Share
Blog Link Copied
လူတွေမှာ
စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရရာ စေတနာကောင်းကောင်းနဲ့ လုပ်ကြသူရှိသလို စေတနာ
အားနည်းတဲ့သူတွေလည်း ရှိကြပါတယ်။ အလုပ်တစ်ခုအောင်မြင် တိုးတက်ဖို့အတွက်
အလုပ်ရှင်ဖြစ်စေ အလုပ်သမားဖြစ်စေ တစ်ဦးကိုတစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
အလုပ်လုပ်ကြရပါတယ်။ လုပ်ငန်းရှင်အနေနဲ့ လုပ်သားတို့စွမ်းအားကို အရင်းအနှီးပြုပြီး
လုပ်ငန်းတိုးတက်ဖို့ ကြိုပမ်းကြရသလို လုပ်သားတို့အနေနဲ့လည်း မိမိတို့ဘဝ
တိုးတက်မှုအတွက် လုပ်ငန်းအပေါ်မှီတည် လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုကို
အခြေတည်ပြီး လုပ်သားရော အလုပ်ရှင်ရော ကိုယ်စီကြိုးပမ်းကြရတာဘဲ ဖြစ်ပါတယ်။
ဒီအတွက် တစ်ဦးကိုတစ်ဦး
လေးစားမှု တန်ဖိုးထားမှု ဆိုတာဟာ အရမ်းကို အရေးကြီးလာပြီ ဖြစ်ပါတယ်။ မိမိအလုပ်အပေါ်
တန်ဖိုးထား သိတတ်သူတစ်ယောက် အတွက်ကတော့ သူ့အတွက် နေရာဆိုတာ ခိုင်ခိုင်မာမာ
ရှိနေမှာ အသေအချာပါ။ မိမိအလုပ်အပေါ် ရိုသေလေးစားသူ တန်ဖိုးထားသူတို့အတွက်
အလုပ်ရဲ့အကျိုးကျေးဇူကို ခံစားရတယ် ဆိုတဲ့စကား ကို ကြားဖူးကြမှာပါ။ အဓိကတော့
အလုပ်ကို တန်ဖိုးထားတယ် လေးစားတယ်ဆိုတာ အလုပ်လုပ်တဲ့အခါ အလုပ်ထဲမှာ
နှလုံးသားကိုထည့်ပြီး အလုပ်လုပ်ခြင်းဆိုတဲ့ သဘောဘဲဖြစ်ပါတယ်။
ဈေးရောင်းတာမှာဖြစ်ဖြစ်
ဝယ်သူတွေကို စေတနာထားပြီး ရောင်းချနိုင်သူတွေဟာ ပိုမိုအရောင်းသွက်တတ်ကြပါတယ်။ အတ္တ
ပရဟိတမျပြီး လုပ်ဆောင်နိုင်တဲ့အခါ ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဘက် အဆင်ပြေစေကာ
စိတ်ချမ်းမြေ့မှုကို ခံစားကြရပါတယ်။ အလုပ်ရှင်တို့ လုပ်သားတို့ ကြားမှာလည်း
သူ့ဘက်ကိုယ့်ဘက် စေတနာထားပြီး လုပ်ဆောင်နိုင်ခြင်းဟာ နှစ်ဦးနှစ်ဘက်ကို များစွာ
စိတ်ချမ်းမြေ့ရသလို များစွာတိုးတက်စေခြင်းဘဲဖြစ်ပါတယ်။ လုပ်သားတို့အနေနဲ့လည်း
မိမိတို့အပေါ် ထားတဲ့ အလုပ်ရှင်ရဲ့ စေတနာတရားကို ကျေးဇူးတင်ခြင်ဖြင့်
ပိုမိုအလုပ်လုပ်လိုစိတ် များပြားကာ နှစ်ဦးနှစ်ဘက်အတွက် များစွာ အကျိုးအမြတ်
ရရှိစေခြင်းဘဲဖြစ်ပါတယ်။
အလုပ်လုပ်ရာမှာ
စေတနာလည်းထည့်ပြီး လုပ်ဆောင်ခြင်းဖြင့် စေတနာရဲ့ အကျိုးသက်ရောက်မှုကို များစွာ
ခံစားရစေပါတယ်။ အလုပ်ထဲမှာ အောင်မြင်မှု တိုးတက်မှုတို့ရရှိကာ အဓိကအားဖြင့်
