများ သည် အင်္ဂလိပ်စကားကိုသာ ပြောပြီး နိုင်ငံခြား ဘာသာစကားတစ်  မျိုးမျိုးကို မသင်ကြားခဲ့ဘဲ ကြီးပြင်းလာ သူများနှင့် နှိုင်းယှဉ်လျှင် ဦးနှောက်၏ အဖြူရောင် အသား  တည်ဆောက်မှုတွင် တိုးတက်မှုများ ရှိနေကြောင်း Proceedings of the National Academy of Science ၏ လေ့လာသုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။ 

 

အသက် ၁၀ နှစ်အရွယ်ကစပြီး အင်္ဂလိပ်စာကို အပိုဘာသာစကား အဖြစ် စတင်သင်ယူပြီး  ဗြိတိန်နိုင်ငံ တွင် ၁၃ လထက်မနည်း နေထိုင်ခဲ့သည့် အသက် ၃၀ ခန့်ရှိ လူ ၂၀ ၏ ဦးနှောက်  များကို ဓာတ်မှန်ရိုက်ပြီး သုတေသီများက လေ့လာခဲ့ကြသည်။

 

၎င်းတို့၏ ပုံရိပ်ဖော် လေ့လာဆန်း  စစ်မှုကို အင်္ဂလိပ်လိုသာပြောသည့် အလားတူ အသက်အရွယ်ရှိ လူ ၂၅ ဦး နှင့် နှိုင်းယှဉ်ကြည့်ခဲ့သည်။  ဘာသာစကားနှင့် ဆက်စပ်သည့် ဦးနှောက် တည်ဆောက်မှုကို အကျိုး ဖြစ်စေသည့် တစ်ခုထက်  ပိုသော ဘာသာ စကားအသုံးပြုမှုများကို နေ့စဉ်ကျင့်သုံး ခြင်းသည် အိုမင်းလာချိန် ယိုယွင်းမှုကို  ကာကွယ်ပေးသည်ဟု University of Kent School of Psychology က ခရစ္စ တော့စ်  ပလိုင်ယာဆီကတ်စ် ဦးဆောင် သည့် ယင်းလေ့လာ သုံးသပ်ချက်တွင် ဖော်ပြထားသည်။ 

 

Ref: Myanmar Times