ဆောင်ရွက်နေတဲ့ ကာလတစ်လျောက်မှာ စိတ်ချမ်းသာရခြင်းဘဲဖြစ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးတို့ ထက်မြက်လာကာ သင့်တော်တဲ့နေရာကေင်း ရာထူးကောင်းတို့က
အမြဲကြိုဆိုလျက် ရှိတာကို ကြုံတွေ့ရခြင်းဘဲဖြစ်ပါတယ်။ ဘယ်အလုပ်မဆို
မိမိလုပ်ဆောင်ရတဲ့ အလုပ်အပေါ်မှာ ဝါသနာပါလို့ဖြစ်စေ လိုအပ်ချက်အရ
လုပ်ဆောင်ရလို့ဖြစ်စေ နှလုံးသားနဲ့ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့လိုပါတယ်။
ဒါဟာ နောက်ထပ်ရှေ့ဆက်ရမယ့် နေရာသစ်တို့အတွက် သင့်တော်တဲ့ နေရာကောင်းတစ်ခုကို
ပေါ်ပေါက်စေတာကြောင့်ဖြစ်ပါတယ်။
အလုပ်လုပ်ရင်
အတတ်နိုင်ဆုံး ကောင်းအောင် လုပ်မယ်ဆိုတဲ့ သဘောထားဟာ နှလုံးသားကို အရင်းခံထားတဲ့
အခြေခံသဘောတရား ဖြစ်ပါတယ်။ အလုပ်မှန်သမျကို မိမိရဲ့ကိုယ်ပိုင်အလုပ်လို သဘောထားကာ
လုပ်ဆောင်နိုင်ခြင်းဖြင့် စေတနာရဲ့ အကျိုးထက်သန်မှုကို အသေအချာ
ခံစားရစေခြင်းဘဲဖြစ်ပါတယ်။ ထိုစေတနာရဲ့ အသီးအပွင့်ကို မိမိလုပ်ဆောင်ခဲ့တဲ့ နေရာမှာ
ခံစားခွင့်မရခဲ့ရင်တောင် အခြားတစ်နေရာမှာ အတိအကျ
ခံစားခွင့်ရရှိစေခြင်းဘဲဖြစ်ပါတယ်။ စေတနာကောင်းခြင်းဟာ အလုပ်ကံကောင်းခြင်းတစ်မျိုးဖြစ်ရာ
အလုပ်လုပ်ကြတဲ့လူတိုင်း စေတနာအရင်းခံလေးကို ထည့်ပြီးလုပ်ဆောင်တတ်ဖို့လိုပါတယ်။
တစ်ခါတစ်ရံမှာ လူတွေဟာ အလုပ်ကံမကောင်းခြင်းနဲ့ ပတ်သက်ပြီး ညဉ်းတွားတတ်ကြပါတယ်။ အလုပ်ကံကောင်းခြင်း မကောင်းခြင်းဟာ အများအားဖြင့် မိမိရဲ့ကြိုပမ်းအားထုတ်မှု စွမ်းရည်နဲ့ သက်ဆိုင်နေပါတယ်။ မူလအစမှာ လူတိုင်းဟာ သင်ယူလေ့လာခြင်းနဲ့ လုပ်ကြရပါတယ်။ အလုပ်အပေါ် စေတနာထားပြီး လုပ်ဆောင်ပေးရင်း ကြိုစားအားထုတ်ရင်း အလုပ်ကံကောင်ခြင်းဆိုတာ ဖြစ်ပေါ်လာပြီး စေတနာထား လုပ်တတ်သူတွေအတွက် အလုပ်ကောင်း နေရာကောင်းဆိုတာ အမြဲပေါ်ပေါက်နေမှာဘဲဖြစ်ပါတယ်။
မိမိရဲ့အလုပ်ကံကောင်းခြင်း ကံမကောင်းခြင်းကို မိမိရဲ့စေတနာပါပါ လုပ်ဆောင်နိုင်မှုနဲ့ ကုစားနိုင်ပြီး အလုပ်ရှင်တို့ လက်မလွတ်နိုင်တဲ့ အလုပ်သမားကောင်း တစ်ယောက် ဖြစ်လာမှာ အသေအချာဘဲဖြစ်ပါတယ်။ ဒါကြောင့် လူတွေအတွက် ဘာကြောင့်နှလုံးသားနဲ့ အလုပ်လုပ်ဖို့ လိုသလဲဆိုတော့ နှလုံးသားနဲ့ အလုပ်လုပ်နိုင်ခြင်းက မိမိရဲ့အလုပ်ကို ကြာရှည်တည်မြဲစေတာကြောင့်ဖြစ်ပါတယ်။
Credit: Yangon Life